Update News

ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း


ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား(၁၇)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ သို႔ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ(၈)ရက္ေန႔ ေန႔လယ္(၂)နာရီဝန္းက်င္တြင္ ထုိင္းႏိုင္ငံက လႊဲေျပာင္းေပးလာရာ ၂၀၁၈ ခုႏွစ္အတြင္း လႊဲေျပာင္းလာသူစုစုေပါင္း (၁,၁၅၀)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား အမ်ိဳးသမီး(၄)ဦးႏွင့္ အမ်ိဳးသား(၁၃)ဦးကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားအဖြဲ႕က ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းတြင္ လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လႊဲေျပာင္းလာသည့္ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာႏုိင္ငံဘက္မွ  ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဦးစီးဌာန၊၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္  ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရး ေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ ဒီဇင္ဘာလ (၈)ရက္ေန႔အထိ အမ်ိဳးသား (၇၇၅) ဦး၊ အမ်ိဳးသမီး (၃၃၉)ဦး၊ ကေလး (၃၆)ဦး စုစုေပါင္း (၁၁၅၀)ဦးႏွင့္ သီလရွင္ (၂)ပါးတို႔ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -CNCMC





~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား(၁၇)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ နေ့လယ်(၂)နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာရာ ၂၀၁၈ ခုနှစ်အတွင်း လွှဲပြောင်းလာသူစုစုပေါင်း (၁,၁၅၀)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား အမျိုးသမီး(၄)ဦးနှင့် အမျိုးသား(၁၃)ဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများအဖွဲ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းတွင် လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းလာသည့်မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၈)ရက်နေ့အထိ အမျိုးသား (၇၇၅) ဦး၊ အမျိုးသမီး (၃၃၉)ဦး၊ ကလေး (၃၆)ဦး စုစုပေါင်း (၁၁၅၀)ဦးနှင့် သီလရှင် (၂)ပါးတို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ -CNCMC 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::