ကျိုင်းတုံနှင့် မိုင်းယောင်းမြို့တို့မှ တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများက တိုင်းရင်းဆေးကောင်စီဥပဒေကြမ်း၏ ပုဒ်မ ၁၅(စ) ပယ်ဖျက်ရေး ဆန္ဒထုတ်ဖေါ်
ကျိုင်းတုံနှင့် မိုင်းယောင်းမြို့တို့မှ တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများက တိုင်းရင်းဆေးကောင်စီဥပဒေကြမ်း၏ ပုဒ်မ ၁၅(စ) ပယ်ဖျက်ရေး ဆန္ဒထုတ်ဖေါ်
ဒီဇငျဘာ 11, 2018
By Tachileik News Agency
တိုင်းရင်းဆေးကောင်စီဥပဒေကြမ်း၏ ပုဒ်မ ၁၅(စ) ၃၁/ဂ ပယ်ဖျက်ပေးရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်းမြို့များရှိ တိုင်းရင်းဆေးရုံများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနများအပြင် တိုင်းရင်းဆေးရုံမှ လူနာများပါ ပါဝင်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဆန္ဒထုတ်ဖေါ် လိုက်ကြသည်။
အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၁၅ (စ)အရ တိုင်းရင်းဆေးတက္ကသိုလ်တက်ရောက်သင်ယူခဲ့ခြင်းမရှိသည့် မိရိုးဖလာ တိုင်းရင်းဆေးကုသူများကိုပါ တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်းသည် ပြည်သူလူထု၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသဖြင့် ပယ်ဖျက်ပေးရန် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနများ၊ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်း၏ အခန်း(၄)၊ ပုဒ်မ ၁၅ ပုဒ်မခွဲ(စ)မှာ တိုင်းရင်းဆေးပညာဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလျှက်ရှိသည့် တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ၏ အရည်အချင်းများ သတ်မှတ်ခြင်းဟု ပါရှိပြီး အခန်း(၁၁) မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ မှတ်ပုံတင်ခြင်း အခန်း၏ ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) တွင် ပုဒ်မ ၁၅ ပုဒ်မခွဲ(စ)အရ အရည်အချင်းပြည့်မီသူဟု ဖေါ်ပြထားခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်သဘောကွဲလွဲခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်  ဒသမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - Min Han
~~~~~~~~⊰❂ unicode ~~~~~~~~
တိုင်းရင်းဆေးကောင်စီဥပဒကြေမ်း၏ ပုဒ်မ ၁၅(စ) ၃၁/ဂ ပယ်ဖျက်ပေးရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်းမြို့များရှိ တိုင်းရင်းဆေးရုံများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနများအပြင် တိုင်းရင်းဆေးရုံမှ လူနာများပါ ပါဝင်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဆန္ဒထုတ်ဖော် လိုက်ကြသည်။
အဆိုပါ ဥပဒကြေမ်း၏ ပုဒ်မ ၁၅ (စ)အရ တိုင်းရင်းဆေးတက္ကသိုလ်တက်ရောက်သင်ယူခဲ့ခြင်းမရှိသည့် မိရိုးဖလာ တိုင်းရင်းဆေးကုသူများကိုပါ တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်းသည် ပြည်သူလူထု၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသဖြင့် ပယ်ဖျက်ပေးရန် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းဆေးပညာ ဦးစီးဌာနများ၊ တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက တောင်းဆိုနကြခြေင်း ဖြစ်သည်။
“ဆေးပညာဆိုတာ ပြည်သူကို ကာကွယ်ရတာပါ။ ပြည်သူကို မကာကွယ်နိုင်ရင် ကျွန်တော်တို့ လက်ခံလို့ မရဘူး။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့က တောက်လျှောက် ကန့်ကွက်ရမှာပါပဲ။ အဖေဆေးဆရာဖြစ်တိုင်း သားသမီးက လိုက်ဖြစ်လို့မရဘူးလေ။ တိုင်းရင်းဆေးတက္ကသိုလ်ဆိုတာ သင်ရိုးညွှန်းတမ်းတွေနဲ့ သုတေသနတွေနဲ့ ပညာရပ်ပိုင်းဆိုင်ရာ မွေးထုတ်နေရတာ။ အခု တိုင်းရင်းဆေးက အတွေ့အကြုံကို အခြေခံပြီးကုသတာ မဟုတ်တော့ဘူး။ ပညာရပ်ပိုင်း ဆိုင်ရာကို နိုင်ငံတကာ အဆင့်မီဖြစ်အောင် မွေးထုတ်နေတယ်။ တိုင်းရင်းဆေးတက္ကသိုလ်ဝင်ခွင့်ဆိုရင် တက္ကသိုလ်ဝင်ခွင့် အမှတ်ပေါင်း (၄၀၀)ကျော် လောက်မှ ဝင်ခွင့်ရတယ်။ စနစ်တကျ သင်ရိုးညွှန်းတမ်းတွေ၊ သုတေသနတွေနဲ့ သင်ယူကြရတယ်။ ဒီလိုအဆင့်မီတဲ့ ပညာရပ်ဖြစ်အောင် တက္ကသိုလ်ကနေ မွေးထုတ်နေတာကို အခုလို မိရိုးဖလာတွေပါ တိုင်းရင်းဆေးကုသခွင့် ပေးမယ်ဆိုရင်တော့ အချိန်ကုန်ငွေကုန်ခံ သင်ယူနေရပြီး စနစ်ကျကျ သင်ကြားပေးနေတဲ့ ဒီတက္ကသိုလ်လည်း ပိတ်ပစ်လိုက်ရုံရှိတာပေါ့”ဟု ၂၅ ကုတင်ဆံ့ ကျိုင်းတုံ တိုင်းရင်းဆေးရုံ၏ ဒုတိယဆေးရုံအုပ် ဦးစန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ပြောသည်။
အဆိုပါ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို ကျိုင်းတုံမြို့ရှိ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံရှေ့တွင် ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက ပြုလုပ်ရာ တိုင်းရင်းဆေးပညာဦးစီးဌာန ဝန်ထမ်းများအပြင် ဆေးရုံ တက်နေသည့် လူနာများကပါ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မိမိတို့သဘောဆန္ဒအလျောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရပြီး မိုင်းယောင်းမြို့ရှိ တိုင်းရင်းဆေးပညာဦးစီးဌာနဝန်ထမ်းများကလည်း နံနက်ပိုင်းက ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ဆေးကုတယ်ဆိုတာ အသက်အန္တရာယ်နဲ့ သက်ဆိုင်တဲ့ အလုပ်ပါ။ ဆေးကုသူတွေရဲ့ သားစဉ်မြေးဆက်ကို ဆေးကုသခွင့် ပေးလို့ရတယ်ဆိုဖြစ်နေလို့ ပြည်သူလူထု အသက်အန္တရာယ်အတွက် စိုးရိမ်ရတာကြောင့် ဒီဥပဒကြေမ်းရဲ့ ပုဒ်မကို ကန့်ကွက်ရတာပါ။ စနစ်တကျ လေ့ကျင့်သင်ကြားထားခြင်း မရှိဘဲ ပြည်သူ လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာ အန္တရာယ် များလွန်းပါတယ်”ဟု မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးမှူး ဦးဝေဇော်က ပြောသည်။
တိုင်းရင်းဆေးကောင်စီ ဥပဒကြေမ်း၏ အခန်း(၄)၊ ပုဒ်မ ၁၅ ပုဒ်မခွဲ(စ)မှာ တိုင်းရင်းဆေးပညာဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလျှက်ရှိသည့် တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူ၏ အရည်အချင်းများ သတ်မှတ်ခြင်းဟု ပါရှိပြီး အခန်း(၁၁) မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ မှတ်ပုံတင်ခြင်း အခန်း၏ ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) တွင် ပုဒ်မ ၁၅ ပုဒ်မခွဲ(စ)အရ အရည်အချင်းပြည့်မီသူဟု ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ ဥပဒကြေမ်းကို လွှတ်တော်နှစ်ရပ်သဘောကွဲလွဲခဲ့ကြပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေး သတ္တမနေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - Min Han
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~