မူဆယ္ၿမိဳ႕သို႔ တရားမဝင္သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းမိ

မူဆယ္ၿမိဳ႕သို႔ တရားမဝင္သယ္လာသည့္ ေက်ာက္စိမ္းမ်ားကို ေရပူစစ္ေဆးေရးစခန္းတြင္ ဖမ္းမိ
နိုဝင်ဘာ 17, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕သို႔ တရားမဝင္သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းမ်ားကို  ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၇)ရက္ေန႔က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ မူဆယ္ဘက္သုိ႔အတက္ကားမ်ားအား စစ္ေဆးေနစဥ္ နံနက္ (၁၀)နာရီဝန္းက်င္က ခရီးသည္(၂)ဦးတင္ေဆာင္လာသည့္ Toyoata Wish ေမာ္ေတာ္ယာဥ္၏ ေအာက္ၾကမ္းခင္း ဆီတုိင္ကီတြင္ ဝွက္၍သယ္လာသည့္ ေက်ာက္စိမ္းျဖတ္စမ်ားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်မြို့သို့ တရားမဝင်သယ်လာသည့် ကျောက်စိမ်းများကို ရေပူစစ်ဆေးရေးစခန်းတွင် ဖမ်းမိ
***********
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့သို့ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းများကို  ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်သို့အတက်ကားများအား စစ်ဆေးနေစဉ် နံနက် (၁၀)နာရီဝန်းကျင်က ခရီးသည်(၂)ဦးတင်ဆောင်လာသည့် Toyoata Wish မော်တော်ယာဉ်၏ အောက်ကြမ်းခင်း ဆီတိုင်ကီတွင် ဝှက်၍သယ်လာသည့် ကျောက်စိမ်းဖြတ်စများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~