ကယားျပည္နယ္တြင္ အရပ္ဖက္အမ်ိဳးသမီးအဖြဲ႕အစည္းမ်ားပူးေပါင္းၿပီး အမ်ိဳးသမီးႏွင့္ ေခါင္းေဆာင္မႈဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲ (၄)ရက္ၾကာက်င္းပမည္

ကယားျပည္နယ္တြင္ အရပ္ဖက္အမ်ိဳးသမီးအဖြဲ႕အစည္းမ်ားပူးေပါင္းၿပီး အမ်ိဳးသမီးႏွင့္ ေခါင္းေဆာင္မႈဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲ (၄)ရက္ၾကာက်င္းပမည္
နိုဝင်ဘာ 18, 2018
By 🌸
ကယားျပည္နယ္ရွိ အရပ္ဖက္အမ်ိဳးသမီးအဖြဲ႔အစည္းမ်ား ပူးေပါင္းၿပီး အမ်ိဳးသမီးႏွင့္ေခါင္းေဆာင္မႈဆိုင္ရာ နွီးေႏွာဖလွယ္ပြဲအား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၉) ရက္ေန႔မွ (၂၁) ရက္ေန႔အထိ လိြဳင္ေကာ္ၿမိဳ႕ Famous Hotel တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္တြင္းအရပ္ဖက္အဖြဲ႕အစည္း (၂၄) ဖြဲ႔နဲ႔ တစ္ဦးခ်င္းပါဝင္သူေတြ စုစုေပါင္း (၃၀) ေက်ာ္ ေပါင္းလုပ္တယ္။ တစ္ဖြဲ႕ကို နည္းနည္းကူၾကတာေပါ့ တတ္ႏိုင္တဲ့ အပိုင္းေလးေတြမွာ။ ကုန္က်စရိတ္ေတြကို  UKSY နဲ႔ CGG အဖြဲ႕က တာဝန္ယူထားေပးတယ္။ စိတ္ဝင္စားလို႕ လာတက္ခ်င္တဲ့ အမ်ိဳးသမီးေတြလည္း လာတက္လို႔ရတယ္”ဟု ပြဲျဖစ္ေျမာက္ေရးေကာ္မတီဝင္ျဖစ္သူ Future Women Association ဒါရိုက္တာ ေဒၚစႏၵာဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါႏွီးေႏွာဖလွယ္ပြဲ၏ေနာက္ဆံုးရက္တြင္ ျပည္နယ္တြင္းမွ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ားမွလည္း ပါဝင္ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 “ကၽြန္မတို႔ ဒီပြဲမွာ စီပြားေရးေလာကရဲ့ အမ်ိဳးသမီးပညာရွင္ေတြ၊ ႏိုင္ငံေရးလႊတ္ေတာ္ထဲမွာ ဝင္ေရာက္လုပ္ကိုင္ ေနတဲ့ အမ်ိဳးသမီးေခါင္းေဆာင္ေတြ၊ အမ်ိဳးသမီးအေရးမွာ ထဲထဲဝင္ဝင္ပါဝင္လုပ္ေနတဲ့ ေခါင္းေဆာင္ေတြ (၅) ဦးေလာက္ ဒီမွာဦးေဆာင္ၿပီး ေဆြးေႏြးၾကမယ္ေပါ့။ ေနာက္ဆုံးရက္မွာေတာ့ CSO ေတြ၊ INGO ေတြ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ ပါဝင္ၾကမယ္ေပါ့။ အစိုးရဌာနေတြ၊ တရားေရးေတြမွာလည္း ဦးေဆာင္လုပ္ေနတဲ့ အမ်ိဳးသမီးေတြ က႑အစုံပါမယ္ ဖိတ္မယ္ေပါ့။ အမ်ိဳးသမီးအေရးမွာ ဘယ္လိုခ်ိတ္ဆက္ၿပီးပူးေပါင္းလုပ္ေဆာင္ၾကမလဲဆိုတာေလးေတြ လုပ္သြားဖို႔ရွိပါမယ္ “ ဟု ပြဲျဖစ္ေျမာက္ေရးေကာ္မတီဝင္ျဖစ္သူ Future Women Association ဒါရိုက္တာ ေဒၚစႏၵာဝင္းက  ေျပာသည္။

အဆိုပါႏွီးေႏွာဖလွယ္ပြဲတြင္ ျပည္နယ္တြင္းရိွ အမ်ိဳးသမီးအေရးေဆာင္ရြက္ေနေသာ အမ်ိဳးသမီး အသင္းအဖြဲ႕မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားမ်ိဳးႏြယ္စု အမ်ိဳးသမီးကိုယ္စားလွယ္မ်ား၊ INGO ဝန္ထမ္း အမ်ိဳးသမီးမ်ား ၊ အစိုးရဝန္ထမ္း အမ်ိဳးသမီးမ်ား၊ ဦးေဆာင္မႈအပိုင္းတြင္ ေဆာင္ရြက္ေနသည့္ အမ်ိဳးသမီးမ်ား တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္တြင္း ဦးေဆာင္မႈအပိုင္းတြင္ လုပ္ကိုင္ေနသည့္ အမ်ိဳးသမီးမ်ား၊ အမ်ိဳးသမီးအဖြဲ႕မ်ား ခ်ိတ္ဆက္မိၿပီး ပူးေပါင္းလုပ္ေဆာင္ႏုိင္ေရးအတြက္ ရည္ရြယ္က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများပူးပေါင်းပြီး အမျိုးသမီးနှင့် ခေါင်းဆောင်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၄)ရက်ကြာကျင်းပမည်
*************
ကယားပြည်နယ်ရှိ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုးသမီးနှင့်ခေါင်းဆောင်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ လွိုင်ကော်မြို့ Famous Hotel တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်နယ်တွင်းအရပ်ဖက်အဖွဲ့အစည်း (၂၄) ဖွဲ့နဲ့ တစ်ဦးချင်းပါဝင်သူတွေ စုစုပေါင်း (၃၀) ကျော် ပေါင်းလုပ်တယ်။ တစ်ဖွဲ့ကို နည်းနည်းကူကြတာပေါ့ တတ်နိုင်တဲ့ အပိုင်းလေးတွေမှာ။ ကုန်ကျစရိတ်တွေကို  UKSY နဲ့ CGG အဖွဲ့က တာဝန်ယူထားပေးတယ်။ စိတ်ဝင်စားလို့ လာတက်ချင်တဲ့ အမျိုးသမီးတွေလည်း လာတက်လို့ရတယ်”ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင်ဖြစ်သူ Future Women Association ဒါရိုက်တာ ဒေါ်စန္ဒာဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနှီးနှောဖလှယ်ပွဲ၏နောက်ဆုံးရက်တွင် ပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှလည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 “ကျွန်မတို့ ဒီပွဲမှာ စီပွားရေးလောကရဲ့ အမျိုးသမီးပညာရှင်တွေ၊ နိုင်ငံရေးလွှတ်တော်ထဲမှာ ဝင်ရောက်လုပ်ကိုင် နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ အမျိုးသမီးအရေးမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်နေတဲ့ ခေါင်းဆောင်တွေ (၅) ဦးလောက် ဒီမှာဦးဆောင်ပြီး ဆွေးနွေးကြမယ်ပေါ့။ နောက်ဆုံးရက်မှာတော့ CSO တွေ၊ INGO တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်ကြမယ်ပေါ့။ အစိုးရဌာနတွေ၊ တရားရေးတွေမှာလည်း ဦးဆောင်လုပ်နေတဲ့ အမျိုးသမီးတွေ ကဏ္ဍအစုံပါမယ် ဖိတ်မယ်ပေါ့။ အမျိုးသမီးအရေးမှာ ဘယ်လိုချိတ်ဆက်ပြီးပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာလေးတွေ လုပ်သွားဖို့ရှိပါမယ် “ ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင်ဖြစ်သူ Future Women Association ဒါရိုက်တာ ဒေါ်စန္ဒာဝင်းက တ ပြောသည်။

အဆိုပါနှီးနှောဖလှယ်ပွဲတွင် ပြည်နယ်တွင်းရှိ အမျိုးသမီးအရေးဆောင်ရွက်နေသော အမျိုးသမီး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားမျိုးနွယ်စု အမျိုးသမီးကိုယ်စားလှယ်များ၊ INGO ဝန်ထမ်း အမျိုးသမီးများ ၊ အစိုးရဝန်ထမ်း အမျိုးသမီးများ၊ ဦးဆောင်မှုအပိုင်းတွင် ဆောင်ရွက်နေသည့် အမျိုးသမီးများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်တွင်း ဦးဆောင်မှုအပိုင်းတွင် လုပ်ကိုင်နေသည့် အမျိုးသမီးများ၊ အမျိုးသမီးအဖွဲ့များ ချိတ်ဆက်မိပြီး ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~