ထိုင္းႏုိင္ငံ ခ်င္းဆန္ၿမိဳ႕တြင္ ဖြင့္လွစ္မည့္ Multimedia for Tourism Course အခမဲ့သင္တန္း တက္ေရာက္လိုသူမ်ား ႏိုဝင္ဘာလ (၁၅) ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္

ထိုင္းႏုိင္ငံ ခ်င္းဆန္ၿမိဳ႕တြင္ ဖြင့္လွစ္မည့္ Multimedia for Tourism Course အခမဲ့သင္တန္း တက္ေရာက္လိုသူမ်ား ႏိုဝင္ဘာလ (၁၅) ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္
နိုဝင်ဘာ 13, 2018
By 🌸
ထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္းခ႐ိုင္၊ ခ်င္းဆန္ၿမိဳ႕ရွိ International Institute for Skill Development သင္တန္းေက်ာင္း တြင္ဖြင့္လွစ္မည့္ Multimedia for Tourism Course အခမဲ့သင္တန္းကို တက္လိုသူမ်ား တာခ်ီလိတ္ နယ္စပ္ကုန္သည္ အသင္းရံုး၌ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၅) ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းအား ႏိုဝင္ဘာလ (၁၉) ရက္ေန႔မွ (၂၃) ရက္ေန႔အထိ ဖြင့္လွစ္မည္ျဖစ္ၿပီး သင္တန္းသား (၂၀)ဦးေရြးခ်ယ္ သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္ကာ သင္တန္းစရိတ္၊  ေနထိုင္စားေသာက္စရိတ္မ်ားကို သင္တန္းေက်ာင္းက အကုန္က်ခံေပးမည္ျဖစ္ေၾကာင္း သိရသည္။

ကြန္ပ်ဴတာအေျခခံတတ္ကၽြမ္းသူမ်ားအေနျဖင့္ ေလွ်ာက္ထားႏုိင္မည္ျဖစ္ၿပီး ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ တာခ်ီလိတ္နယ္စပ္ကုန္သည္အသင္းရံုးသို႔ ကိုယ္တိုင္ေရး ေလ်ာက္လႊာတစ္ေစာင္၊ ေလ်ာက္ထားသူ၏ CV ၊ ဓါတ္ပံု (၁)ပံု၊ မွတ္ပံုတင္မိတၱဴတို႔ႏွင့္အတူ လာေရာက္ေလွ်ာက္ထားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အေသးစိတ္အခ်က္အလက္မ်ားသိရွိလိုပါက ဖုန္း - ၀၉၂၅၀၄၇၄၁၄၄ ႏွင့္ ၀၉ ၄၅၂၉၅၂၂၁၅ တို႔သို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ ချင်းဆန်မြို့တွင် ဖွင့်လှစ်မည့် Multimedia for Tourism Course အခမဲ့သင်တန်း တက်ရောက်လိုသူများ နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်
************
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းဆန်မြို့ရှိ International Institute for Skill Development သင်တန်းကျောင်း တွင်ဖွင့်လှစ်မည့် Multimedia for Tourism Course အခမဲ့သင်တန်းကို တက်လိုသူများ တာချီလိတ် နယ်စပ်ကုန်သည် အသင်းရုံး၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၂၀)ဦးရွေးချယ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းစရိတ်၊  နေထိုင်စားသောက်စရိတ်များကို သင်တန်းကျောင်းက အကုန်ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာအခြေခံတတ်ကျွမ်းသူများအနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် တာချီလိတ်နယ်စပ်ကုန်သည်အသင်းရုံးသို့ ကိုယ်တိုင်ရေး လျောက်လွှာတစ်စောင်၊ လျောက်ထားသူ၏ CV ၊ ဓါတ်ပုံ (၁)ပုံ၊ မှတ်ပုံတင်မိတ္တူတို့နှင့်အတူ လာရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း - ၀၉၂၅၀၄၇၄၁၄၄ နှင့် ၀၉ ၄၅၂၉၅၂၂၁၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~