မယ္ဆုိင္ၿမိဳ႕တြင္ က်င္းပမည့္ လူမ်ိဳးစုမ်ား၏ ရိုးရာယဥ္ေက်းဓေလ့ထံုးစံဆုိင္ရာႏွီးေႏွာဖလွယ္ပြဲတြင္ ရွမ္း၊ အာခါႏွင့္ ဗမာျပခန္းမ်ား ပါဝင္မည္

မယ္ဆုိင္ၿမိဳ႕တြင္ က်င္းပမည့္ လူမ်ိဳးစုမ်ား၏ ရိုးရာယဥ္ေက်းဓေလ့ထံုးစံဆုိင္ရာႏွီးေႏွာဖလွယ္ပြဲတြင္ ရွမ္း၊ အာခါႏွင့္ ဗမာျပခန္းမ်ား ပါဝင္မည္
နိုဝင်ဘာ 30, 2018
By 🌸
ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းက်င္းပမည့္ မယ္ဆိုင္ၿမိဳ႕တြင္ေနထုိင္ၾကေသာ လူမ်ိဳးစုမ်ား၏ လူေနမႈဘဝႏွင့္ ရိုးရာယဥ္ေက်းမႈဓေလ့ထံုးစံဆိုင္ရာႏွီးေႏွာဖလွယ္ပြဲတြင္ ရွမ္း၊ အာခါႏွင့္ ဗမာ ျပခန္းမ်ား ပါဝင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

မယ္ဆိုင္ၿမိဳ႕တြင္ ေနထိုင္ၾကသည့္ လူမ်ိဳးစုမ်ားအလုိက္ လူေနမႈဘဝႏွင့္ ရိုးရာယဥ္ေက်းမႈ ဓေလ့ထံုးစံဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲကို ႏွစ္စဥ္က်င္းပေနရာတြင္ ရွမ္းႏွင့္အာခါလူမ်ိဳးစုမ်ား၏ျပခန္းမ်ားကို ႏွစ္စဥ္ထည့္သြင္းခဲ့ၿပီး (၆)ႏွစ္ေျမာက္ျဖစ္သည့္ ၂၀၁၈ ခုႏွစ္တြင္ ဗမာလူမ်ိဳးစုျပခန္းကို ပထမဆံုးအျဖစ္ ထည့္သြင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

“မယ္ဆုိင္မွာ ေနထုိင္ၾကတဲ့ လူမ်ိဳးစုေတြရဲ႕ ေန႔စဥ္ဘဝေနထုိင္မႈပံုစံ၊ ရိုးရာယဥ္ေက်းမႈေတြကို ျပသမွာေပါ့။ အရင္ႏွစ္ေတြကေတာ့ မယ္ဆုိင္မွာ ေနထုိင္ၾကတဲ့ လူမ်ိဳးစုေတြအျဖစ္ ရွမ္း၊ အာခါေတြ ပါဝင္ျပသတယ္။ ဗမာေတြလည္း ဒီဘက္မွာ ေနထုိင္တာေတြမ်ားလာေတာ့ ပါဝင္ျပသဖို႔ ျဖစ္လာတာပါ။ ဒီျပပြဲအတြက္ကို သူတို႔ကပဲ စပြန္ဆာေပးမွာေပါ့။ ဗမာျပခန္းအတြက္ဆိုလည္း အိမ္ေဆာက္ဖို႔ ၿခံဝန္းတစ္ခုေပးထားတယ္။ အိမ္ကလည္း တကယ့္ဗမာေတြေနတဲ့အိမ္ပံုစံျဖစ္ရမယ္။ အိမ္ထဲကပစၥည္းေတြဆိုရင္လည္း ရိုးရာအတုိင္း အသံုးျပဳတဲ့ပစၥည္းေတြျဖစ္ရမယ္။ အသစ္ေတြမျဖစ္ရဘူး။ အိမ္ထဲဝင္လိုက္တာနဲ႔ တကယ့္လူေနမႈပံုစံအတုိင္း ခံစားရေအာင္ လုပ္ရမွာေပါ့”ဟု တာခ်ီလိတ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထိုင္း ဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆိုင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဗမာလူမ်ိဳးစုျပခန္းလုပ္ေဆာင္မည့္ေနရာတြင္ ရိုးရာအိမ္တည္ေဆာက္ေနမႈအား တာခ်ီလိတ္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ ျမန္မာ - ထိုင္း ဆက္ဆံေရးတာဝန္ခံ ဦးထြန္း(မယ္ဆိုင္)က ျပပြဲျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠဌျဖစ္သူ မယ္ဆိုင္ၿမိဳ႕ယဥ္ေက်းမႈေကာ္မတီနာယက ေလာင္းပထန္ ဝပ္ထနထမ္း ခြမ္းမားနစ္၊ ယဥ္ေက်းမႈေကာ္မတီဥကၠဌျဖစ္သူ မယ္ဆိုင္ၿမိဳ႕ေတာ္ဝန္ကေတာ္ အေက်႕ေဖာင္းတို႔ႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၃၀)ရက္ေန႔တြင္ သြားေရာက္ၾကည့္ရႈညိႇႏိႈင္းမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျပပြဲတြင္ တာခ်ီလိတ္ၿမိဳ႕မွ ဗမာတုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႕ကလည္း ရိုးရာယဥ္ေက်းမႈအကမ်ား ပါဝင္ျပသႏုိင္ရန္ တာဝန္ယူထားေၾကာင္း သိရသည္။

ဗမာလူမ်ိဳးစုယဥ္ေက်းမႈျပခန္းတြင္ ရိုးရာအိမ္ပံုစံတည္ေဆာက္ၿပီး အိမ္အတြင္း ေန႔စဥ္ေနထုိင္မႈပံုစံအတိုင္း အသံုးအေဆာင္ပစၥည္းမ်ား ထားရိွမည္ျဖစ္ၿပီး ၿခံဝန္းအတြင္း ဗမာရိုးရာအစားအစာ၊ ရိုးရာအသံုးအေဆာင္ ပစၥည္းမ်ားေရာင္းခ်သည့္ ဆုိင္ခန္းမ်ားကိုလည္း ေရာင္းခ်ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပပြဲရက္အား လက္ရိွအခ်ိန္တြင္ အတည္ျပဳသတ္မွတ္ထားျခင္းမရိွေသးဘဲ ျပပြဲဖြင့္ပြဲတြင္ ထုိင္းဘုရင္၏ အထူးကိုယ္စားလွယ္လည္း တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပပြဲတြင္ လူမ်ိဳးစုမ်ားအလုိက္ ရိုးရာအိမ္မ်ားအတြင္း သက္ဆုိင္ရာ လူမ်ိဳးအလိုက္ရိုးရာပစၥည္း၊ အစားအေသာက္ဆုိင္ခန္းမ်ား ဖြင့္လွစ္မည့္အျပင္ ျပပြဲကြင္းျပင္တြင္လည္း အစားအေသာက္ႏွင့္ ကုန္ပစၥည္းမ်ိဳးစံုေရာင္းခ်မည့္ ဆုိင္ခန္းမ်ားရိွမည္ျဖစ္ေၾကာင္း သိရသည္။

ဗမာရိုးရာအိမ္တြင္ ရိုးရာအစားအေသာက္၊ ပစၥည္းမ်ားေရာင္းခ်လိုသူမ်ားရိွပါက ဖုန္း 089 637 6367 သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - U Htun

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်မြို့တွင် ကျင်းပမည့် လူမျိုးစုများ၏ ရိုးရာယဉ်ကျေးဓလေ့ထုံးစံဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ရှမ်း၊ အာခါနှင့် ဗမာပြခန်းများ ပါဝင်မည်
*************
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပမည့် မယ်ဆိုင်မြို့တွင်နေထိုင်ကြသော လူမျိုးစုများ၏ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် ရှမ်း၊ အာခါနှင့် ဗမာ ပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မြို့တွင် နေထိုင်ကြသည့် လူမျိုးစုများအလိုက် လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နှစ်စဉ်ကျင်းပနေရာတွင် ရှမ်းနှင့်အာခါလူမျိုးစုများ၏ပြခန်းများကို နှစ်စဉ်ထည့်သွင်းခဲ့ပြီး (၆)နှစ်မြောက်ဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် ဗမာလူမျိုးစုပြခန်းကို ပထမဆုံးအဖြစ် ထည့်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“မယ်ဆိုင်မှာ နေထိုင်ကြတဲ့ လူမျိုးစုတွေရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံ၊ ရိုးရာယဉ်ကျေးမှုတွေကို ပြသမှာပေါ့။ အရင်နှစ်တွေကတော့ မယ်ဆိုင်မှာ နေထိုင်ကြတဲ့ လူမျိုးစုတွေအဖြစ် ရှမ်း၊ အာခါတွေ ပါဝင်ပြသတယ်။ ဗမာတွေလည်း ဒီဘက်မှာ နေထိုင်တာတွေများလာတော့ ပါဝင်ပြသဖို့ ဖြစ်လာတာပါ။ ဒီပြပွဲအတွက်ကို သူတို့ကပဲ စပွန်ဆာပေးမှာပေါ့။ ဗမာပြခန်းအတွက်ဆိုလည်း အိမ်ဆောက်ဖို့ ခြံဝန်းတစ်ခုပေးထားတယ်။ အိမ်ကလည်း တကယ့်ဗမာတွေနေတဲ့အိမ်ပုံစံဖြစ်ရမယ်။ အိမ်ထဲကပစ္စည်းတွေဆိုရင်လည်း ရိုးရာအတိုင်း အသုံးပြုတဲ့ပစ္စည်းတွေဖြစ်ရမယ်။ အသစ်တွေမဖြစ်ရဘူး။ အိမ်ထဲဝင်လိုက်တာနဲ့ တကယ့်လူနေမှုပုံစံအတိုင်း ခံစားရအောင် လုပ်ရမှာပေါ့”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗမာလူမျိုးစုပြခန်းလုပ်ဆောင်မည့်နေရာတွင် ရိုးရာအိမ်တည်ဆောက်နေမှုအား တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က ပြပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဖြစ်သူ မယ်ဆိုင်မြို့ယဉ်ကျေးမှုကော်မတီနာယက လောင်းပထန် ဝပ်ထနထမ်း ခွမ်းမားနစ်၊ ယဉ်ကျေးမှုကော်မတီဥက္ကဌဖြစ်သူ မယ်ဆိုင်မြို့တော်ဝန်ကတော် အကျေ့ဖောင်းတို့နှင့်အတူ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် သွားရောက်ကြည့်ရှုညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် တာချီလိတ်မြို့မှ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ကလည်း ရိုးရာယဉ်ကျေးမှုအကများ ပါဝင်ပြသနိုင်ရန် တာဝန်ယူထားကြောင်း သိရသည်။

ဗမာလူမျိုးစုယဉ်ကျေးမှုပြခန်းတွင် ရိုးရာအိမ်ပုံစံတည်ဆောက်ပြီး အိမ်အတွင်း နေ့စဉ်နေထိုင်မှုပုံစံအတိုင်း အသုံးအဆောင်ပစ္စည်းများ ထားရှိမည်ဖြစ်ပြီး ခြံဝန်းအတွင်း ဗမာရိုးရာအစားအစာ၊ ရိုးရာအသုံးအဆောင် ပစ္စည်းများရောင်းချသည့် ဆိုင်ခန်းများကိုလည်း ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲရက်အား လက်ရှိအချိန်တွင် အတည်ပြုသတ်မှတ်ထားခြင်းမရှိသေးဘဲ ပြပွဲဖွင့်ပွဲတွင် ထိုင်းဘုရင်၏ အထူးကိုယ်စားလှယ်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် လူမျိုးစုများအလိုက် ရိုးရာအိမ်များအတွင်း သက်ဆိုင်ရာ လူမျိုးအလိုက်ရိုးရာပစ္စည်း၊ အစားအသောက်ဆိုင်ခန်းများ ဖွင့်လှစ်မည့်အပြင် ပြပွဲကွင်းပြင်တွင်လည်း အစားအသောက်နှင့် ကုန်ပစ္စည်းမျိုးစုံရောင်းချမည့် ဆိုင်ခန်းများရှိမည်ဖြစ်ကြောင်း သိရသည်။

ဗမာရိုးရာအိမ်တွင် ရိုးရာအစားအသောက်၊ ပစ္စည်းများရောင်းချလိုသူများရှိပါက ဖုန်း 089 637 6367 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - U Htun

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~