ေတာင္ႀကီးၿမိဳ႕ အေဝရာမီးပံုးပ်ံကြင္းတြင္ ဗံုးရွာေဖြေရးလုပ္ေဆာင္ထားၿပီး လံုၿခံဳေရးတိုးျမႇင့္ထား

ေတာင္ႀကီးၿမိဳ႕ အေဝရာမီးပံုးပ်ံကြင္းတြင္ ဗံုးရွာေဖြေရးလုပ္ေဆာင္ထားၿပီး လံုၿခံဳေရးတိုးျမႇင့္ထား
နိုဝင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔ ေန႔လယ္ပိုင္းက ဗံုးေတြ႔ရၿပီးေနာက္ တန္ေဆာင္တုိင္မီးပံုးပ်ံကြင္းအတြင္း ရွာေဖြစစ္ေဆးမႈမ်ား လုပ္ေဆာင္ထားသည့္အျပင္ လံုၿခံဳေရးတိုးျမႇင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕မေစ်းေရွ႕ႏွင့္ အိုးရွင္းစူပါစင္တာတုိ႔တြင္ ေန႔လယ္ပိုင္းက ဗံုးဟုယူဆရသည့္ပစၥည္းမ်ားအား သက္ဆုိင္ရာက ရွာေဖြရွင္းလင္းထားၿပီးေနာက္ အေဝရာမီးပ်ံးပ်ံကြင္းအတြင္း ရွာေဖြစစ္ေဆးမႈမ်ား လုပ္ေဆာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕မေစ်းေရွ႕မွာ ေတြ႔ရတဲ့ လက္ဆြဲအိတ္နဲ႕ထည္းထားကေတာ့ ဗံုးျဖစ္တဲ့အတြက္ သက္မဲ့ျဖစ္ေအာင္ ျပဳလုပ္ထားၿပီးပါၿပီ။ အိုးရွင္းမွာ ေတြ႔တဲ့ ၉၃)လံုးဆိုတာကေတာ့ ဝိုင္ယာႀကိဳးအေဟာင္းေတြန႔ဲ ဓါတ္ခဲေတြ ထည့္ထားတဲ့အထုပ္ေတြျဖစ္တယ္လို႔ သိရတယ္။ တစ္ျခားေနရာေတြကိုလည္း လုိက္စစ္ေနတယ္။ BE တပ္နဲ႔ လံုၿခံဳေရးအဖြဲ႕ေပါင္းၿပီး မီးပံုးပ်ံကြင္းတစ္ကြင္းလံုးကိုလုိက္ၿပီး စစ္ေဆးထားတယ္။ မသကၤာဖြယ္မေတြ႕ရဘူး”ဟု ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္ က်င္းပေရးဦးစီးေကာ္မတီ ဥကၠဌျဖစ္သူ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးျဖစ္သူ ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တန္ေဆာင္တုိင္ ပြဲေတာ္တြင္ လံုၿခံဳေရးကို အတြင္းစည္း၊ အျပင္စည္းျဖင့္ စနစ္တက်စီမံထားရာ ပြဲေတာ္လာသူမ်ားအေနျဖင့္ စိုးရိမ္ထိတ္လန္႔ျခင္းမျဖစ္ၾကရန္ကုိလည္း ေတာင္ႀကီးတန္ေဆာင္တုိင္ပြဲေတာ္ က်င္းပေရးဦးစီးေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

“ ပြဲေတာ္လံုၿခံဳေရးက တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ပူးေပါင္းၿပီး စနစ္တက်စီစဥ္ထားၿပီးေတာ့ အင္အားကလည္း ေတာင္ႀကီး၊ လြိဳင္လင္၊ လင္းေခးခရိုင္(၃)ခုက ရဲတပ္ဖြဲ႕အင္အားေတြနဲ႔ စီမံထားတာပါ။ ပြဲေတာ္လံုၿခံဳေရးနဲ႔ပတ္သက္လုိ႔ ဒီႏွစ္က ေသခ်ာစီမံထားပါတယ္”ဟု လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္ကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၄) ရက္ေန႔မွ (၂၃) ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု - MT

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ဗုံးရှာဖွေရေးလုပ်ဆောင်ထားပြီး လုံခြုံရေးတိုးမြှင့်ထား
**************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင်၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့ နေ့လယ်ပိုင်းက ဗုံးတွေ့ရပြီးနောက် တန်ဆောင်တိုင်မီးပုံးပျံကွင်းအတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ထားသည့်အပြင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားကြောင်း သိရသည်။

တောင်ကြီးမြို့ မြို့မဈေးရှေ့နှင့် အိုးရှင်းစူပါစင်တာတို့တွင် နေ့လယ်ပိုင်းက ဗုံးဟုယူဆရသည့်ပစ္စည်းများအား သက်ဆိုင်ရာက ရှာဖွေရှင်းလင်းထားပြီးနောက် အဝေရာမီးပျံးပျံကွင်းအတွင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“မြို့မဈေးရှေ့မှာ တွေ့ရတဲ့ လက်ဆွဲအိတ်နဲ့ထည်းထားကတော့ ဗုံးဖြစ်တဲ့အတွက် သက်မဲ့ဖြစ်အောင် ပြုလုပ်ထားပြီးပါပြီ။ အိုးရှင်းမှာ တွေ့တဲ့ ၉၃)လုံးဆိုတာကတော့ ဝိုင်ယာကြိုးအဟောင်းတွေနဲ့ ဓါတ်ခဲတွေ ထည့်ထားတဲ့အထုပ်တွေဖြစ်တယ်လို့ သိရတယ်။ တစ်ခြားနေရာတွေကိုလည်း လိုက်စစ်နေတယ်။ BE တပ်နဲ့ လုံခြုံရေးအဖွဲ့ပေါင်းပြီး မီးပုံးပျံကွင်းတစ်ကွင်းလုံးကိုလိုက်ပြီး စစ်ဆေးထားတယ်။ မသင်္ကာဖွယ်မတွေ့ရဘူး”ဟု တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဖြစ်သူ ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တန်ဆောင်တိုင် ပွဲတော်တွင် လုံခြုံရေးကို အတွင်းစည်း၊ အပြင်စည်းဖြင့် စနစ်တကျစီမံထားရာ ပွဲတော်လာသူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမဖြစ်ကြရန်ကိုလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီက သတင်းထုတ်ပြန်ထားသည်။

“ ပွဲတော်လုံခြုံရေးက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး စနစ်တကျစီစဉ်ထားပြီးတော့ အင်အားကလည်း တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင်(၃)ခုက ရဲတပ်ဖွဲ့အင်အားတွေနဲ့ စီမံထားတာပါ။ ပွဲတော်လုံခြုံရေးနဲ့ပတ်သက်လို့ ဒီနှစ်က သေချာစီမံထားပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းက ပြောသည်။

တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ - MT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~