တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္က်င္းပေနသည့္ ေတာင္ႀကီးၿမိဳ႕လယ္တြင္ ဗံုးဟုယူဆရသည့္အထုပ္ေတြ႔သျဖင့္ ရွင္းလင္းေန

တန္ေဆာင္တုိင္မီးပံုးပ်ံပြဲေတာ္က်င္းပေနသည့္ ေတာင္ႀကီးၿမိဳ႕လယ္တြင္ ဗံုးဟုယူဆရသည့္အထုပ္ေတြ႔သျဖင့္ ရွင္းလင္းေန
နိုဝင်ဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမ ၿမိဳ႕မေစ်းအနီးရိွ မီးပိြဳင့္အနီးတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၆)ရက္ေန႔ ေန႔လယ္ (၂)နာရီဝန္းက်င္က ဗံုးဟုယူဆရသည့္ မသကၤာဖြယ္ေသတၱာ အမည္းတစ္လံုးကို ေတြ႔ရသျဖင့္ တပ္မေတာ္စစ္ေျမျပင္အင္ဂ်င္နီယာတပ္က ရွင္းလင္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ သက္ဆုိင္ရာတပ္မေတာ္အဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕တို႔က စစ္ေဆးရွင္းလင္းမႈမ်ား လုပ္ေဆာင္ေနၿပီး ေဖါက္ခြဲလုိက္သည့္အသံကိုလည္းၾကားရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“လြန္ခဲ့တဲ့တစ္နာရီေလာက္က ၿမိဳ႕မေစ်းေရွ႕တည့္တည့္ မီးပိြဳင့္ေတာင္နားက ဆုိင္ခန္းေရွ႕ ပလက္ေဖာင္းေဘးမွာ  ဆုိင္ကယ္ေတြရပ္ထားတဲ့နားမွာ အတက္ခ်ီေက့စ္အမည္းတစ္လံုး ခ်ထားတာ။ လူေတြက ေၾကာက္ၿပီး ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားလုိက္တာ။ တပ္ကေရာက္လာၿပီး ရွင္းေပးေနတာ”ဟု ေတာင္ႀကီးၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ဦးတင္ေမာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္အခင္းျဖစ္ေနရာအား သက္ဆုိင္ရာက ရွာေဖြရွင္းလင္းမႈမ်ားလုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -TJ

~~~~~~~~⊰❂ unicode ~~~~~~~~
တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပနေသည့် တောင်ကြီးမြို့လယ်တွင် ဗုံးဟုယူဆရသည့်အထုပ်တွေ့သဖြင့် ရှင်းလင်းနေ
*************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ မြို့မဈေးအနီးရှိ မီးပွိုင့်အနီးတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က ဗုံးဟုယူဆရသည့် မသင်္ကာဖွယ်သေတ္တာ အမည်းတစ်လုံးကို တွေ့ရသဖြင့် တပ်မတော်စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် သက်ဆိုင်ရာတပ်မတော်အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က စစ်ဆေးရှင်းလင်းမှုများ လုပ်ဆောင်နေပြီး ဖေါက်ခွဲလိုက်သည့်အသံကိုလည်းကြားရကြောင်း ဒေသခံများထံမှ သိရသည်။

“လွန်ခဲ့တဲ့တစ်နာရီလောက်က မြို့မဈေးရှေ့တည့်တည့် မီးပွိုင့်တောင်နားက ဆိုင်ခန်းရှေ့ ပလက်ဖောင်းဘေးမှာ  ဆိုင်ကယ်တွေရပ်ထားတဲ့နားမှာ အတက်ချီကေ့စ်အမည်းတစ်လုံး ချထားတာ။ လူတွေက ကြောက်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်တာ။ တပ်ကရောက်လာပြီး ရှင်းပေးနေတာ”ဟု တောင်ကြီးမြို့ခံတစ်ဦးဖြစ်သည့် ဦးတင်မောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင်အခင်းဖြစ်နေရာအား သက်ဆိုင်ရာက ရှာဖွေရှင်းလင်းမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -TJ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~