တာခ်ီလိတ္ၿမိဳ႕လံုးကၽြတ္ စုေပါင္းမဟာဘံုကထိန္ပေဒသာပင္မ်ားကို ႏိုဝင္ဘာလ (၂၁)ရက္ေန႔တြင္ ဆုေရြးခ်ယ္ခ်ီးျမႇင့္မည္

တာခ်ီလိတ္ၿမိဳ႕လံုးကၽြတ္ စုေပါင္းမဟာဘံုကထိန္ပေဒသာပင္မ်ားကို ႏိုဝင္ဘာလ (၂၁)ရက္ေန႔တြင္ ဆုေရြးခ်ယ္ခ်ီးျမႇင့္မည္
နိုဝင်ဘာ 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕လံုးကၽြတ္စုေပါင္းမဟာဘံုကထိန္ ပေဒသာပင္မ်ားကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၁)ရက္ေန႔တြင္ ရွမ္းရိုးမကြင္းအတြင္း ညဘက္အလွျပထားရိွၿပီး အလွဆံုးပေဒသာပင္ (၃)ခုကို ေရြးခ်ယ္ဆုခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕လံုးကၽြတ္စုေပါင္းမဟာဘံုကထိန္က်င္းပေရးအတြက္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔က ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအဖြဲ႕မ်ား အစည္းအေဝးက်င္းပၿပီး လုပ္ငန္းေဆာင္ရြက္ရန္ ဆပ္ေကာ္မတီအသီးသီးကို ဖြဲ႕စည္းထားေၾကာင္း သိရသည္။

“ၿမိဳ႕လံုးကၽြတ္ စုေပါင္းမဟာဘံုကထိန္က်င္းပေရးအတြက္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးေဆာင္ၿပီး ဌာနဆိုင္ရာေတြ၊ လူမႈေရးအဖြဲ႕အစည္းေတြ အစည္းအေဝးလုပ္တယ္။ ခရိုင္အဆင့္ဌာနဆုိင္ရာေတြက ဦးေဆာင္တဲ့ ဆပ္ေကာ္မတီအသီးသီး ဖြဲ႕ထားတယ္။ ရန္ပံုေငြရွာေဖြေရး၊ ၿမိဳ႕တြင္းလွည့္လည္စသျဖင့္ မဟာဘံုကထိန္ ေအာင္ေအာင္ျမင္ျမင္ၿပီးေျမာက္ေအာင္လုပ္ဖို႔ေပါ့။ လက္ရိွလိုအပ္ေနတာကေတာ့ (၂၁)ရက္ေန႔ည ပေဒသာပင္ေတြ ထားတဲ့အခ်ိန္နဲ႔ ေနာက္ေန႔မနက္အတြက္ စတုဒီသာေကၽြးမယ့္အလွဴရွင္ေတြေတာ့လိုတယ္။ မဇၨ်ိမကေတာ့ ေရသန္႔လွဴမွာပါ”ဟု မဇၨ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပေဒသာပင္မ်ားကို ရွမ္းရိုးမကြင္း ႏိုဝင္ဘာလ (၂၁)ရက္ေန႔ ညေန(၃)နာရီတြင္ စတင္ပို႔ေဆာင္ႏုိင္ၿပီျဖစ္ၿပီး ည(၈)နာရီအခ်ိန္တြင္ အလွဆံုးပေဒသာပင္(၃)ခုအား ေရြးခ်ယ္ဆုခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

ညပိုင္းတြင္လည္း ပေဒသာပင္မ်ားကို မီးအလွဆင္ၿပီး ျပသထားမည္ျဖစ္ကာ ႏိုဝင္ဘာလ (၂၂)ရက္ေန႔ နံနက္  (၇)နာရီတြင္ ရွမ္းရိုးမကြင္းမွ၊ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ထိပ္ရိွ အဝိုင္းပတ္မွေန၍ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)အထိ ပေဒသာပင္မ်ားလွည့္လည္ၾကၿပီးေနာက္ ကထိန္အလွဴဆက္ကပ္လွဴဒါန္းမည့္ေက်ာင္းသို႔ ပို႔ေဆာင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ကထိန္အလွဴဆက္ကပ္လွဴဒါန္းမည့္ေက်ာင္းကို ေရြးခ်ယ္ရျခင္းမရိွေသးေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များကို နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ဆုရွေးချယ်ချီးမြှင့်မည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ရှမ်းရိုးမကွင်းအတွင်း ညဘက်အလှပြထားရှိပြီး အလှဆုံးပဒေသာပင် (၃)ခုကို ရွေးချယ်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ကျင်းပရေးအတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့က ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များ အစည်းအဝေးကျင်းပပြီး လုပ်ငန်းဆောင်ရွက်ရန် ဆပ်ကော်မတီအသီးသီးကို ဖွဲ့စည်းထားကြောင်း သိရသည်။

“မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ကျင်းပရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဌာနဆိုင်ရာတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အစည်းအဝေးလုပ်တယ်။ ခရိုင်အဆင့်ဌာနဆိုင်ရာတွေက ဦးဆောင်တဲ့ ဆပ်ကော်မတီအသီးသီး ဖွဲ့ထားတယ်။ ရန်ပုံငွေရှာဖွေရေး၊ မြို့တွင်းလှည့်လည်စသဖြင့် မဟာဘုံကထိန် အောင်အောင်မြင်မြင်ပြီးမြောက်အောင်လုပ်ဖို့ပေါ့။ လက်ရှိလိုအပ်နေတာကတော့ (၂၁)ရက်နေ့ည ပဒေသာပင်တွေ ထားတဲ့အချိန်နဲ့ နောက်နေ့မနက်အတွက် စတုဒီသာကျွေးမယ့်အလှူရှင်တွေတော့လိုတယ်။ မဇ္ဇျိမကတော့ ရေသန့်လှူမှာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပဒေသာပင်များကို ရှမ်းရိုးမကွင်း နိုဝင်ဘာလ (၂၁)ရက်နေ့ ညနေ(၃)နာရီတွင် စတင်ပို့ဆောင်နိုင်ပြီဖြစ်ပြီး ည(၈)နာရီအချိန်တွင် အလှဆုံးပဒေသာပင်(၃)ခုအား ရွေးချယ်ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ညပိုင်းတွင်လည်း ပဒေသာပင်များကို မီးအလှဆင်ပြီး ပြသထားမည်ဖြစ်ကာ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်  (၇)နာရီတွင် ရှမ်းရိုးမကွင်းမှ၊ ချစ်ကြည်ရေးတံတားအမှတ်(၁)ထိပ်ရှိ အဝိုင်းပတ်မှနေ၍ ချစ်ကြည်ရေးတံတားအမှတ်(၂)အထိ ပဒေသာပင်များလှည့်လည်ကြပြီးနောက် ကထိန်အလှူဆက်ကပ်လှူဒါန်းမည့်ကျောင်းသို့ ပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကထိန်အလှူဆက်ကပ်လှူဒါန်းမည့်ကျောင်းကို ရွေးချယ်ရခြင်းမရှိသေးကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~