က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္ခန္႔မွန္းထားသည့္ တာခ်ီလိတ္ၿမိဳ႕မသုႆန္သစ္တည္ေဆာက္ေရး ေကာ္မတီဖြဲ႕စည္း

က်ပ္သိန္းေပါင္း တစ္ေသာင္းေက်ာ္ခန္႔မွန္းထားသည့္ တာခ်ီလိတ္ၿမိဳ႕မသုႆန္သစ္တည္ေဆာက္ေရး ေကာ္မတီဖြဲ႕စည္း
နိုဝင်ဘာ 30, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္သိန္းေပါင္း(၁၀၀၀၀)ေက်ာ္ကုန္က်မည္ဟု ခန္႔မွန္းထားသည့္ ၿမိဳ႕မသုႆန္ႏွင့္ မီးသၿဂၤ ိဳလ္စက္တည္ေဆာက္ေရး လုပ္ငန္းေကာ္မတီဖြဲ႔စည္း ေဆာင္ရြက္ေနၿပီး အဆိုပါေကာ္မတီ၏ နာယက (၇)ဦးတြင္ ရွမ္းျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္းလည္း ပါဝင္ေၾကာင္း သိရသည္။

ျပည္သူလူထုထည့္ဝင္ေငြျဖင့္တည္ေဆာက္မည့္ ၿမိဳ႕မသုႆန္သစ္ျဖစ္ေျမာက္ေရးေကာ္မတီကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ေန႔က ဖြဲ႔စည္းလုိက္ရာတြင္ ရွမ္းျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး၊ တာခ်ီလိတ္ၿမိဳ႕မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္ရဲတပ္ဖြဲ႕မွဴးႏွင့္ အဆိုပါမီးသၿဂိဳလ္စက္ႏွင့္သုႆန္တည္ေဆာက္ေရးအတြက္ မတည္အလွဴရွင္ျဖစ္သည့္ တပင္ေရႊထီးကုမၸဏီမွ ဦးအာဖာတို႔က ေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

လုပ္ငန္းေကာ္မတီ၏ ဥကၠဌအျဖစ္ ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ ဒုရဲမွဴးစံသိန္းက တာဝန္ယူထားၿပီး ဥကၠဌအပါအဝင္ စုစုေပါင္း (၂၂)ဦးျဖင့္ လုပ္ငန္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း  မီးသၿဂိဳလ္္စက္(၂) လုံး ထားရွိမည့္ အေဆာက္ အဦး တည္ေဆာက္ျခင္း ၊ လူ(၃၀၀)ဆန္႕ တရားနာ ဓမၼာရုံ ဇရပ္တည္ေဆာက္ျခင္း ၊ သန္႔စင္ခန္း(၂၀)လံုး ၊အရုိးအိုး ထားရွိမည့္ ဂူနံရံမ်ားတည္ေဆာက္ျခင္း ၊ေတာင္တတ္လမ္း တည္ေဆာက္ျခင္း ၊ သစ္ပင္မ်ား စိုက္ပ်ိဳးျခင္း ႏွင့္ ပန္းဥယ်ဥ္ မ်ား တည္ေဆာက္ျခင္း တို႕ အား စနစ္တက်ေဆာင္ရြက္ႏိုင္ေရး အတြက္ လုပ္ငန္းေကာ္မတီ အား ခရုိင္ရဲတပ္ဖြဲ႕မွဴး ရုံးမွ ဒုရဲမွဴးစံသိန္း ဦးေဆာင္၍ အဖြဲ႔ဝင္ (၂၂) ဦး  ႏွင့္ နာယက (၇) ဦးျဖင့္ ဖြဲ႕စည္း လိုက္ျခင္း ျဖစ္သည္။
လက္ရိွ ၿမိဳ႕မသုႆန္မွာ လူေနရပ္ကြက္အနီးျဖစ္ေနၿပီး မီးသၿဂိဳလ္စက္တည္ေဆာက္ရန္ ေနရာအခက္အခဲ ရိွသျဖင့္ တာခ်ီလိတ္ၿမိဳ႕ ပုံလို႔ေတာရေက်ာင္းတိုက္၏ ဦးစီး နာယကဆရာေတာ္ အဘိဝိေသသလဇၨိေပသလ သာသနာလကၤာရ၊ မဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲပညာစာရ အဂၢဓမၼကလွဴဒါန္းသည့္ ၿမိဳ႕ႏွင့္ (၂)မိုင္ခန္႔အကြာရိွ ေျမ (၁၆)ဧကတြင္ မီးသၿဂိဳလ္စက္(၂)လံုး၊  အရိုးျပာျမဳပ္ႏွံသည့္အေဆာက္အဦမ်ား၊ ေျမယာရႈခင္းျပင္ဆင္ျခင္းမ်ားျဖင့္  ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၆)ရက္ေန႔မွ စတင္ပႏၷက္ရိုက္ေဆာင္ရြက္ေနျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လက္ရိွအသံုးျပဳေနသည့္ ၿမိဳ႕မသုႆန္မွာ လူေနအိမ္ေျခမ်ားႏွင့္ နီးကပ္ေနၿပီး ကားတာယာ ေဟာင္းမ်ားျဖင့္ မီးရိႈ႕သၿဂဳႋလ္ေနရသျဖင့္ ပတ္ဝန္းက်င္အေႏွာင့္အယွက္ျဖစ္ေနရကာ နဂါးႏွစ္ေကာင္ဆရာေတာ္၏ မီးသၿဂိဳလ္စက္မွာလည္း စည္ပင္သာယာေရးဦးစီးဌာနႏွင့္ မသက္ဆုိင္သည့္အတြက္ အမ်ားျပည္သူအသံုးျပဳခြင့္မရိွသျဖင့္ ၿမိဳ႕အတြက္ လိုအပ္ေနသည့္ မီးသၿဂိဳလ္စက္ပါဝင္သည့္ သုႆန္ကို ၿမိဳ႕လူထုထည့္ဝင္ေငြျဖင့္ သက္ဆုိင္ရာဌာနတို႔က ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့်မှန်းထားသည့် တာချီလိတ်မြို့မသုဿန်သစ်တည်ဆောက်ရေး ကော်မတီဖွဲ့စည်း
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျပ်သိန်းပေါင်း(၁၀၀၀၀)ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားသည့် မြို့မသုဿန်နှင့် မီးသြင်္ဂ ိုလ်စက်တည်ဆောက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း ဆောင်ရွက်နေပြီး အဆိုပါကော်မတီ၏ နာယက (၇)ဦးတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းလည်း ပါဝင်ကြောင်း သိရသည်။

ပြည်သူလူထုထည့်ဝင်ငွေဖြင့်တည်ဆောက်မည့် မြို့မသုဿန်သစ်ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)နေ့က ဖွဲ့စည်းလိုက်ရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ တာချီလိတ်မြို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အဆိုပါမီးသဂြိုလ်စက်နှင့်သုဿန်တည်ဆောက်ရေးအတွက် မတည်အလှူရှင်ဖြစ်သည့် တပင်ရွှေထီးကုမ္ပဏီမှ ဦးအာဖာတို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းကော်မတီ၏ ဥက္ကဌအဖြစ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစံသိန်းက တာဝန်ယူထားပြီး ဥက္ကဌအပါအဝင် စုစုပေါင်း (၂၂)ဦးဖြင့် လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မသုသာန်အတွင်း  မီးသဂြိုလ်စက်(၂) လုံး ထားရှိမည့် အဆောက် အဦး တည်ဆောက်ခြင်း ၊ လူ(၃၀၀)ဆန့် တရားနာ ဓမ္မာရုံ ဇရပ်တည်ဆောက်ခြင်း ၊ သန့်စင်ခန်း(၂၀)လုံး ၊အရိုးအိုး ထားရှိမည့် ဂူနံရံများတည်ဆောက်ခြင်း ၊တောင်တတ်လမ်း တည်ဆောက်ခြင်း ၊ သစ်ပင်များ စိုက်ပျိုးခြင်း နှင့် ပန်းဥယျဉ် များ တည်ဆောက်ခြင်း တို့ အား စနစ်တကျဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ အား ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးစံသိန်း ဦးဆောင်၍ အဖွဲ့ဝင် (၂၂) ဦး  နှင့် နာယက (၇) ဦးဖြင့် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။
လက်ရှိ မြို့မသုဿန်မှာ လူနေရပ်ကွက်အနီးဖြစ်နေပြီး မီးသဂြိုလ်စက်တည်ဆောက်ရန် နေရာအခက်အခဲ ရှိသဖြင့် တာချီလိတ်မြို့ ပုံလို့တောရကျောင်းတိုက်၏ ဦးစီး နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မကလှူဒါန်းသည့် မြို့နှင့် (၂)မိုင်ခန့်အကွာရှိ မြေ (၁၆)ဧကတွင် မီးသဂြိုလ်စက်(၂)လုံး၊  အရိုးပြာမြုပ်နှံသည့်အဆောက်အဦများ၊ မြေယာရှုခင်းပြင်ဆင်ခြင်းများဖြင့်  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှ စတင်ပန္နက်ရိုက်ဆောင်ရွက်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် လက်ရှိအသုံးပြုနေသည့် မြို့မသုဿန်မှာ လူနေအိမ်ခြေများနှင့် နီးကပ်နေပြီး ကားတာယာ ဟောင်းများဖြင့် မီးရှို့သဂြုႋလ်နေရသဖြင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်နေရကာ နဂါးနှစ်ကောင်ဆရာတော်၏ မီးသဂြိုလ်စက်မှာလည်း စည်ပင်သာယာရေးဦးစီးဌာနနှင့် မသက်ဆိုင်သည့်အတွက် အများပြည်သူအသုံးပြုခွင့်မရှိသဖြင့် မြို့အတွက် လိုအပ်နေသည့် မီးသဂြိုလ်စက်ပါဝင်သည့် သုဿန်ကို မြို့လူထုထည့်ဝင်ငွေဖြင့် သက်ဆိုင်ရာဌာနတို့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~