တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္းလွည့္ကင္းေဆာင္ရြက္သည့္ရဲတပ္ဖြဲ႕က အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား ၄၃ ျပားႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္းလွည့္ကင္းေဆာင္ရြက္သည့္ရဲတပ္ဖြဲ႕က အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား ၄၃ ျပားႏွင့္အတူ ဖမ္းမိ
နိုဝင်ဘာ 29, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ အပိုင္း(ခ)တြင္ ႏို၀င္ဘာလ (၂၈)ရက္ေန႔ ည(၁၁)နာရီ၀န္းက်င္က လွည့္ကင္းေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕သည္ မယ္ဆိုင္ေခ်ာင္းေဘးကြင္းျပင္၌ အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား(၄၃)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မယ္ေခါင္ရပ္ကြက္ အပိုင္း(ခ)ရိွ မယ္ဆိုင္ေခ်ာင္းေဘးကြင္းျပင္တြင္ မသကာၤဖြယ္အမ်ိဳးသားတစ္ဦးအား ေတြ႕ရိွသျဖင့္ ရဲတပ္ဖြဲ႕ကစစ္ေဆးရာ ျမင့္ေက်ာ္သိန္းဆိုသူျဖစ္ေၾကာင္း သိရၿပီး ၄င္းလြယ္ထားသည့္ အိတ္အတြင္းမွ WYစာတမ္းပါ လိေမၼာေရာင္ စိတ္ၾကြေဆးျပား(၃၇)ျပား၊ ပန္းေရာင္စိတ္ၾကြေဆးျပား (၆)ျပား စုစုေပါင္း (၄၃)ျပားကို စစ္ေဆးေတြ႕ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ ဖမ္းဆီးရမိသည့္ ျမင့္ေက်ာ္သိန္းအား ႏို္၀င္ဘာလ (၂၉)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ မယ(ပ) ၁၂၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၉(က)မွာ မူးယစ္ေဆးဝါး သို႔မဟုတ္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးကို ေရာင္းခ်ရန္အလို႔ငွာ လက္ဝယ္ထားျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ တစ္ဆင့္ေပးပို႔ျခင္း၊ လႊဲေျပာင္းေပးျခင္းျဖစ္ၿပီး ျပစ္မႈထင္ရွားပါက အနည္းဆံုး ေထာင္ဒဏ္ (၁၀)ႏွစ္မွ အမ်ားဆံုး ႏွစ္အကန္႔အသတ္မရိွခ်မွတ္ႏုိင္ၿပီး ဥပေဒပုဒ္မ ၂၀(က)မွာ မူးယစ္ေဆးဝါး သို႔မဟုတ္ စိတ္ကိုေျပာငး္လဲေစေသာေဆးဝါးမ်ားကို ထုတ္လုပ္ျခင္း၊ ျဖန္႔ျဖဴးျခင္း၊ ေရာင္းခ်ျခင္းျဖစ္ၿပီး ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္အနည္းဆံုး (၁၅)ႏွစ္မွ အမ်ားဆံုး ႏွစ္အကန္႔အသတ္မရိွ ခ်မွတ္ႏုိင္ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် ညပိုင်းလှည့်ကင်းဆောင်ရွက်သည့်ရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား ၄၃ ပြားနှင့်အတူ ဖမ်းမိ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် အပိုင်း(ခ)တွင် နိုဝင်ဘာလ (၂၈)ရက်နေ့ ည(၁၁)နာရီဝန်းကျင်က လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့သည် မယ်ဆိုင်ချောင်းဘေးကွင်းပြင်၌ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၄၃)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက် အပိုင်း(ခ)ရှိ မယ်ဆိုင်ချောင်းဘေးကွင်းပြင်တွင် မသကာၤဖွယ်အမျိုးသားတစ်ဦးအား တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့ကစစ်ဆေးရာ မြင့်ကျော်သိန်းဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ WYစာတမ်းပါ လိမ္မောရောင် စိတ်ကြွဆေးပြား(၃၇)ပြား၊ ပန်းရောင်စိတ်ကြွဆေးပြား (၆)ပြား စုစုပေါင်း (၄၃)ပြားကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် မြင့်ကျော်သိန်းအား နိုဝင်ဘာလ (၂၉)ရက်နေ့တွင် တာချီလိတ်မြို့မရဲစခန်း၌ မယ(ပ) ၁၂၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)မှာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိချမှတ်နိုင်ပြီး ဥပဒေပုဒ်မ ၂၀(က)မှာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အနည်းဆုံး (၁၅)နှစ်မှ အများဆုံး နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်ခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~