တာခ်ီလိတ္ၿမိဳ႕သို႔ စိတ္ၾကြေဆးျပားသယ္လာသူ (၂)ဦးကို ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က မိနစ္ပိုင္းအတြင္း ဆက္တုိက္ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕သို႔ စိတ္ၾကြေဆးျပားသယ္လာသူ (၂)ဦးကို ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က မိနစ္ပိုင္းအတြင္း ဆက္တုိက္ဖမ္းမိ
နိုဝင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)  တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုရြာတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၃)ရက္ေန႔ ညေနပိုင္းက ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးရာ တာခ်ီလိတ္ဘက္သို႔ စိတ္ၾကြေဆးျပား (၂၀၀၀၀)ေက်ာ္သယ္လာသူ (၂)ဦးကို မိနစ္ပိုင္းအတြင္း ဆက္တုိက္ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဝမ္လုံးေက်းရြာအုပ္စု၊ လြယ္စီတုံရြာအဝင္ ျပည္သူ႔စစ္စခန္းေရွ႕လမ္းမေပၚတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနစဥ္ ႏိုဝင္ဘာလ(၁၃)ရက္ေန႔ ညေန(၆)နာရီ(၁၀)မိနစ္အခ်ိန္တြင္ ယန္းေခါင္ရြာဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ စိုင္းသန္းအား စစ္ေဆးရာ စိတ္ၾကြရူးသြပ္ေဆးျပား (၂၀၀၀၀)ျပားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စိုင္းသန္းအား ဖမ္းဆီးရမိၿပီးေနာက္ (၁၀)မိနစ္ခန္႔အၾကာတြင္ ယန္းေခါင္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အားတီအား စစ္ေဆးရာ စိတ္ၾကြေဆးျပား (၁၉၅)ျပားကို ထပ္မံဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိသည့္ စိုင္းသန္းႏွင့္ အားတီတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၄/၂၀၁၈ မူး/စိတ္ ၁၉(က)ႏွင့္ မယ(ပ) ၁၁၅/၂၀၁၈၊ မူး/စိတ္ ၁၉(က)တုိ႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့သို့ စိတ်ကြွဆေးပြားသယ်လာသူ (၂)ဦးကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မိနစ်ပိုင်းအတွင်း ဆက်တိုက်ဖမ်းမိ
**************

ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီလိတ်မြို့ လွယ်စီတုံရွာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ တာချီလိတ်ဘက်သို့ စိတ်ကြွဆေးပြား (၂၀၀၀၀)ကျော်သယ်လာသူ (၂)ဦးကို မိနစ်ပိုင်းအတွင်း ဆက်တိုက်ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံရွာအဝင် ပြည်သူ့စစ်စခန်းရှေ့လမ်းမပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် နိုဝင်ဘာလ(၁၃)ရက်နေ့ ညနေ(၆)နာရီ(၁၀)မိနစ်အချိန်တွင် ယန်းခေါင်ရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းသန်းအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀၀)ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းသန်းအား ဖမ်းဆီးရမိပြီးနောက် (၁၀)မိနစ်ခန့်အကြာတွင် ယန်းခေါင်ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အားတီအား စစ်ဆေးရာ စိတ်ကြွဆေးပြား (၁၉၅)ပြားကို ထပ်မံဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် စိုင်းသန်းနှင့် အားတီတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၄/၂၀၁၈ မူး/စိတ် ၁၉(က)နှင့် မယ(ပ) ၁၁၅/၂၀၁၈၊ မူး/စိတ် ၁၉(က)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~