တာခ်ီလိတ္တြင္ တစ္ရက္အတြင္း ယာဥ္မေတာ္တဆမႈ (၂)မႈျဖစ္ပြားၿပီး အမ်ိဳးသား (၂)ဦး ဒဏ္ရာရ

တာခ်ီလိတ္တြင္ တစ္ရက္အတြင္း ယာဥ္မေတာ္တဆမႈ (၂)မႈျဖစ္ပြားၿပီး အမ်ိဳးသား (၂)ဦး ဒဏ္ရာရ
နိုဝင်ဘာ 15, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မုိင္းဖုန္း(က) ဝမ္နားေက်းရြာႏွင့္ ဧဒင္ေက်းရြာတို႔အနီးတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၅)ရက္ေန႔က ဆိုင္ကယ္မေတာ္တဆမႈ (၂)ခုျဖစ္ပြားၿပီး အမ်ိဳးသား (၂)ဦး ဒဏ္ရာရသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ ႔ မိုင္းဖုန္း (က) ဝမ္နားေက်းရြာတြင္ ညေန(၃)နာရီခြဲအခ်ိန္က ေဘးတြဲဆုိင္ကယ္တစ္စီး ေမွာက္ေနၿပီး အမ်ိဳးသားတစ္ဦးဒဏ္ရာရေနသျဖင့္ လာေရာက္ကူညီေပးပါရန္ တာခ်ီလိတ္နာေရးကူညီမႈ အသင္းထံ ဆက္သြယ္အကူအညီေတာင္းလာသျဖင့္ အခင္းျဖစ္ေနရာအား သြားေရာက္ရာ အမ်ိဳးသားတစ္ဦးမွာ ဆိုင္ကယ္ေဘးတြဲ အရွိန္လြန္ၿပီး လယ္ထဲထိုးဆင္းတိမ္းေမွာက္ေနကာ ဦးေခါင္းတြင္ ဒဏ္ရာရထားသည္ကို ေတြ႔ရသျဖင့္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ယင္းေနာက္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးတြင္ အေရးေပၚကုသမႈခံယူၿပီးေနာက္ မယ္ဆုိင္ေဆးရံုသို႔ ေရႊ႕ေျပာင္းကုသမႈခံယူေနေၾကာင္း သိရသည္။

ဧဒင္ရြာႏွင့္ စလီရြာအနီးတြင္ ည(၇)နာရီဝန္းက်င္က ဆုိင္ကယ္တိမ္းေမွာက္ၿပီး အမ်ိဳးသားတစ္ဦး ဒဏ္ရာရေနေၾကာင္း သတင္းအရ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ဒဏ္ရာရလူနာအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ယာဥ္ထိန္းရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနကာ ဒဏ္ရာရသူအား အတည္ျပဳႏုိင္ရန္ စံုစမ္းဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် တစ်ရက်အတွင်း ယာဉ်မတော်တဆမှု (၂)မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး ဒဏ်ရာရ
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းဖုန်း(က) ဝမ်နားကျေးရွာနှင့် ဧဒင်ကျေးရွာတို့အနီးတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့က ဆိုင်ကယ်မတော်တဆမှု (၂)ခုဖြစ်ပွားပြီး အမျိုးသား (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း (က) ဝမ်နားကျေးရွာတွင် ညနေ(၃)နာရီခွဲအချိန်က ဘေးတွဲဆိုင်ကယ်တစ်စီး မှောက်နေပြီး အမျိုးသားတစ်ဦးဒဏ်ရာရနေသဖြင့် လာရောက်ကူညီပေးပါရန် တာချီလိတ်နာရေးကူညီမှု အသင်းထံ ဆက်သွယ်အကူအညီတောင်းလာသဖြင့် အခင်းဖြစ်နေရာအား သွားရောက်ရာ အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်ဘေးတွဲ အရှိန်လွန်ပြီး လယ်ထဲထိုးဆင်းတိမ်းမှောက်နေကာ ဦးခေါင်းတွင် ဒဏ်ရာရထားသည်ကို တွေ့ရသဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံယူပြီးနောက် မယ်ဆိုင်ဆေးရုံသို့ ရွှေ့ပြောင်းကုသမှုခံယူနေကြောင်း သိရသည်။

ဧဒင်ရွာနှင့် စလီရွာအနီးတွင် ည(၇)နာရီဝန်းကျင်က ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရနေကြောင်း သတင်းအရ တာချီလိတ်နာရေးကူညီမှုအသင်းက ဒဏ်ရာရလူနာအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးမှုများ လုပ်ဆောင်နေကာ ဒဏ်ရာရသူအား အတည်ပြုနိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~