တာခ်ီလိတ္တြင္ သားအဖ(၂)ဦးစီးနင္းလာသည့္ဆိုင္ကယ္ကို ေမာ္ေတာ္ယာဥ္ျဖင့္ ဝင္တုိက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြား

တာခ်ီလိတ္တြင္ သားအဖ(၂)ဦးစီးနင္းလာသည့္ဆိုင္ကယ္ကို ေမာ္ေတာ္ယာဥ္ျဖင့္ ဝင္တုိက္မိၿပီး ေမာင္းႏွင္ထြက္ေျပးသြား
နိုဝင်ဘာ 6, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ ႔တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၆)ရက္ေန႔ ညေနပိုင္းက ဝက္စာပံုးလုိက္သိမ္းေနသည့္ သားအဖ(၂)ဦး စီးနင္းလာသည့္ဆုိင္ကယ္ကို ေမာ္ေတာ္ယာဥ္တစ္စီးက ေနာက္မွဝင္တုိက္၍ ဆိုင္ကယ္ေမာင္းလာသည့္ ဖခင္ျဖစ္သူေသဆုံးသြားၿပီး ဝင္တုိက္သည့္ယာဥ္မွာ ထြက္ေျပးေမာင္းႏွင္သြားေၾကာင္း သိရသည္။

မယ္ဟုတ္တံတားအနီးတြင္ ဆိုင္ကယ္တစ္စီးအား ကားတုိက္သြားၿပီး လဲက်ေနသျဖင့္ လာေရာက္ကူညီေပးရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းသို႔ ညေန ( ၆ ) နာရီဝန္းက်င္က  ဖုန္းဆက္အကူအညီေတာင္းလာသျဖင့္ အသင္းမွကားျဖင့္ သြားေရာက္ခဲ့ရာ အခင္းျဖစ္ေနရာတြင္ ဒဏ္ရာရေနသည့္ သားအဖ(၂)ဦးကို တာခ်ီလိတ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္ေမာင္းႏွင္သည့္ အသက္ (၅၂)ႏွစ္အရြယ္ ဖခင္ျဖစ္သူမွာ ရရိွသည့္ဒဏ္ရာျဖင့္ ေဆးရံုအေရာက္တြင္ ေသဆံုးသြားခဲ့ၿပီး ဆိုင္ကယ္ေနာက္မွ ထုိင္လုိက္လာသည့္ သားျဖစ္သူမွာလည္း ဒဏ္ရာရသြားေၾကာင္း သိရသည္။

တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေသဆံုးသူ၏ရုပ္အေလာင္းကို မယ္ယန္းရိွ ေရႊေတာင္ကုန္းဘုန္းႀကီးေက်ာင္းအနီး ေနအိမ္သို႔ လုိက္ပါပို႔ေဆာင္ေပးထားေၾကာငး္ သိရသည္။
Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် သားအဖ(၂)ဦးစီးနင်းလာသည့်ဆိုင်ကယ်ကို မော်တော်ယာဉ်ဖြင့် ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွား
*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ ညနေပိုင်းက ဝက်စာပုံးလိုက်သိမ်းနေသည့် သားအဖ(၂)ဦး စီးနင်းလာသည့်ဆိုင်ကယ်ကို မော်တော်ယာဉ်တစ်စီးက နောက်မှဝင်တိုက်၍ ဆိုင်ကယ်မောင်းလာသည့် ဖခင်ဖြစ်သူသေဆုံးသွားပြီး ဝင်တိုက်သည့်ယာဉ်မှာ ထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည်။

မယ်ဟုတ်တံတားအနီးတွင် ဆိုင်ကယ်တစ်စီးအား ကားတိုက်သွားပြီး လဲကျနေသဖြင့် လာရောက်ကူညီပေးရန် တာချီလိတ်နာရေးကူညီမှုအသင်းသို့ ညနေ ( ၆ ) နာရီဝန်းကျင်က  ဖုန်းဆက်အကူအညီတောင်းလာသဖြင့် အသင်းမှကားဖြင့် သွားရောက်ခဲ့ရာ အခင်းဖြစ်နေရာတွင် ဒဏ်ရာရနေသည့် သားအဖ(၂)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သည့် အသက် (၅၂)နှစ်အရွယ် ဖခင်ဖြစ်သူမှာ ရရှိသည့်ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသည့် သားဖြစ်သူမှာလည်း ဒဏ်ရာရသွားကြောင်း သိရသည်။

တာချီလိတ်နာရေးကူညီမှုအသင်းက သေဆုံးသူ၏ရုပ်အလောင်းကို မယ်ယန်းရှိ ရွှေတောင်ကုန်းဘုန်းကြီးကျောင်းအနီး နေအိမ်သို့ လိုက်ပါပို့ဆောင်ပေးထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~