မန္ဆူေစတီေတာ္ပရဝုဏ္ကို လားရိႈးၿမိဳ႕၏ ဒုတိယေျမာက္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ေၾကညာ

မန္ဆူေစတီေတာ္ပရဝုဏ္ကို လားရိႈးၿမိဳ႕၏ ဒုတိယေျမာက္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ေၾကညာ
နိုဝင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕၏ ဒုတိယေျမာက္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ မန္ဆူေစတီေတာ္ပဂဝုဏ္ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၂)ရက္ေန႔၌ ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ရာႏႈန္းျပည့္ ေဆးလိပ္ေငြ႔ကင္းစင္နယ္ေျမအျဖစ္ အခမ္းအနားျပဳလုပ္ သတ္မွတ္မွာပါ။ ပူးတြဲအစီအစဥ္ေတြ ပါမယ္။ လားရိႈးၿမိဳ႕မွာဆိုရင္ ေဆးလိပ္ေငြ႔လံုးဝကင္းစင္နယ္ေျမအျဖစ္ ဒုတိယေနရာတစ္ခု ထပ္ၿပီးသတ္မွတ္တာ ျဖစ္ပါတယ္။ ပထမဦးဆံုးသတ္ခဲ့တာကေတာ့ ရန္တိုင္းေအာင္ဘုရား နယ္နိမိတ္အတြင္း ဒီႏွစ္ထဲမွာပဲ သတ္မွတ္ခဲ့တာပါ" ဟု ၿမိဳ႕နယ္ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာထြန္းလွျဖဴက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔  ေျပာသည္။

ေဆးလိပ္ေငြ႔လံုးဝကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ေၾကာင္း ႏိုဝင္ဘာလ(၂၂)ရက္ေန႔ နံနက္ပိုင္းတြင္ အခမ္းအနားျဖင့္ ေၾကညာမည္ျဖစ္ၿပီး  စက္ဘီးစီးၿပိဳင္ပြဲႏွင့္ ခ်ယ္ရီပင္ပင္ (၃၀)ကိုလည္း စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပူးတြဲအစီအစဥ္အျဖစ္က်င္းပမည့္ စက္ဘီးစီးၿပိဳင္ပြဲကို နံနက္ (၆) နာရီတြင္ ၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနေရွ႕မွစတင္ကာ ဘူတာလမ္းအတိုင္း ေလယာဥ္ကြင္းလမ္းသို႔စီးနင္းၿပီး သမိုင္းဝင္မန္ဆူေစတီေတာ္တြင္ ၿပိဳင္ပြဲခရီးအဆံုးသတ္မည္ျဖစ္ေၾကာင္း သိရသည္။

ေဆးလိပ္ေငြ႔လံုးဝကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္သည့္ အခမ္းအနားတြင္ ေဆးလိပ္၏ဆိုးက်ိဳးမ်ားႏွင့္ ပတ္သက္၍ ပညာေပးျပခန္းမ်ားျပသျခင္း၊ စတုဒီသာေကၽြးေမြးျခင္း၊ ပရဟိတအသင္းမ်ားအား အထိမ္းအမွတ္ စာတန္းပါသည့္ အက်ၤ ီမ်ားေဝေပးျခင္း၊ ပညာေပးစာေစာင္မ်ား ျဖန္႔ေဝျခင္း၊ က်န္းမာေရးဗဟုသုတ အေမးအေျဖမ်ားျပဳလုပ္ျခင္းႏွင့္ အလွမယ္မ်ားက ပညာေပး ေဆာင္ပုဒ္မ်ား ကိုင္ေဆာင္ျပသျခင္းတို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕တြင္ ပထမဆံုး ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ရန္တုိင္းေအာင္ေစတီပရဝုဏ္ကို ၂၀၁၈ ခုႏွစ္ ဧၿပီလက သတ္မွတ္ေၾကညာစဥ္က ခ်ယ္ရီပင္ (၂၅)ပင္ကို အထိမ္းအမွတ္အျဖစ္ စိုက္ပ်ိဳးခဲ့ၿပီး ႏိုဝင္ဘာလ(၂၂)ရက္ေန႔တြင္ မန္ဆူေစတီေတာ္အနီး၌ ခ်ယ္ရီပင္(၅)ပင္ႏွင့္ လားရိႈး-မူဆယ္  ျပည္ေထာင္စုလမ္းမႀကီးနံေဘး ေအတီတံတားအနီးတြင္ ခ်ယ္ရီပင္ (၂၅)ပင္ စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမမ်ားသတ္မွတ္ေဖၚေဆာင္ေရးကို ျပည္နယ္အစိုးရကအဖြဲ႕ ဦးေဆာင္မႈျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
မန်ဆူစေတီတော်ပရဝုဏ်ကို လားရှိုးမြို့၏ ဒုတိယမြောက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကြေညာ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၏ ဒုတိယမြောက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် မန်ဆူစေတီတော်ပဂဝုဏ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့၌ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

"ရာနှုန်းပြည့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် အခမ်းအနားပြုလုပ် သတ်မှတ်မှာပါ။ ပူးတွဲအစီအစဉ်တွေ ပါမယ်။ လားရှိုးမြို့မှာဆိုရင် ဆေးလိပ်ငွေ့လုံးဝကင်းစင်နယ်မြေအဖြစ် ဒုတိယနေရာတစ်ခု ထပ်ပြီးသတ်မှတ်တာ ဖြစ်ပါတယ်။ ပထမဦးဆုံးသတ်ခဲ့တာကတော့ ရန်တိုင်းအောင်ဘုရား နယ်နိမိတ်အတွင်း ဒီနှစ်ထဲမှာပဲ သတ်မှတ်ခဲ့တာပါ" ဟု မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းလှဖြူက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ဆေးလိပ်ငွေ့လုံးဝကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် အခမ်းအနားဖြင့် ကြေညာမည်ဖြစ်ပြီး  စက်ဘီးစီးပြိုင်ပွဲနှင့် ချယ်ရီပင်ပင် (၃၀)ကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပူးတွဲအစီအစဉ်အဖြစ်ကျင်းပမည့် စက်ဘီးစီးပြိုင်ပွဲကို နံနက် (၆) နာရီတွင် မြို့နယ်စည်ပင်သာယာရေး ဌာနရှေ့မှစတင်ကာ ဘူတာလမ်းအတိုင်း လေယာဉ်ကွင်းလမ်းသို့စီးနင်းပြီး သမိုင်းဝင်မန်ဆူစေတီတော်တွင် ပြိုင်ပွဲခရီးအဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

ဆေးလိပ်ငွေ့လုံးဝကင်းစင်နယ်မြေအဖြစ် သတ်မှတ်သည့် အခမ်းအနားတွင် ဆေးလိပ်၏ဆိုးကျိုးများနှင့် ပတ်သက်၍ ပညာပေးပြခန်းများပြသခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ပရဟိတအသင်းများအား အထိမ်းအမှတ် စာတန်းပါသည့် အင်္ကျ ီများဝေပေးခြင်း၊ ပညာပေးစာစောင်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေးဗဟုသုတ အမေးအဖြေများပြုလုပ်ခြင်းနှင့် အလှမယ်များက ပညာပေး ဆောင်ပုဒ်များ ကိုင်ဆောင်ပြသခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် ပထမဆုံး ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ရန်တိုင်းအောင်စေတီပရဝုဏ်ကို ၂၀၁၈ ခုနှစ် ဧပြီလက သတ်မှတ်ကြေညာစဉ်က ချယ်ရီပင် (၂၅)ပင်ကို အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလ(၂၂)ရက်နေ့တွင် မန်ဆူစေတီတော်အနီး၌ ချယ်ရီပင်(၅)ပင်နှင့် လားရှိုး-မူဆယ်  ပြည်ထောင်စုလမ်းမကြီးနံဘေး အေတီတံတားအနီးတွင် ချယ်ရီပင် (၂၅)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများသတ်မှတ်ဖေါ်ဆောင်ရေးကို ပြည်နယ်အစိုးရကအဖွဲ့ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~