အသက္(၁၉)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလံုးၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ ရွမ္းျပည္နယ္က ရန္ကုန္တုိင္းေဒသႀကီးကို အႏိုင္ရ

အသက္(၁၉)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလံုးၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ ရွမ္းျပည္နယ္က ရန္ကုန္တုိင္းေဒသႀကီးကို အႏိုင္ရ
နိုဝင်ဘာ 12, 2018
By 🌸
၂၀၁၈ ခုႏွစ္၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အသက္ (၁၉) ႏွစ္ေအာက္ အမ်ဳိးသမီးေဘာလံုးၿပိဳင္ပဲြတြင္ ရွမ္းျပည္နယ္အသင္းက ရန္ကုန္တိုင္းေဒသႀကီးအသင္းကို (၂)ဂိုး၊ (၁)ဂိုးျဖင့္ အႏိုင္ရရိွသြားေၾကာင္း သိရသည္။

အသက္(၁၉)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလံုးၿပိဳင္ပြဲ ဗုိလ္လုပဲြႏွင့္ ဆုခ်ီးျမႇင့္ပဲြအခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁) ရက္ေန႔ ေန႔လယ္ပိုင္းက ေနျပည္ေတာ္ရွိ ဝဏၰသိဒၶိေလ့က်င့္ေရးကြင္းႀကီး၌ က်င္းပျခင္းျဖစ္ေၾကာင္း  သိရသည္။

အဆိုပါၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖဲြ႕ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားေကာ္မတီ ဥကၠဌ ေဒါက္တာ မ်ဳိးထြန္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္၊ ျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာန ညြန္ၾကားေရးမွဴး ဦးထန္အိတ္ႏွင့္ အဖဲြ႕ဝင္မ်ား၊ အားကစားဆပ္ေကာ္မတီဥကၠဌႏွင့္ အဖဲြ႕ဝင္မ်ား သြားေရာက္ၾကည္႔ ရႈအားေပးၾကၿပီး အႏုိင္ရ ရွမ္းျပည္နယ္ အမ်ဳိးသမီးေဘာလံုးအသင္းအား ရွမ္းျပည္နယ္အစိုးရအဖဲြ႕ဝင္ ျပည္နယ္ဝန္ႀကီးမ်ားက တက္ေရာက္ဆုခ်ီးျမႇင့္ေၾကာင္း သိရသည္။

ဆုရအသင္းျဖစ္သည့္ ရွမ္းျပည္နယ္အမ်ိဳးသမီးေဘာလံုးအသင္းအား ပထမဆု ဖလားႏွင့္ ဆုေၾကးေငြ က်ပ္ (၁၅) သိန္း၊ ရွမ္းျပည္နယ္အစိုးရအဖဲြ႕မွ ထပ္ေဆာင္းခ်ီးျမႇင့္ေငြ က်ပ္သိန္း (၃၀) တို႔အား ခ်ီးျမႇင့္ေပးခဲ႔ေၾကာင္း သိရသည္။

ဓါတ္ပံု -MT

~~~~~~~~⊰❂ unicode ~~~~~~~~
အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်က ရန်ကုန်တိုင်းဒေသကြီးကို အနိုင်ရ
**************
၂၀၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းကြီး၌ ကျင်းပခြင်းဖြစ်ကြောင်း  သိရသည်။

အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားကော်မတီ ဥက္ကဌ ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးထန်အိတ်နှင့် အဖွဲ့ဝင်များ၊ အားကစားဆပ်ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့် ရှုအားပေးကြပြီး အနိုင်ရ ရှမ်းပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက တက်ရောက်ဆုချီးမြှင့်ကြောင်း သိရသည်။

ဆုရအသင်းဖြစ်သည့် ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ပထမဆု ဖလားနှင့် ဆုကြေးငွေ ကျပ် (၁၅) သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆောင်းချီးမြှင့်ငွေ ကျပ်သိန်း (၃၀) တို့အား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ -MT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~