ပင္းတယလိုဏ္ဂူေဆးလိပ္ေငြ႕ကင္းစင္အတြက္ SEATCA ကဆုခ်ီးျမႇင့္လုိက္ၿပီး ရွမ္းျပည္နယ္က ျမန္မာႏို္ုင္ငံ၏ SEATCA အဖြဲ႕ဝင္ျဖစ္လာ

ပင္းတယလိုဏ္ဂူေဆးလိပ္ေငြ႕ကင္းစင္အတြက္ SEATCA ကဆုခ်ီးျမႇင့္လုိက္ၿပီး ရွမ္းျပည္နယ္က ျမန္မာႏို္ုင္ငံ၏ SEATCA အဖြဲ႕ဝင္ျဖစ္လာ
နိုဝင်ဘာ 26, 2018
By 🌸
ျမန္မာႏိုင္ငံ၏ ပထမဆံုးေဆးလိိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ ကမၻာကိုေၾကညာႏိုင္ခဲ့သည့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ပင္းတယလိုဏ္ဂူကို ေဆးလိပ္ေငြ႕ကင္းစင္ေရးလႈပ္ရွားမႈမ်ားအတြက္ အာဆီယံအဖြဲ႔က ဆုခ်ီးျမႇင့္လုိက္ၿပီး အာဆီယံေဆးလိပ္ေငြ႕ကင္းစင္ၿမိဳ႕ေတာ္မ်ားတြင္ ျမန္မာႏိုင္ငံမွ ရွမ္းျပည္နယ္က အဖြဲ႕ဝင္ျဖစ္သြားေၾကာင္း သိရသည္။

“Smoke Free City Award ပင္းတယဂူကို ေပးတာ။ Smoke Free City Membership Network(SEATCA) မွာလည္း ရွမ္းျပည္နယ္က အဖြဲ႕ဝင္ျဖစ္လာတာေပါ့။ တစ္ဖက္တစ္လမ္းကေတာ့ ဆုရတယ္ဆိုတာ ဂုဏ္ယူစရာေပါ့။ တစ္ဖက္တစ္လမ္းကေတာ့ တာဝန္ေတြပိုမ်ားလာတယ္လို႔ေတာ့ ခံယူတာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေရႊဥမင္ ပင္းတယလိုဏ္ဂူကို ေဆးလိပ္ေငြ႕ကင္းစင္အျဖစ္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၂၀)ရက္ေန႔က ကမၻာကို ေၾကညာႏိုင္ခဲ့ျခင္းျဖစ္သည္။

ဗီယက္နမ္ႏုိင္ငံ၊ ဟိြဳင္အင္းကမ္းေျခတြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ(၂၀)ရက္ေန႔က က်င္းပသည့္ အာရွပစိဖိတ္ေဒသေဆးလိပ္ေငြ႕ကင္းစင္ၿမိဳ႕ေတာ္မ်ား၏ ေဒသဆုိင္ရာ (၆)ႀကိမ္ေျမာက္အစည္းအေဝးတြင္ ႏုိင္ငံအလုိက္ ေရွးေဟာင္းသမိုင္းဝင္ေနရာမ်ားကို ေဆးလိပ္ေငြ႕ကင္းစင္ေဒသသတ္မွတ္ေဖၚေဆာင္ရာ၌ တိုးတက္မႈရိွေနသည့္ ေနရာ (၉)ေနရာအတြက္ ဆုမ်ားေပးအပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“က်န္းမာႀကံ႕ခုိင္တဲ့ႏုိင္ငံသားေကာင္းမ်ားျဖစ္လာဖို႔ အားကစား၊ ပညာေရး၊ က်န္းမာေရးဆိုတာလုပ္ေတာ့ ကၽြန္ေတာ္ကလည္း ဒီက႑ေတြ ယူထားေတာ့ လုပ္ငန္းတစ္ခုထဲနဲ႔ ဦးစီးဌာန (၃)ခုရဲ႕ လုပ္ငန္းေတြအက်ံဳးဝင္ေအာင္ဆိုၿပီး ဒီႏွစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ အေျခခံပညာေက်ာင္းေတြမွာ ေဆးလိပ္ေငြ႕ကင္းစင္ေခါင္းစဥ္နဲ႔ အားကစားပြဲေတြ လုပ္တာေပါ့။ ဒါကို အာဆီယံကေတာ့ အသိအမွတ္ျပဳတဲ့ သေဘာေပါ့။ ေအာင္ျမင္လားဆိုေတာ့ လက္ညိႈးထိုးျပစရာေတာ့ မရိွဘူးေပါ့။ ဒါေပမဲ့ လူေတြထဲမွာေတာ့ သတိထားမိလာတာေပါ့။ ကၽြန္ေတာ္တုိ႔ အားကစားပြဲေတြလုပ္တဲ့အခါ ေက်ာင္းသားလူငယ္ေတြကို ေမးတဲ့အခါမွေတာ့ ေဆးလိပ္ေငြ႔ကင္းစင္ရွမ္းျပည္တစ္ခြင္ဆိုတာေတာ့ လူတုိင္းေတာ့ သတိထားမိလာၾကတာေပါ့။ လူထုေတြထဲ လူေတြဦးေႏွာက္ထဲေတာ့ ေရာက္တာေပါ့”ဟု လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ေခါင္းစဥ္ျဖင့္ ေဆးလိပ္ေငြ႕ကင္းစင္ေနရာမ်ား သတ္မွတ္ျခင္း၊ အေျခခံပညာေက်ာင္းမ်ားကို အေျချပဳလူထုလႈပ္ရွားမႈမ်ားကို ျပည္နယ္အစိုးရအဖြဲ႕က လုပ္ေဆာင္ေနျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမွ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရိွ ပင္းတယဂူ၊ ဗီယက္နမ္ႏိုင္ငံမွ ေဟေလာင္းကမ္းေျခႏွင့္ ဟိြဳင္အင္းေရွးေဟာင္းၿမိဳ႕ေတာ္၊ လာအိုႏိုင္ငံမွ ခ်န္ပါဆပ္၊ ဗက္ေဖာင္ႏွင့္ ေလာင္ပရာဘန္၊ မေလးရွားႏုိင္ငံမွ ပီနန္၊ ေဂ်ာ့ခ်္ေတာင္းႏွင့္ မလကၠာ၊ အင္ဒိုနီးရွားႏုိင္ငံမွ ပရမ္ဘာနန္ႏွင့္ ေဘာေရာဗူးဒူး၊ ကေမၻာဒီးယားႏုိင္ငံမွ အန္ေကာဝပ္ေဒသမ်ားတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေရးလုပ္ေဆာင္မႈမ်ားအတြက္  SEATCA က ေရြးခ်ယ္ဆုခ်ီးျမႇင့္ခံရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -SEATCA

~~~~~~~~⊰❂ unicode ~~~~~~~~
ပင်းတယလိုဏ်ဂူဆေးလိပ်ငွေ့ကင်းစင်အတွက် SEATCA ကဆုချီးမြှင့်လိုက်ပြီး ရှမ်းပြည်နယ်က မြန်မာနိုုင်ငံ၏ SEATCA အဖွဲ့ဝင်ဖြစ်လာ
************
မြန်မာနိုင်ငံ၏ ပထမဆုံးဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ကမ္ဘာကိုကြေညာနိုင်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ပင်းတယလိုဏ်ဂူကို ဆေးလိပ်ငွေ့ကင်းစင်ရေးလှုပ်ရှားမှုများအတွက် အာဆီယံအဖွဲ့က ဆုချီးမြှင့်လိုက်ပြီး အာဆီယံဆေးလိပ်ငွေ့ကင်းစင်မြို့တော်များတွင် မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်က အဖွဲ့ဝင်ဖြစ်သွားကြောင်း သိရသည်။

“Smoke Free City Award ပင်းတယဂူကို ပေးတာ။ Smoke Free City Membership Network(SEATCA) မှာလည်း ရှမ်းပြည်နယ်က အဖွဲ့ဝင်ဖြစ်လာတာပေါ့။ တစ်ဖက်တစ်လမ်းကတော့ ဆုရတယ်ဆိုတာ ဂုဏ်ယူစရာပေါ့။ တစ်ဖက်တစ်လမ်းကတော့ တာဝန်တွေပိုများလာတယ်လို့တော့ ခံယူတာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရွှေဥမင် ပင်းတယလိုဏ်ဂူကို ဆေးလိပ်ငွေ့ကင်းစင်အဖြစ် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့က ကမ္ဘာကို ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၊ ဟွိုင်အင်းကမ်းခြေတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့က ကျင်းပသည့် အာရှပစိဖိတ်ဒေသဆေးလိပ်ငွေ့ကင်းစင်မြို့တော်များ၏ ဒေသဆိုင်ရာ (၆)ကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံအလိုက် ရှေးဟောင်းသမိုင်းဝင်နေရာများကို ဆေးလိပ်ငွေ့ကင်းစင်ဒေသသတ်မှတ်ဖေါ်ဆောင်ရာ၌ တိုးတက်မှုရှိနေသည့် နေရာ (၉)နေရာအတွက် ဆုများပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျန်းမာကြံ့ခိုင်တဲ့နိုင်ငံသားကောင်းများဖြစ်လာဖို့ အားကစား၊ ပညာရေး၊ ကျန်းမာရေးဆိုတာလုပ်တော့ ကျွန်တော်ကလည်း ဒီကဏ္ဍတွေ ယူထားတော့ လုပ်ငန်းတစ်ခုထဲနဲ့ ဦးစီးဌာန (၃)ခုရဲ့ လုပ်ငန်းတွေအကျုံးဝင်အောင်ဆိုပြီး ဒီနှစ်နှစ်ကျော်ကာလအတွင်းမှာ အခြေခံပညာကျောင်းတွေမှာ ဆေးလိပ်ငွေ့ကင်းစင်ခေါင်းစဉ်နဲ့ အားကစားပွဲတွေ လုပ်တာပေါ့။ ဒါကို အာဆီယံကတော့ အသိအမှတ်ပြုတဲ့ သဘောပေါ့။ အောင်မြင်လားဆိုတော့ လက်ညှိုးထိုးပြစရာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ လူတွေထဲမှာတော့ သတိထားမိလာတာပေါ့။ ကျွန်တော်တို့ အားကစားပွဲတွေလုပ်တဲ့အခါ ကျောင်းသားလူငယ်တွေကို မေးတဲ့အခါမှတော့ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်ဆိုတာတော့ လူတိုင်းတော့ သတိထားမိလာကြတာပေါ့။ လူထုတွေထဲ လူတွေဦးနှောက်ထဲတော့ ရောက်တာပေါ့နော်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်ခေါင်းစဉ်ဖြင့် ဆေးလိပ်ငွေ့ကင်းစင်နေရာများ သတ်မှတ်ခြင်း၊ အခြေခံပညာကျောင်းများကို အခြေပြုလူထုလှုပ်ရှားမှုများကို ပြည်နယ်အစိုးရအဖွဲ့က လုပ်ဆောင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပင်းတယဂူ၊ ဗီယက်နမ်နိုင်ငံမှ ဟေလောင်းကမ်းခြေနှင့် ဟွိုင်အင်းရှေးဟောင်းမြို့တော်၊ လာအိုနိုင်ငံမှ ချန်ပါဆပ်၊ ဗက်ဖောင်နှင့် လောင်ပရာဘန်၊ မလေးရှားနိုင်ငံမှ ပီနန်၊ ဂျော့ချ်တောင်းနှင့် မလက္ကာ၊ အင်ဒိုနီးရှားနိုင်ငံမှ ပရမ်ဘာနန်နှင့် ဘောရောဗူးဒူး၊ ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ်ဒေသများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ဆောင်မှုများအတွက်  SEATCA က ရွေးချယ်ဆုချီးမြှင့်ခံရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -SEATCA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~