တာခ်ီလိတ္ခရိုင္တြင္ (၁၀)လအတြင္း ဆုိင္ကယ္ေဒသလိုင္စင္ထုတ္ေပးျခင္းမွ အခြန္ေငြ က်ပ္သိန္းေပါင္း (၃၀၀၀)ေက်ာ္ရရိွ

တာခ်ီလိတ္ခရိုင္တြင္ (၁၀)လအတြင္း ဆုိင္ကယ္ေဒသလိုင္စင္ထုတ္ေပးျခင္းမွ အခြန္ေငြ က်ပ္သိန္းေပါင္း (၃၀၀၀)ေက်ာ္ရရိွ
နိုဝင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္တြင္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလမွ ေအာက္တိုဘာလအထိ ဆိုင္ကယ္ အစီးေရ (၂၀၀၀) ေက်ာ္ကို ေဒသလိုင္စင္ထုတ္ေပးရာမွရရိွသည့္ အခြန္ေငြ က်ပ္သိန္းေပါင္း (၃၀၀၀)ေက်ာ္ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံေပးသြင္းထားႏုိင္ေၾကာင္း သိရသည္။

“ဆိုင္ကယ္လိုင္စင္ေတြကိုေတာ့ ရုံးဖြင့္ရက္ေတြမွာ ေန႔တိုင္းလုပ္ေပးေနပါတယ္။ ကညနရုံးမရိွတဲ့ တစ္ျခားၿမိဳ႕ေတြကိုလည္း Mobile အဖြဲ႕ေတြလႊတ္ၿပီးေတာ့လည္း လုပ္ေပးေနတာေတြ ရိွပါတယ္။ တစ္လနဲ႕ တစ္လကေတာ့ လိုင္စင္လုပ္တဲ့ အစီးေရ နည္းတာမ်ားတာေတာ့ရိွပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးစိုင္းလုံေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသလိုင္စင္မ်ားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ အစီအစဥ္ျဖင့္ ထုတ္ေပးေနျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလတြင္ (၂၆၂) စီး၊ ေဖေဖာ္၀ါရီလတြင္ (၁၉၁) စီး၊ မတ္လတြင္ (၇၉၉) စီး၊ ဧၿပီလတြင္ (၇၉) စီး၊ ေမလတြင္ (၁၄၄) စီး၊ ဇြန္လတြင္ (၄၁၇) စီး၊ ဇူလိုင္လတြင္ (၂၀၈) စီး၊ ၾသဂုတ္လတြင္ (၁၆၀) စီး၊ စက္တင္ဘာလတြင္ (၁၄၃)စီး၊ ေအာက္တိုဘာလတြင္ (၁၀၅) စီးတို႔ကို ေဒသလိုင္စင္မ်ား ထုတ္ေပးႏိုင္ခဲ့ျပီး အခြန္ေငြ က်ပ္(၃၂၂၄,၂၀၈၈၄)သိန္း ရရိွခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

မွတ္ပံုတင္ျပဳလုပ္မည့္ ဆုိင္ကယ္မ်ားအား ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနတြင္ စစ္ေဆးေရး အဖြဲ႕က ဆိုင္ကယ္အမ်ိဳးအစား၊ ေမာ္ဒယ္သတ္မွတ္ခ်က္မ်ား စိစစ္ေပးၿပီး သတ္မွတ္ ဒဏ္ေၾကးအား ျမန္မာ့စီးပြားေရး ဘဏ္တြင္ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဒဏ္ေၾကးေပးသြင္းၿပီးေၾကာင္း ခ်လန္ျဖတ္ပုိင္းႏွင့္အတူ ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါး ထိခုိက္နစ္နာမႈ အာမခံေၾကး ေပးေဆာင္ၿပီးပါက ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးတြင္ ယာဥ္မွတ္ပံုတင္ စာအုပ္(ကမ-၃)၊ ယာဥ္သက္ေသခံလက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်တွင် (၁၀)လအတွင်း ဆိုင်ကယ်ဒေသလိုင်စင်ထုတ်ပေးခြင်းမှ အခွန်ငွေ ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ရရှိ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆိုင်ကယ် အစီးရေ (၂၀၀၀) ကျော်ကို ဒေသလိုင်စင်ထုတ်ပေးရာမှရရှိသည့် အခွန်ငွေ ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံပေးသွင်းထားနိုင်ကြောင်း သိရသည်။

“ဆိုင်ကယ်လိုင်စင်တွေကိုတော့ ရုံးဖွင့်ရက်တွေမှာ နေ့တိုင်းလုပ်ပေးနေပါတယ်။ ကညနရုံးမရှိတဲ့ တစ်ခြားမြို့တွေကိုလည်း Mobile အဖွဲ့တွေလွှတ်ပြီးတော့လည်း လုပ်ပေးနေတာတွေ ရှိပါတယ်။ တစ်လနဲ့ တစ်လကတော့ လိုင်စင်လုပ်တဲ့ အစီးရေ နည်းတာများတာတော့ရှိပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသလိုင်စင်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် (၂၆၂) စီး၊ ဖေဖော်ဝါရီလတွင် (၁၉၁) စီး၊ မတ်လတွင် (၇၉၉) စီး၊ ဧပြီလတွင် (၇၉) စီး၊ မေလတွင် (၁၄၄) စီး၊ ဇွန်လတွင် (၄၁၇) စီး၊ ဇူလိုင်လတွင် (၂၀၈) စီး၊ သြဂုတ်လတွင် (၁၆၀) စီး၊ စက်တင်ဘာလတွင် (၁၄၃)စီး၊ အောက်တိုဘာလတွင် (၁၀၅) စီးတို့ကို ဒေသလိုင်စင်များ ထုတ်ပေးနိုင်ခဲ့ပြီး အခွန်ငွေ ကျပ်(၃၂၂၄,၂၀၈၈၄)သိန်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေး အဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ် ဒဏ်ကြေးအား မြန်မာ့စီးပွားရေး ဘဏ်တွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းနှင့်အတူ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~