ျပည္ခရိုင္တြင္ စိတ္ၾကြေဆးျပား (၁၈)သိန္း ဖမ္းဆီးရမိမႈႏွင့္ဆက္စပ္ၿပီး ရန္ကုန္တြင္ စိတ္ၾကြေဆးျပား (၁.၅)သန္း ထပ္မံဖမ္းဆီးရမိ

ျပည္ခရိုင္တြင္ စိတ္ၾကြေဆးျပား (၁၈)သိန္း ဖမ္းဆီးရမိမႈႏွင့္ဆက္စပ္ၿပီး ရန္ကုန္တြင္ စိတ္ၾကြေဆးျပား (၁.၅)သန္း ထပ္မံဖမ္းဆီးရမိ
နိုဝင်ဘာ 18, 2018
By 🌸
ပဲခူးတိုင္းေဒသႀကီးအေနာက္ျခမ္း ျပည္ခ႐ိုင္ ပန္းေတာင္းၿမိဳ႕နယ္ရိွ ေညာင္က်ိဳးစစ္ေဆးေရးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ႏိုဝင္ဘာလ (၁၃)ရက္ေန႔က ဖမ္းဆီးရမိသည့္ စိတ္ၾကြေဆးျပား(၁၈)သိန္း ဖမ္းဆီးရမိမႈႏွင့္ဆက္စပ္ၿပီး ရန္ကုန္တုိင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ရိွ ေနအိမ္ဂိုေဒါင္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁.၅)သန္းေက်ာ္ကို ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၄၀)မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာအဖြဲ႕ႏွင့္ ဥသွ်စ္ပင္နယ္ေျမရဲစခန္းမွ အမႈစစ္အဖြဲ႕တုိ႔က သက္ေသမ်ားႏွင့္အတူ ႏိုဝင္ဘာလ (၁၇)ရက္ေန႔တြင္ ရန္ကုန္တုိင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(ဂ)ရပ္ကြက္၊ မ-၂၀(က)ရွိ ဂုိေထာင္ကို ဝင္ေရာက္ရွာေဖြရာ ဂုိေထာင္အတြင္း ေတြ႔ရသည့္  TOYOTA VIGO ေမာ္ေတာ္ယာဥ္၏ ေနာက္ခန္းၾကမ္းခင္း အံဝွက္အတြင္းမွ WY စိတ္ၾကြရူးသြပ္ေဆးျပား (၁.၅႒) သန္းေက်ာ္ (၁၅၄၉၆၀၀ ျပား)တို႔ကို ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု(၃၇) ျပည္မွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ဖက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႕၊ သတင္းရဲတပ္ဖြဲ႕၊ နယ္ေျမခံ ေညာင္က်ဳိးရဲကင္းစခန္းတုိ႔မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ႏုိဝင္ဘာလ (၁၃) ရက္ေန႔ ည (၈)နာရီေက်ာ္က သက္ေသမ်ားႏွင့္အတူ ပန္းေတာငး္ၿမိဳ႕နယ္၊ ေညာင္က်ဳိး စစ္ေဆးေရးဂိတ္တြင္ ရွာေဖြစစ္ေဆးေဆာင္ရြက္စဥ္ ဥသွ်စ္ပင္ဘက္မွ ေတာင္ကုတ္ဘက္သုိ႔ ယာဥ္ေမာင္း ဝင္းေမာင္ ေမာင္းႏွင္ၿပီး ဝင္းျမင့္ လုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဥ္ေနာက္ခန္း ၾကမ္းခင္းတြင္ အံဝွက္ျဖင့္ သုိဝွက္ယူေဆာင္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၈) သိန္းကို ဖမ္းဆီးရမိခဲ့ရာမွ ထပ္မံေဖၚထုတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ဝင္းေမာင္ႏွင့္ ဝင္းျမင့္ကို ဥသွ်စ္ပင္ နယ္ေျမရဲစခန္းတြင္ မယ(ပ)၂/၂၀၁၈ ၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ ျဖင့္လည္းေကာင္း နန္းမုိဟြမ္ႏွင့္ စုိင္းသိန္းႏုိ္င္တုိ႔အား အင္းစိန္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာ ေဆးဝါးမ်ား ဆုိင္ရာဥပေဒအရလည္းေကာင္း အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ခရိုင်တွင် စိတ်ကြွဆေးပြား (၁၈)သိန်း ဖမ်းဆီးရမိမှုနှင့်ဆက်စပ်ပြီး ရန်ကုန်တွင် စိတ်ကြွဆေးပြား (၁.၅)သန်း ထပ်မံဖမ်းဆီးရမိ
***************
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ ခုနှစ်၊နိုဝင်ဘာလ (၁၃)ရက်နေ့က ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား(၁၈)သိန်း ဖမ်းဆီးရမိမှုနှင့်ဆက်စပ်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ နေအိမ်ဂိုဒေါင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁.၅)သန်းကျော်ကို ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၄၀)မှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့နှင့် ဥသျှစ်ပင်နယ်မြေရဲစခန်းမှ အမှုစစ်အဖွဲ့တို့က သက်သေများနှင့်အတူ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)ရှိ ဂိုထောင်ကို ဝင်ရောက်ရှာဖွေရာ ဂိုထောင်အတွင်း တွေ့ရသည့်  TOYOTA VIGO မော်တော်ယာဉ်၏ နောက်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၁.၅ဋ္ဌ) သန်းကျော် (၁၅၄၉၆၀၀ ပြား)တို့ကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၃၇) ပြည်မှ တပ်ဖွဲ့ဝင်များနှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ နယ်မြေခံ ညောင်ကျိုးရဲကင်းစခန်းတို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ည (၈)နာရီကျော်က သက်သေများနှင့်အတူ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးဆောင်ရွက်စဉ် ဥသျှစ်ပင်ဘက်မှ တောင်ကုတ်ဘက်သို့ ယာဉ်မောင်း ဝင်းမောင် မောင်းနှင်ပြီး ဝင်းမြင့် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်းတွင် အံဝှက်ဖြင့် သိုဝှက်ယူဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၈) သိန်းကို ဖမ်းဆီးရမိခဲ့ရာမှ ထပ်မံဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဝင်းမောင်နှင့် ဝင်းမြင့်ကို ဥသျှစ်ပင် နယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း နန်းမိုဟွမ်နှင့် စိုင်းသိန်းနိုင်တို့အား အင်းစိန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရလည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~