မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ဘိန္းခင္းရွာေဖြဖ်က္ဆီးသည့္အဖြဲ႕က ငါးေဟရြာသစ္အနီးတြင္ ဘိန္းခင္းေတြ႔ရိွ

မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း ဘိန္းခင္းရွာေဖြဖ်က္ဆီးသည့္အဖြဲ႕က ငါးေဟရြာသစ္အနီးတြင္ ဘိန္းခင္းေတြ႔ရိွ
နိုဝင်ဘာ 28, 2018
By 🌸
ဘိန္းစိုက္ပ်ိဳးရာသီျဖစ္သည့္အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္း ဘိန္းစိုက္ခင္းမ်ား ရွာေဖြဖ်က္ဆီးေနသည့္ သက္ဆုိင္ရာဌာနမ်ားပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၈)ရက္ေန႔တြင္ ဘိန္းခင္း (၁)ဧကကို ထပ္မံရွာေဖြေတြ႔ရိွေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕၊ တပ္မေတာ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၊ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ စိုက္ပ်ိဳးေရးဦးစီးဌာန၊ သစ္ေတာဦးစီးဌာန၊ ျပည္သူ႔စစ္တို႔ပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ ႏိုဝင္ဘာလအတြင္း နမ့္ပန္ေက်းရြာအုပ္စုအတြင္း ဘိန္းခင္းမ်ားရွာေဖြဖ်က္ဆီးေနျခင္းျဖစ္ရာ ႏိုဝင္ဘာလ(၂၆)ရက္ေန႔က နန္႔ပန္ေက်းရြာအနီး ဘိန္းခင္း(၃)ဧကကိုလည္းေကာင္း၊ ႏိုဝင္ဘာလ (၂၈)ရက္ေန႔တြင္  ငါးေဟရြာသစ္အနီးတြင္ ဘိန္းခင္း(၁)ဧကကိုလည္းေကာင္း ရွာေဖြေတြ႔ရိွ ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ိဳးရာသီတြင္ ဘိန္းစိုက္ပ်ိဳးေလ့ရိွသည့္နယ္ေျမမ်ားအတြင္း သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ ေဒသအလိုက္ ဘိန္းခင္းမ်ား ရွာေဖြဖ်က္ဆီးျခင္းကို လုပ္ေဆာင္ေလ့ရိွျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းခင်းရှာဖွေဖျက်ဆီးသည့်အဖွဲ့က ငါးဟေရွာသစ်အနီးတွင် ဘိန်းခင်းတွေ့ရှိ
*************
ဘိန်းစိုက်ပျိုးရာသီဖြစ်သည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးနေသည့် သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဘိန်းခင်း (၁)ဧကကို ထပ်မံရှာဖွေတွေ့ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့၊ တပ်မတော်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့စစ်တို့ပူးပေါင်းပါဝင်သည့်အဖွဲ့သည် နိုဝင်ဘာလအတွင်း နမ့်ပန်ကျေးရွာအုပ်စုအတွင်း ဘိန်းခင်းများရှာဖွေဖျက်ဆီးနေခြင်းဖြစ်ရာ နိုဝင်ဘာလ(၂၆)ရက်နေ့က နန့်ပန်ကျေးရွာအနီး ဘိန်းခင်း(၃)ဧကကိုလည်းကောင်း၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင်  ငါးဟေရွာသစ်အနီးတွင် ဘိန်းခင်း(၁)ဧကကိုလည်းကောင်း ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးရာသီတွင် ဘိန်းစိုက်ပျိုးလေ့ရှိသည့်နယ်မြေများအတွင်း သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဒေသအလိုက် ဘိန်းခင်းများ ရှာဖွေဖျက်ဆီးခြင်းကို လုပ်ဆောင်လေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~