
နိုဝငျဘာ 15, 2018
By 🌸


Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဦးမျိုးဝင်းအား ခန့်အပ်ရန် အတည်ပြု
****************
နိုင်ငံတော်သမ္မတက အမည်စာရင်းပေးပို့ထားသော  ဦးမျိုးဝင်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ရန် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၌ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်က အတည်ပြုလိုက်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဖြည့်စွက်ခန့်ထားရန် လိုအပ်ချက်အရ  ဦးမျိုးဝင်းအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတ၏အဆိုပြုချက်အား နိုဝင်ဘာလ (၁၂) ရက်နေ့၌ကျင်းပသော  ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့တွင် တင်သွင်းထားခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုပြုပုဂ္ဂိုလ်အား ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~