မူဆယ္ဘက္သို႔ သယ္လာသည့္ သစ္ႏွင့္ေက်ာက္စိမ္းမ်ား၊ တရုတ္ႏုိင္ငံမွ တင္သြင္းလာသည့္ အေကာက္ခြန္မဲ့ပစၥည္းမ်ားကို ေရပူတြင္ ဖမ္းမိ

မူဆယ္ဘက္သို႔ သယ္လာသည့္ သစ္ႏွင့္ေက်ာက္စိမ္းမ်ား၊ တရုတ္ႏုိင္ငံမွ တင္သြင္းလာသည့္ အေကာက္ခြန္မဲ့ပစၥည္းမ်ားကို ေရပူတြင္ ဖမ္းမိ
နိုဝင်ဘာ 30, 2018
By 🌸
ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းရိွ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္  မူဆယ္ဘက္မွသယ္ေဆာင္လာသည့္ အေကာက္ခြန္မဲ့ပစၥည္းႏွင့္ မူဆယ္ဘက္သို႔ သယ္ေဆာင္လာသည့္ သစ္မ်ားႏွင့္ ေက်ာက္စိမ္းျဖတ္စမ်ားကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၉)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၉)ရက္ေန႔ နံနက္(၂)နာရီအခ်ိန္က မူဆယ္ဘက္သို႔ အတက္ယာဥ္မ်ားအား စစ္ေဆးရာ တရားမဝင္သစ္မ်ားတင္လာသည့္ ခရီးသည္တင္ယာဥ္တစ္စီးႏွင့္ နံနက္(၃)နာရီခြဲအခ်ိန္တြင္ Nissan AD Van တစ္စီး၊ ေန႔လယ္(၁)နာရီခြဲအခ်ိန္တြင္ ေမာ္ေတာ္ယာဥ္ၾကမ္းခမ္းအတြင္း ေက်ာက္စိမ္းျဖတ္စမ်ား ဝွက္၍သယ္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးတုိ႔ကို ဖမ္းမိေၾကာင္း သိရသည္။

မူဆယ္ဘက္မွ မႏၱေလးဘက္သို႔ဆင္းလာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးရာတြင္လည္း အေကာက္ခြန္မဲ့တင္သြင္းလာသည့္ ပစၥည္း (၇)မ်ိဳးကို စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
မူဆယ်ဘက်သို့ သယ်လာသည့် သစ်နှင့်ကျောက်စိမ်းများ၊ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အကောက်ခွန်မဲ့ပစ္စည်းများကို ရေပူတွင် ဖမ်းမိ
**************
မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင်  မူဆယ်ဘက်မှသယ်ဆောင်လာသည့် အကောက်ခွန်မဲ့ပစ္စည်းနှင့် မူဆယ်ဘက်သို့ သယ်ဆောင်လာသည့် သစ်များနှင့် ကျောက်စိမ်းဖြတ်စများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းအဖွဲ့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်(၂)နာရီအချိန်က မူဆယ်ဘက်သို့ အတက်ယာဉ်များအား စစ်ဆေးရာ တရားမဝင်သစ်များတင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးနှင့် နံနက်(၃)နာရီခွဲအချိန်တွင် Nissan AD Van တစ်စီး၊ နေ့လယ်(၁)နာရီခွဲအချိန်တွင် မော်တော်ယာဉ်ကြမ်းခမ်းအတွင်း ကျောက်စိမ်းဖြတ်စများ ဝှက်၍သယ်လာသည့် မော်တော်ယာဉ်တစ်စီးတို့ကို ဖမ်းမိကြောင်း သိရသည်။

မူဆယ်ဘက်မှ မန္တလေးဘက်သို့ဆင်းလာသည့် မော်တော်ယာဉ်များအား စစ်ဆေးရာတွင်လည်း အကောက်ခွန်မဲ့တင်သွင်းလာသည့် ပစ္စည်း (၇)မျိုးကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~