တာခ်ီလိတ္ၿမိဳ႕မေစ်းပတ္လည္မွ ဆို္င္ခန္းမ်ား သတ္မွတ္ဧရိယာေက်ာ္လြန္ခင္းက်င္းျခင္းမျပဳရန္ လိုက္လံသတိေပး

တာခ်ီလိတ္ၿမိဳ႕မေစ်းပတ္လည္မွ ဆို္င္ခန္းမ်ား သတ္မွတ္ဧရိယာေက်ာ္လြန္ခင္းက်င္းျခင္းမျပဳရန္ လိုက္လံသတိေပး
နိုဝင်ဘာ 29, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕မေစ်းပတ္လည္ရိွ ေစ်းဆုိင္ခန္းမ်ား သတ္မွတ္ဧရိယာ ေက်ာ္လြန္ေရာင္းခ်ေနမႈမ်ားေၾကာင့္ လမ္းပိတ္ဆို႔မႈျဖစ္ေနသျဖင့္ ေစ်းေကာ္မတီဝင္မ်ားက ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၉)ရက္ေန႔တြင္ ပညာေပးမႈမ်ားလုိက္လံေဆာင္ရြက္ေၾကာင္း သိရသည္။

“ေစ်းပတ္လည္မွာကဆိုင္ခန္းေတြကို အေရွ႕မွာ (၂)ေပထက္မေက်ာ္ဖို႔ဆိုၿပီး ကၽြန္ေတာ္တုိ႔ တိုင္းတာ သတ္မွတ္ေပးထားပါတယ္။ လိုက္ၿပီးအသိေပးေျပာၾကားတာေတြလည္း လုပ္တယ္။ ေျပာထားၿပီးရင္ ခဏေတာ့ လုိက္နာတယ္။ ေနာက္ေတာ့ အရင္လိုျပန္ထြက္ၾကျပန္ေရာ ျဖစ္ေနတယ္။ ဥပေဒအရ အေရးယူလို႔ရေပမဲ့ သူတို႔အေနနဲ႔လည္း စီးပြားေရးလုပ္ကိုင္စားရတာမွာ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္လုိ႔ ကၽြန္ေတာ္တို႔က အေရးယူတာထက္ ေဆြးေႏြးသတိေပးတာကို လုပ္ေနတာပါ။ လမ္းပိတ္ေနေတာ့ အေရးအေၾကာင္းတစ္ခုခုဆို အဝင္အထြက္ကလုပ္လို႔ရေတာ့မွာ မဟုတ္ဘူး။ ကိုယ့္ေစ်းသာယာေရးက ကိုယ္တုိင္ပါဝင္ၾကဖို႔လိုတာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေစ်းေကာ္မတီဝင္မ်ား၊ စည္းကမ္းထိမ္းသိမ္းေရးႏွင့္ စည္ပင္သာယာေရးဌာနမွ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕က ေစ်းအတြင္း သတ္မွတ္ဧရိယာထက္ေက်ာ္လြန္ေနသည့္ ဆုိင္ခန္းပိုင္ရွင္မ်ားအား သတိေပးေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မေစ်းပတ္လည္ရိွေစ်းဆုိင္ခန္းမ်ားက လမ္းဧရိယာဘက္တိုးထြက္၍ ဆိုင္ခင္းက်င္းေရာင္းခ်ျခင္းမ်ားေၾကာင့္ လမ္းက်ဥ္းေျမာင္းပိတ္ဆို႔မႈမ်ား ျဖစ္ေနသည့္အျပင္ ေစ်းအတြင္း ေရပိုက္မွ ေရမလာျခင္း၊ ေစ်းအိမ္သာမ်ားပ်က္စီးေနျခင္းႏွင့္ ေစ်းအမိႈက္ပံုမရွင္းလင္းျခင္းမ်ားကို ႀကံဳေတြ႔ေနရေၾကာင္း ေစ်းသူေစ်းသားမ်ားထံမွ သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္ဝင္းစိန္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့မဈေးပတ်လည်မှ ဆိုင်ခန်းများ သတ်မှတ်ဧရိယာကျော်လွန်ခင်းကျင်းခြင်းမပြုရန် လိုက်လံသတိပေး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြို့မဈေးပတ်လည်ရှိ ဈေးဆိုင်ခန်းများ သတ်မှတ်ဧရိယာ ကျော်လွန်ရောင်းချနေမှုများကြောင့် လမ်းပိတ်ဆို့မှုဖြစ်နေသဖြင့် ဈေးကော်မတီဝင်များက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပညာပေးမှုများလိုက်လံဆောင်ရွက်ကြောင်း သိရသည်။

“ဈေးပတ်လည်မှာကဆိုင်ခန်းတွေကို အရှေ့မှာ (၂)ပေထက်မကျော်ဖို့ဆိုပြီး ကျွန်တော်တို့ တိုင်းတာ သတ်မှတ်ပေးထားပါတယ်။ လိုက်ပြီးအသိပေးပြောကြားတာတွေလည်း လုပ်တယ်။ ပြောထားပြီးရင် ခဏတော့ လိုက်နာတယ်။ နောက်တော့ အရင်လိုပြန်ထွက်ကြပြန်ရော ဖြစ်နေတယ်။ ဥပဒေအရ အရေးယူလို့ရပေမဲ့ သူတို့အနေနဲ့လည်း စီးပွားရေးလုပ်ကိုင်စားရတာမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ ကျွန်တော်တို့က အရေးယူတာထက် ဆွေးနွေးသတိပေးတာကို လုပ်နေတာပါ။ လမ်းပိတ်နေတော့ အရေးအကြောင်းတစ်ခုခုဆို အဝင်အထွက်ကလုပ်လို့ရတော့မှာ မဟုတ်ဘူး။ ကိုယ့်ဈေးသာယာရေးက ကိုယ်တိုင်ပါဝင်ကြဖို့လိုတာပေါ့”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဈေးကော်မတီဝင်များ၊ စည်းကမ်းထိမ်းသိမ်းရေးနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က ဈေးအတွင်း သတ်မှတ်ဧရိယာထက်ကျော်လွန်နေသည့် ဆိုင်ခန်းပိုင်ရှင်များအား သတိပေးဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့မဈေးပတ်လည်ရှိဈေးဆိုင်ခန်းများက လမ်းဧရိယာဘက်တိုးထွက်၍ ဆိုင်ခင်းကျင်းရောင်းချခြင်းများကြောင့် လမ်းကျဉ်းမြောင်းပိတ်ဆို့မှုများ ဖြစ်နေသည့်အပြင် ဈေးအတွင်း ရေပိုက်မှ ရေမလာခြင်း၊ ဈေးအိမ်သာများပျက်စီးနေခြင်းနှင့် ဈေးအမှိုက်ပုံမရှင်းလင်းခြင်းများကို ကြုံတွေ့နေရကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~