မိုင္းဆတ္ခရိုင္အတြင္း ကၽြဲႏြားစားက်က္ေရျမဳပ္ေဒသမ်ားအတြက္ ကၽြဲ၊ ႏြားအစာမ်ား အခမဲ့ျဖန္႔ျဖဴး

မိုင္းဆတ္ခရိုင္အတြင္း ကၽြဲႏြားစားက်က္ေရျမဳပ္ေဒသမ်ားအတြက္ ကၽြဲ၊ ႏြားအစာမ်ား အခမဲ့ျဖန္႔ျဖဴး
နိုဝင်ဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္အတြင္း သဘာဝေဘးဒဏ္သင့္ေဒသမ်ားမွ ကၽြဲ၊ႏြားပိုင္ရွင္ ေတာင္သူ(၃၀)ဦးအား ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက တိရစာၦန္အစာမ်ား အခမဲ့ပံ့ပိုးေပးေၾကာင္း သိရသည္။

"သဘာ၀ေဘးဒဏ္သင့္ေဒသက ေတာင္သူေတြရဲ႕ ကၽြဲ၊ ႏြားတိရစာၦန္ေတြ က်န္းမာဖြံ႔ၿဖိဳးဖို႔နဲ႔ ေရာဂါကင္းေ၀းေစဖို႔ ရည္ရြယ္ၿပီး ႏိုင္ငံေတာ္အစိုးရက ကၽြဲ၊ ႏြားအစာေတြကို အခမဲ့ျဖန္႔ျဖဴးေပးတာပါ။ ကၽြန္ေတာ္တို႔ မိုင္းဆတ္ၿမိဳ႕နယ္မွာ ၀ိန္းလိတ္ေက်းရြာက ကၽြဲ၊ ႏြားပိုင္ရွင္ေတာင္သူ(၁၀)ဦးနဲ႔ (၃)မိုင္ေက်းရြာက ကၽြဲ၊ ႏြားပိုင္ရွင္ေတာင္သူ(၃၀)ဦးကို အစာအိတ္စုစုေပါင္း(၄၀)အိတ္ တန္ဘိုးအားျဖင့္(၁၂)သိန္းကို ေတာင္သူလက္၀ယ္အေရာက္ အခမဲ့ျဖန္႔ျဖဴးေပးတာ ပါ"ဟု ခ႐ိုင္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ခ႐ိုင္ဦးစီးမွဴး ေဒါက္တာႏိုင္ထြန္းဦးက ေျပာသည္။

ကၽြဲႏြားစားက်က္မ်ား ေရႀကီးနစ္ျမဳပ္ခဲ့သည့္ မုိင္းဆတ္ခရိုင္အတြင္း ဝိန္းလိတ္ႏွင့္ သံုးမုိင္ေက်းရြာတို႔မွ ကၽြဲႏြားပိုင္ရွင္ေတာင္သူမ်ားအား ပံ့ပိုးေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်ခရိုင်အတွင်း ကျွဲနွားစားကျက်ရေမြုပ်ဒေသများအတွက် ကျွဲ၊ နွားအစာများ အခမဲ့ဖြန့်ဖြူး
***************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း သဘာဝဘေးဒဏ်သင့်ဒေသများမှ ကျွဲ၊နွားပိုင်ရှင် တောင်သူ(၃၀)ဦးအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာများ အခမဲ့ပံ့ပိုးပေးကြောင်း သိရသည်။

"သဘာဝဘေးဒဏ်သင့်ဒေသက တောင်သူတွေရဲ့ ကျွဲ၊ နွားတိရစ္ဆာန်တွေ ကျန်းမာဖွံ့ဖြိုးဖို့နဲ့ ရောဂါကင်းဝေးစေဖို့ ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရက ကျွဲ၊ နွားအစာတွေကို အခမဲ့ဖြန့်ဖြူးပေးတာပါ။ ကျွန်တော်တို့ မိုင်းဆတ်မြို့နယ်မှာ ဝိန်းလိတ်ကျေးရွာက ကျွဲ၊ နွားပိုင်ရှင်တောင်သူ(၁၀)ဦးနဲ့ (၃)မိုင်ကျေးရွာက ကျွဲ၊ နွားပိုင်ရှင်တောင်သူ(၃၀)ဦးကို အစာအိတ်စုစုပေါင်း(၄၀)အိတ် တန်ဘိုးအားဖြင့်(၁၂)သိန်းကို တောင်သူလက်ဝယ်အရောက် အခမဲ့ဖြန့်ဖြူးပေးတာ ပါ"ဟု ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ပြောသည်။

ကျွဲနွားစားကျက်များ ရေကြီးနစ်မြုပ်ခဲ့သည့် မိုင်းဆတ်ခရိုင်အတွင်း ဝိန်းလိတ်နှင့် သုံးမိုင်ကျေးရွာတို့မှ ကျွဲနွားပိုင်ရှင်တောင်သူများအား ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~