မိုင္းဆတ္ခရိုင္အတြင္း အေျခခံအေဆာက္အအံုတည္ေဆာက္ေရးအတြက္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ရန္ပံုေငြ က်ပ္သန္း(၁၄၀၀၀)ေက်ာ္ သံုးစြဲမည္

မိုင္းဆတ္ခရိုင္အတြင္း အေျခခံအေဆာက္အအံုတည္ေဆာက္ေရးအတြက္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ရန္ပံုေငြ က်ပ္သန္း(၁၄၀၀၀)ေက်ာ္ သံုးစြဲမည္
နိုဝင်ဘာ 17, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္၊မိုင္းဆတ္ၿမိဳ႕နယ္ႏွင့္ မိုင္းတုံၿမိဳ႕နယ္တို႔တြင္ လမ္း၊ တံတား၊ မီးလင္းေရးႏွင့္ စိမ့္စမ္းေရသြယ္တန္းေရး အေျခခံအေအာက္အအံုတည္ေဆာက္ေရးလုပ္ငန္းမ်ားအတြက္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ရန္ပံုေငြ စုစုေပါင္းေငြက်ပ္(၁၄၇၂၇ ဒႆမ ၃၂၅)သန္း သံုးစြဲမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုရန္ပုံေငြ က်ပ္(၅၇၆၅ ဒႆမ ၈၈၀)သန္းႏွင့္ ျပည္နယ္ရန္ပုံေငြက်ပ္(၈၉၆၁ ဒႆမ ၄၅၅)သန္းတို႔ျဖင့္ အေကာင္အထည္ေဖၚမည့္ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ခ႐ိုင္စီမံကိန္းေရးဆြဲအေကာင္အထည္ေဖာ္ေရး ေကာ္မတီ၊ သက္ဆိုင္ရာဌာနမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔တြင္ ခ႐ုိင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေ၀းခန္းမ၌ ေတြ႔ဆံုေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆိုပါအစည္းအေဝးတြင္ ခ႐ုိင္စီမံကိန္းေရးဆြဲအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ိဳးေအာင္၊ ခ႐ိုင္စီမံကိန္းေရးဆြဲအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ခ႐ိုင္စီမံကိန္းဦးစီးမွဴး ဦးတင္ေမာင္၀င္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါ၀ိဒ္တို႔ႏွင့္အတူ သက္ဆုိင္ရာ ဌာနတာဝန္ရိွသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း #သန္းေဇာ္(မိုင္းဆတ္)
ဓါတ္ပံု -ေဇာ္ဝမ္းထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်ခရိုင်အတွင်း အခြေခံအဆောက်အအုံတည်ဆောက်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သန်း(၁၄၀၀၀)ကျော် သုံးစွဲမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့တွင် လမ်း၊ တံတား၊ မီးလင်းရေးနှင့် စိမ့်စမ်းရေသွယ်တန်းရေး အခြေခံအအောက်အအုံတည်ဆောက်ရေးလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေ စုစုပေါင်းငွေကျပ်(၁၄၇၂၇ ဒဿမ ၃၂၅)သန်း သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရန်ပုံငွေ ကျပ်(၅၇၆၅ ဒဿမ ၈၈၀)သန်းနှင့် ပြည်နယ်ရန်ပုံငွေကျပ်(၈၉၆၁ ဒဿမ ၄၅၅)သန်းတို့ဖြင့် အကောင်အထည်ဖေါ်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၊ သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးမှူး ဦးတင်မောင်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်တို့နှင့်အတူ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း #သန်းဇော်(မိုင်းဆတ်)
ဓါတ်ပုံ -ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~