မုိင္းျဖတ္ၿမိဳ႕နယ္တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား ၂၂ ျပားဖမ္းဆီးရမိ

မုိင္းျဖတ္ၿမိဳ႕နယ္တြင္ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား ၂၂ ျပားဖမ္းဆီးရမိ
နိုဝင်ဘာ 29, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕နယ္တြင္ မူးယစ္သတင္းရေနအိမ္အား ရဲတပ္ဖြဲ႕က သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၂၂)ျပားႏွင့္ လူငယ္အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕နယ္၊ ေတာညဳေက်းရြာအုပ္စု၊ ေတာညဳေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၈)ရက္ေန႔ နံနက္ (၆)နာရီ (၄၅)မိနစ္အခ်ိန္တြင္ မူးယစ္သတင္းရသည့္ ဦးေလာေဆာ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဦးေလာေဆာ၏ သားျဖစ္သူ ေဂ်ာ္နီကိုေတြ႔ရၿပီး WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၂၂)ျပားႏွင့္ မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရိွခဲ့ေၾကာင္း သိရသည္။

ေဂ်ာ္နီမွာ စိတ္ၾကြေဆးျပား သံုးစြဲ၊ ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

မူး/စိတ္ပုဒ္မ ၁၆(၈)သည္ မူးယစ္ေဆးဝါး သို႔မဟုတ္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးကို လက္ဝယ္ထားျခင္း၊ သယ္ယူပို႔ေဆာင္ျခင္း၊ တစ္ဆင့္ေပးပို႔ျခင္း၊ လႊဲေျပာင္းေပးျခင္းတုိ႔ လုပ္ေဆာင္သည္ဟု ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ အနည္းဆံုး (၅)ႏွစ္မွ အမ်ားဆံုး (၁၀)ႏွစ္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်တွင် မူးယစ်သတင်းရနေအိမ်မှ စိတ်ကြွဆေးပြား ၂၂ ပြားဖမ်းဆီးရမိ
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မူးယစ်သတင်းရနေအိမ်အား ရဲတပ်ဖွဲ့က သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၂၂)ပြားနှင့် လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ တောညုကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်တွင် မူးယစ်သတင်းရသည့် ဦးလောဆော၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးလောဆော၏ သားဖြစ်သူ ဂျော်နီကိုတွေ့ရပြီး WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၂)ပြားနှင့် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ဂျော်နီမှာ စိတ်ကြွဆေးပြား သုံးစွဲ၊ ရောင်းချနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မူး/စိတ်ပုဒ်မ ၁၆(၈)သည် မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တစ်ဆင့်ပေးပို့ခြင်း၊ လွှဲပြောင်းပေးခြင်းတို့ လုပ်ဆောင်သည်ဟု ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနည်းဆုံး (၅)နှစ်မှ အများဆုံး (၁၀)နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~