Samsung Tech Institute ၏ Mobile Application Training 2018 တြင္ ျပည္ကြန္ပ်ဴတာတကၠသိုလ္အဖြဲ႕၏ War of Words ပထမရရိွ

Samsung Tech Institute ၏ Mobile Application Training 2018 တြင္ ျပည္ကြန္ပ်ဴတာတကၠသိုလ္အဖြဲ႕၏ War of Words ပထမရရိွ
နိုဝင်ဘာ 14, 2018
By 🌸
Samsung Tech Institute ၏ Mobile Application Training 2018 တြင္ ျပည္ကြန္ပ်ဴတာတကၠသိုလ္မွ အဖြဲ႕က ပထမ၊ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္မွ အဖြဲ႕က ဒုတိယႏွင့္ သထံုကြန္ပ်ဴတာတကၠသိုလ္မွ အဖြဲ႕က တတိယအသီးသီးရသြားေၾကာင္း သိရသည္။
"ညီမတို႕ App က Chatting Game ပုံစံမ်ိဳးပါ။ ဒီ Game ကို တစ္ေယာက္တည္းလည္း ေဆာ့လို႕ရတယ္။ ႏွစ္ေယာက္လည္း ေဆာ့လို႔ရပါတယ္။ တစ္တန္းကေန ရွစ္တန္းအထိ ေက်ာင္းသားေတြက Meaning စာအုပ္ေတြနဲ႕ Meaning စစ္စရာမလိုဘဲ ဒီကေနပဲစစ္လို႕ရပါတယ္"ဟု ပထမဆုရရိွခဲ့သည့္ ကြန္ပ်ဴတာတကၠသိုလ္(ျပည္)ကိုယ္စားျပဳအသင္းမွ မအိေကခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ေျပာသည္။
အဆိုပါ Mobile Applicationကို ကေလးမ်ား ျမန္မာစာႏွင့္ အဂၤလိပ္စာ စာလုံးေပါင္းသတ္ပုံႏွင့္ စြမ္းရည္မ်ား တိုးတက္လာေစရန္ ရည္ရြယ္၍ ေရးသားထားျခင္းျဖစ္ၿပီး  Application တြင္ တျခားသူေရးသားလိုက္ေသာ စကားလုံး၏ အဆုံးသတ္ အကၡရာျဖင့္ မိမိ၏ စကားလုံးကို ျပန္စရမည့္ ပုံစံျဖင့္ ကစားသြားရမည္ျဖစ္ကာ စကားလုံးမ်ား၏ အသံထြက္ကိုလည္း ထည့္သြင္းေပးထားသလို မူလတန္းကေလးမ်ားအတြက္ ရည္ရြယ္၍ ထည့္သြင္းထားသည့္ Kid Puzzle ကိုလည္း ထည့္သြင္းထားေၾကာင္း သိရသည္။
"ဒီ Application ေရးဖို႕က ဒါမ်ိဳးပုံစံကစားနည္းကို ကၽြန္ေတာ္ငယ္ငယ္ကတည္းက ကၽြန္ေတာ့အေဖတို႕ အမတို႕နဲ႕ ေဆာ့ခဲ့ဖူးပါတယ္။ ဒါမ်ိဳးပုံစံ Mobile Application ေတြက မရိွေသးပါဘူး။ ကၽြန္ေတာ္ ရွာၾကည့္ပါေသးတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕က ဒါကို Develop လုပ္ၿပီး ဒီApplicationျဖစ္ေအာင္ ေရးလုိုက္တာပါ။ ဒီAppကို အမ်ားသုံးႏိုင္ဖို႕အတြက္လည္း ေနာက္ ႏွစ္ပတ္၊ သုံးပတ္ထဲမွာ Play Storeေပၚ တင္ႏို္င္ေအာင္ လုပ္သြားပါမယ္"ဟု ပထမဆုရရိွခဲ့သည့္ ကြန္ပ်ဴတာတကၠသိုလ္(ျပည္)ကိုယ္စားျပဳအသင္းမွ ကိုေ၀ယံထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ေျပာသည္။
ျမန္မာတစ္ႏိုင္ငံလုံးရိွ ကြန္ပ်ဴတာတကၠသိုလ္(၂၇)ခုမွ အဖြဲ႕မ်ားဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ အဆိုပါ သင္တန္းတြင္ War of Words ကိုဖန္တီးသည့္ ကြန္ပ်ဴတာတကၠသို္လ္(ျပည္)မွ အဖြဲ႕ကို ပထမဆုအျဖစ္ က်ပ္(၂၁)သိန္းကို ည္းေကာင္း၊ Smart Payကို ဖန္တီးသည့္ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္မွအဖြဲ႕ကို ဒုတိယဆု က်ပ္(၁၅)သိန္းကိုလည္းေကာင္း၊ ေရဗ်ိဳ႕ေရ ကိုဖန္တီးသည့္ ကြန္ပ်ဴတာတကၠသိုလ္(သထုံ)မွအဖြဲ႕ကို တတိယဆု က်ပ္(၉)သိန္းကိုလည္းေကာင္း အသီးသီးေရြးခ်ယ္ခ်ီးျမႇင့္ခဲ့ၿပီး ႏွစ္သိမ့္ဆု-၁ ႏွင့္ The Best Performance ဆုကို Waste To Moneyကို ဖန္တီးသည့္ ကြန္ပ်ဴတာတကၠသိုလ္(မႏၱေလး) မွအဖြဲ႕ကို လည္းေကာင္း၊ ႏွစ္သိမ့္ဆု(၂)ကို Speaking Partners ကို ဖန္တီးသည့္ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္မွ အဖြဲ႕ကိုလည္းေကာင္း အသီးသီးေရြးခ်ယ္ခ်ီးျမႇင့္လုိက္ေၾကာင္း သိရသည္။
Samsung Tech Instituteမွ ဖြင့္လွစ္ခဲ့သည့္ Mobile Application Training 2018 သင္တန္း၏ သင္တန္းဆင္းပြဲႏွင့္ ဆုေပးပြဲကို ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ(၁၃)ရက္ေန႔ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရိွ IBC ခန္းမ၌ က်င္းပခဲ့ျခင္းျဖစ္သည္။
အဆိုပါ သင္တန္းကို ျမန္မာတစ္ႏိုင္ငံလုံးရိွ ကြန္ပ်ဴတာတကၠသိုလ္(၂၇)ေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ (၉၀)ဦးက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔မွ ႏို၀င္ဘာလ(၁၃)ရက္ေန႔အထိ တက္ေရာက္ခဲ့ၾက  ၿပီး တစ္ဖြဲ႕လွ်င္ (၃)ဦးပါသည့္ အဖြဲ႕ေပါင္း (၃၀)က Mobile Application မ်ား ေရးသားယွဥ္ၿပိဳင္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းတြင္ Mobile Applicationေရးသား ဖန္တီးရန္အတြက္ လိုအပ္ေသာ အေျခခံ ဘာသာရပ္မ်ားကို အဓိကထား သင္ၾကားေပးခဲ့ ျခင္းျဖစ္ၿပီး Samsung Tech Institute မွ ျမန္မာတစ္ႏိုင္ငံလုံးရိွ ကြန္ပ်ဴတာတကၠသိုလ္မ်ားတြင္ ႏွစ္စဥ္၀င္ခြင့္စာေမးပြဲမ်ား က်င္းပေပးကာ သင္တန္းသားမ်ားကို ေခၚယူေနျခင္း ျဖစ္သည္။
သတင္း #ဇြဲျမတ္

~~~~~~~⊰❂ unicode ~~~~~~~~

Samsung Tech Institute ၏ Mobile Application Training 2018 တွင် ပြည်ကွန်ပျူတာတက္ကသိုလ်အဖွဲ့၏ War of Words ပထမရရှိ
************
Samsung Tech Institute ၏ Mobile Application Training 2018 တွင် ပြည်ကွန်ပျူတာတက္ကသိုလ်မှ အဖွဲ့က ပထမ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ အဖွဲ့က ဒုတိယနှင့် သထုံကွန်ပျူတာတက္ကသိုလ်မှ အဖွဲ့က တတိယအသီးသီးရသွားကြောင်း သိရသည်။

"ညီမတို့ App က Chatting Game ပုံစံမျိုးပါ။ ဒီ Game ကို တစ်ယောက်တည်းလည်း ဆော့လို့ရတယ်။ နှစ်ယောက်လည်း ဆော့လို့ရပါတယ်။ တစ်တန်းကနေ ရှစ်တန်းအထိ ကျောင်းသားတွေက Meaning စာအုပ်တွေနဲ့ Meaning စစ်စရာမလိုဘဲ ဒီကနေပဲစစ်လို့ရပါတယ်"ဟု ပထမဆုရရှိခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပြည်)ကိုယ်စားပြုအသင်းမှ မအိကေခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
အဆိုပါ Mobile Applicationကို ကလေးများ မြန်မာစာနှင့် အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံနှင့် စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ပြီး  Application တွင် တခြားသူရေးသားလိုက်သော စကားလုံး၏ အဆုံးသတ် အက္ခရာဖြင့် မိမိ၏ စကားလုံးကို ပြန်စရမည့် ပုံစံဖြင့် ကစားသွားရမည်ဖြစ်ကာ စကားလုံးများ၏ အသံထွက်ကိုလည်း ထည့်သွင်းပေးထားသလို မူလတန်းကလေးများအတွက် ရည်ရွယ်၍ ထည့်သွင်းထားသည့် Kid Puzzle ကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

"ဒီ Application ရေးဖို့က ဒါမျိုးပုံစံကစားနည်းကို ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့အဖေတို့ အမတို့နဲ့ ဆော့ခဲ့ဖူးပါတယ်။ ဒါမျိုးပုံစံ Mobile Application တွေက မရှိသေးပါဘူး။ ကျွန်တော် ရှာကြည့်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါကို Develop လုပ်ပြီး ဒီApplicationဖြစ်အောင် ရေးလိုက်တာပါ။ ဒီAppကို အများသုံးနိုင်ဖို့အတွက်လည်း နောက် နှစ်ပတ်၊ သုံးပတ်ထဲမှာ Play Storeပေါ် တင်နိုင်အောင် လုပ်သွားပါမယ်"ဟု ပထမဆုရရှိခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပြည်)ကိုယ်စားပြုအသင်းမှ ကိုဝေယံထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ကွန်ပျူတာတက္ကသိုလ်(၂၇)ခုမှ အဖွဲ့များဝင်ရောက်ယှဉ်ပြိုင်နေသည့် အဆိုပါ သင်တန်းတွင် War of Words ကိုဖန်တီးသည့် ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အဖွဲ့ကို ပထမဆုအဖြစ် ကျပ်(၂၁)သိန်းကို ည်းကောင်း၊ Smart Payကို ဖန်တီးသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှအဖွဲ့ကို ဒုတိယဆု ကျပ်(၁၅)သိန်းကိုလည်းကောင်း၊ ရေဗျို့ရေ ကိုဖန်တီးသည့် ကွန်ပျူတာတက္ကသိုလ်(သထုံ)မှအဖွဲ့ကို တတိယဆု ကျပ်(၉)သိန်းကိုလည်းကောင်း အသီးသီးရွေးချယ်ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆု-၁ နှင့် The Best Performance ဆုကို Waste To Moneyကို ဖန်တီးသည့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မှအဖွဲ့ကို လည်းကောင်း၊ နှစ်သိမ့်ဆု(၂)ကို Speaking Partners ကို ဖန်တီးသည့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ အဖွဲ့ကိုလည်းကောင်း အသီးသီးရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။

Samsung Tech Instituteမှ ဖွင့်လှစ်ခဲ့သည့် Mobile Application Training 2018 သင်တန်း၏ သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ IBC ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကို မြန်မာတစ်နိုင်ငံလုံးရှိ ကွန်ပျူတာတက္ကသိုလ်(၂၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှ နိုဝင်ဘာလ(၁၃)ရက်နေ့အထိ တက်ရောက်ခဲ့ကြပြီး တစ်ဖွဲ့လျှင် (၃)ဦးပါသည့် အဖွဲ့ပေါင်း (၃၀)က Mobile Application များ ရေးသားယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် Mobile Applicationရေးသား ဖန်တီးရန်အတွက် လိုအပ်သော အခြေခံ ဘာသာရပ်များကို အဓိကထား သင်ကြားပေးခဲ့ ခြင်းဖြစ်ပြီး Samsung Tech Institute မှ မြန်မာတစ်နိုင်ငံလုံးရှိ ကွန်ပျူတာတက္ကသိုလ်များတွင် နှစ်စဉ်ဝင်ခွင့်စာမေးပွဲများ ကျင်းပပေးကာ သင်တန်းသားများကို ခေါ်ယူနေခြင်း ဖြစ်သည်။

သတင်း #ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~