မေလးရွားသို႔ျဖတ္ေက်ာ္ဝင္ရန္ႀကိဳးစားစဥ္ ထုိင္းႏုိင္ငံ၌ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏုိင္ငံသား (၁၄၅)ဦးကို စံုစမ္းမႈမ်ားၿပီးပါက ေနရပ္ျပန္ပို႔မည္

မေလးရွားသို႔ျဖတ္ေက်ာ္ဝင္ရန္ႀကိဳးစားစဥ္ ထုိင္းႏုိင္ငံ၌ ထိန္းသိမ္းခံထားရသည့္ ျမန္မာႏုိင္ငံသား (၁၄၅)ဦးကို စံုစမ္းမႈမ်ားၿပီးပါက ေနရပ္ျပန္ပို႔မည္
နိုဝင်ဘာ 16, 2018
By 🌸
ထုိင္းႏိုင္ငံမွတစ္ဆင့္ မေလးရွားႏိုင္ငံသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ရန္ႀကိဳးစားစဥ္ ဖမ္းဆီးခံရၿပီး ထိုင္းႏိုင္ငံ၊ ရေနာင္းၿမိဳ႕ရွိ လူ၀င္မႈႀကီးၾကပ္ေရးအခ်ဳပ္တြင္ ယာယီထိန္းသိမ္းခံေနရသည့္ ျမန္မာႏုိင္ငံသား (၁၄၅)ဦးကို ထုိင္းႏုိင္ငံရိွ ျမန္မာ အလုပ္သမားသံအရာရိွရံုးမွ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ (၁၆) ရက္ေန႔တြင္ သြားေရာက္ေတြ႔ဆံုေၾကာင္း သိရသည္။

ရေနာင္းၿမိဳ႕မွ အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေအာင္သည္ အဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားႏွင့္ သြားေရာက္ေတြ႕ဆံုကာ လိုအပ္သည့္အကူညီမ်ားေပးအပ္ခဲ့ၿပီး ၎တို႔ကို အျမန္ဆံုးေနရပ္ျပန္ပို႔ႏိုင္ရန္ ထိုင္းလ၀ကမ်ားႏွင့္ေတြ႕ဆံုေဆြးေႏြးခဲ့ေၾကာင္း အလုပ္သမားသံအရာရိွရံုးက သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

မေလးရွာႏုိင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္မည့္ ျမန္မာႏိုင္ငံသား (၁၄၅)ဦးကို ထုိင္းႏုိင္ငံ၊ ရေနာင္းခရိုင္၊ ကလပ္ဘူလီၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄) ရက္ေန႔ နံနက္(၁)နာရီအခ်ိန္ခန္႔တြင္ ထုိင္းႏိုင္ငံ တာဝန္ရိွသူမ်ားက ဖမ္းဆီးမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ ျမန္မာ - ထုိင္းနယ္စပ္ ေကာ့ေသာင္းၿမိဳ႕မွတစ္ဆင့္ စက္ေလွျဖင့္ ခိုး၀င္လာၾကျခင္းျဖစ္ၿပီး ရခိုင္ျပည္နယ္၊ ပဲခူးတုိင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ဧရာ၀တီတိုင္းေဒသႀကီးတို႔မွ ျဖစ္ေၾကာင္း သိရသည္။

ထိန္းသိမ္းခံရသူမ်ားတြင္ လူကုန္ကူးသူမ်ားပါဝင္ျခင္း စစ္ေဆးလွ်က္ရိွၿပီး စံုစမ္းမႈမ်ားၿပီးပါက ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - LA

~~~~~~~~⊰❂ unicode ~~~~~~~~
 မလေးရှားသို့ဖြတ်ကျော်ဝင်ရန်ကြိုးစားစဉ် ထိုင်းနိုင်ငံ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၁၄၅)ဦးကို စုံစမ်းမှုများပြီးပါက နေရပ်ပြန်ပို့မည်
****************
ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ရန်ကြိုးစားစဉ် ဖမ်းဆီးခံရပြီး ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ယာယီထိန်းသိမ်းခံနေရသည့် မြန်မာနိုင်ငံသား (၁၄၅)ဦးကို ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် သွားရောက်တွေ့ဆုံကြောင်း သိရသည်။

ရနောင်းမြို့မှ အလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင်သည် အဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများနှင့် သွားရောက်တွေ့ဆုံကာ လိုအပ်သည့်အကူညီများပေးအပ်ခဲ့ပြီး ၎င်းတို့ကို အမြန်ဆုံးနေရပ်ပြန်ပို့နိုင်ရန် ထိုင်းလဝကများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။

မလေးရှာနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား (၁၄၅)ဦးကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကလပ်ဘူလီမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ နံနက်(၁)နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ တာဝန်ရှိသူများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် မြန်မာ - ထိုင်းနယ်စပ် ကော့သောင်းမြို့မှတစ်ဆင့် စက်လှေဖြင့် ခိုးဝင်လာကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဖြစ်ကြောင်း သိရသည်။

ထိန်းသိမ်းခံရသူများတွင် လူကုန်ကူးသူများပါဝင်ခြင်း စစ်ဆေးလျှက်ရှိပြီး စုံစမ်းမှုများပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - LA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~