
နိုဝငျဘာ 17, 2018
By 🌸




~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်တွင် တပ်မတော်ကိုထောက်ခံကြောင်း ဆန္ဒဖေါ်ထုတ်ပွဲအား USDP နှင့် ဒေသခံအချို့က အောင်သပြေများ လိုက်လံကမ်းပေး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက တပ်မတော်ကို ထောက်ခံကြောင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ဒေသခံအချို့က အောင်သပြေများ လိုက်လံကမ်းပေးသည်ကို တွေ့ရသည်။

အဆိုပါဆန္ဒဖေါ်ထုတ်ပွဲအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့ နံနက် (၉) နာရီက မြို့မဈေးဘေးရှိ မြို့နယ်စစ်မှုထမ်းဟောင်းရုံးရှေ့၌ ကျင်းပခြင်းဖြစ်သည်။

မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကိုထောက်ခံကြောင်းနှင့် ပြင်ပစွက်ဖက်မှုများကို လက်မခံကြောင်း ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ နာရီဝက်ခန့်  ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည်ကို တွေ့ရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~