စကားမ်ားထားသည္ကို မေက်နပ္သည့္ သားျဖစ္သူက အသက္ (၇၀)အရြယ္ ဖခင္ျဖစ္သူကို ဓါးျဖင့္ထိုးမႈျဖစ္ပြား

စကားမ်ားထားသည္ကို မေက်နပ္သည့္ သားျဖစ္သူက အသက္ (၇၀)အရြယ္ ဖခင္ျဖစ္သူကို ဓါးျဖင့္ထိုးမႈျဖစ္ပြား
နိုဝင်ဘာ 8, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕နယ္၊ နမ့္အြန္ေက်းရြာတြင္ သားျဖစ္သူက အသက္ (၇၀)အရြယ္ ဖခင္ျဖစ္သူအား ဓါးျဖင့္ထိုးသျဖင့္ ဒဏ္ရာအျပင္းအထန္ရရိွသြားကာ မူဆယ္ျပည္သူ႔ေဆးရံုတြင္ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

နမ့္အြန္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ နိုဝင္ဘာလ (၇) ရက္ေန႔ နံနက္ (၇) နာရီအခ်ိန္က အသက္ (၃၄)ႏွစ္အရြယ္ တင္ဝင္း (ခ) ကြန္ရင္တြမ္းသည္ လြန္ခဲ့ေသာ (၃) ရက္ခန္႔က ဖခင္ျဖစ္သူႏွင့္ စကားမ်ားခဲ့သည္ကို မေက်နပ္၍ ဖခင္ျဖစ္သူ၏ ဓါးျဖင့္ထိုးလုိက္ျခင္းျဖစ္သည္ဟု ဆိုသည္။

ဖခင္ျဖစ္သူ ဦးထြန္းျမင့္မွာ ဝမ္းဗိုက္ႏွင့္ ေနာက္ေက်ာတို႔တြင္ ဓါးဒဏ္ရာမ်ားရသြားၿပီး ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

တင္ဝင္း(ခ)ကြန္ရင္တြမ္းအား မူဆယ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅၉၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အေရးယူထားေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
စကားများထားသည်ကို မကျေနပ်သည့် သားဖြစ်သူက အသက် (၇၀)အရွယ် ဖခင်ဖြစ်သူကို ဓါးဖြင့်ထိုးမှုဖြစ်ပွား
**********
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာတွင် သားဖြစ်သူက အသက် (၇၀)အရွယ် ဖခင်ဖြစ်သူအား ဓါးဖြင့်ထိုးသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကာ မူဆယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

နမ့်အွန်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ နံနက် (၇) နာရီအချိန်က အသက် (၃၄)နှစ်အရွယ် တင်ဝင်း (ခ) ကွန်ရင်တွမ်းသည် လွန်ခဲ့သော (၃) ရက်ခန့်က ဖခင်ဖြစ်သူနှင့် စကားများခဲ့သည်ကို မကျေနပ်၍ ဖခင်ဖြစ်သူ၏ ဓါးဖြင့်ထိုးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖခင်ဖြစ်သူ ဦးထွန်းမြင့်မှာ ဝမ်းဗိုက်နှင့် နောက်ကျောတို့တွင် ဓါးဒဏ်ရာများရသွားပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

တင်ဝင်း(ခ)ကွန်ရင်တွမ်းအား မူဆယ်မြို့မရဲစခန်းတွင် (ပ)၅၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~