ထုိင္းႏိုင္ငံသို႔ ဗီဇာအတုျဖင့္ ပို႔ေဆာင္ခံရသည့္ ျမန္မာလုပ္သား (၆၈)ဦးအနက္ (၃၄)ဦး ကယ္ထုတ္ႏုိင္ခဲ့ၿပီး ပြဲစားကို ဖမ္းဆီးရမိ

ထုိင္းႏိုင္ငံသို႔ ဗီဇာအတုျဖင့္ ပို႔ေဆာင္ခံရသည့္ ျမန္မာလုပ္သား (၆၈)ဦးအနက္ (၃၄)ဦး ကယ္ထုတ္ႏုိင္ခဲ့ၿပီး ပြဲစားကို ဖမ္းဆီးရမိ
နိုဝင်ဘာ 14, 2018
By 🌸
ထိုင္းနိုင္ငံ စမုစခြန္ခရိုင္၊ မဟာခ်ိဳင္တြင္ ဗီဇာအတုျဖင့္ တရားမဝင္လမ္းေၾကာင္းမွ ပို႔ေဆာင္ခံရသည့္ ျမန္မာလုပ္သား (၆၈)ဦးအနက္ (၃၄)ဦးကို အလုပ္သမားသံအရာရိွရံုးႏွင့္ MWRNအဖြဲ႕ ပူးေပါင္း ကယ္ထုတ္ႏုိင္ခဲ့ၿပီး ျမန္မာႏုိင္ငံဘက္သို႔ ျပန္လည္ ပို႔ေဆာင္ႏုိင္ခဲ့ေသာ္လည္း က်န္လူမ်ားမွာ ဖမ္းဆီးထိန္းသိမ္းခံေနရေၾကာင္း သိရသည္။

ျမန္မာလုပ္သား(၃၄)ဦးကို အလုပ္သမားသံအရာရိွရံုးႏွင့္ MWRNအဖြဲ႕တို႔က ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၃)ရက္ ေန႔တြင္ ျမန္မာႏိုင္ငံဘက္သို႔ ျမဝတီနယ္စပ္မွတစ္ဆင့္ ျပန္လည္ပို႔ေဆာင္ေပးႏုိင္ခဲ့ေၾကာင္း သိရၿပီး ပြဲစားကိုလည္း ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

အဆိုပါ ျမန္မာလုပ္သားမ်ားကို ထိုင္းႏိုင္ငံ စမုစခရုိင္ ၊ မဟာခ်ိဳင္ရွိ ေကာ္ပစၥည္းစက္ရုံတစ္ခုတြင္ အလုပ္သြင္းေပးထားျခင္းျဖစ္ၿပီး အလုပ္ဝင္ၿပီးဒုတိယေျမာက္ေန႔တြင္ ထုိင္းတာဝန္ရိွသူမ်ားက စက္ရံုအား ဝင္ေရာက္စစ္ေဆးရာ ပြဲစားက အလုပ္သမားမ်ားကို တိမ္းေရွာင္ေနေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာလုပ္သားမ်ားက အလုပ္သမားသံအရာရွိရံုးသို႔ ဆက္သြယ္အကူအညီေတာင္းသျဖင့္ အဆိုပါနယ္ေျမရိွ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ MWRN ႏွင့္အတူ သြားေရာက္စံုစမ္းရာ ျမန္မာလုပ္သား (၁၃)ဦးကို ေတြ႔ရိွရသျဖင့္ ၎တို႔၏ ေနထိုင္ခြင့္ဆုိုင္ရာအေထာက္အထားမ်ားကို စစ္ေဆးရာ ဗီဇာအတုမ်ားျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ (၆၈)ဦးကို ပြဲစားက ဗီဇာလုပ္ေဆာင္ေပးၿပီး ထားဝယ္မွတစ္ဆင့္ ထုိင္းႏုိင္ငံ ေမာေတာင္ - ပကၽြတ္ၿမိဳ႕မွတစ္ဆင့္ မဟာခ်ိဳင္သို႔ ပုိ႔ေဆာင္ေပးထားျခင္းျဖစ္ေၾကာင္းႏွင့္ ၎တို႔ႏွင့္အတူလာသူမ်ားလည္း ရိွေၾကာင္း ျမန္မာလုပ္သားမ်ား၏ေျပာၾကားခ်က္အရ ဆက္လက္ဆက္သြယ္ရာ ေနာက္ထပ္ ျမန္မာလုပ္သား (၂၁)ဦးကို ထပ္မံကယ္ထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလုပ္သားမ်ားအား ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္း႐ွင္မ်ားအဖြဲ႔ခ်ဳပ္ (MOEAF)သို႔
ေခၚယူခဲ့ကာ ထုိင္းႏုိင္ငံလူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနႏွင့္ ညိႇႏိႈင္းၿပီး ျမန္မာႏုိင္ငံသို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပြဲစားက အလုပ္သမားတစ္ဦးလွ်င္ ျမန္မာေငြက်ပ္ေငြ (၇)သိန္းခြဲ၊ ဘတ္(၂၀၀၀)စီေတာင္းခံၿပီး တရားမဝင္ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံလူ၀င္မႈႀကီးၾကပ္ေရးဥပေဒအရ စာရြက္စာတမ္းအတုျပဳလုပ္သူမ်ားအား ေထာင္ဒဏ္တစ္ႏွစ္အထက္၊ စာရြက္စာတမ္းအတုကိုင္ေဆာင္ပါက ေထာင္ဒဏ္ (၆) လအထိက်ခံရမည္ျဖစ္ၿပီး ထိုင္းႏိုင္ငံသို႔ အေၾကာင္းအမ်ဳိးမ်ဳိးျဖင့္ေရာက္ရွိလာၿပီး ဗီဇာ၊ ပတ္စပို႔အတုျဖင့္ အခက္အခဲရိွေနသူမ်ားရိွပါက ဘန္ေကာက္ၿမိဳ႕ရိွ ျမန္မာအလုပ္သမားသံအရာရိွရံုးသို႔ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံသို့ ဗီဇာအတုဖြင့် ပို့ဆောင်ခံရသည့် မြန်မာလုပ်သား (၆၈)ဦးအနက် (၃၄)ဦး ကယ်ထုတ်နိုင်ခဲ့ပြီး  ပွဲစားကို ဖမ်းဆီးရမိ
****************

ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ မဟာချိုင်တွင် ဗီဇာအတုဖြင့် တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်ခံရသည့် မြန်မာလုပ်သား (၆၈)ဦးအနက် (၃၄)ဦးကို အလုပ်သမားသံအရာရှိရုံးနှင့် MWRNအဖွဲ့ ပူးပေါင်း ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည် ပို့ဆောင်နိုင်ခဲ့သော်လည်း ကျန်လူများမှာ ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း သိရသည်။

မြန်မာလုပ်သား(၃၄)ဦးကို အလုပ်သမားသံအရာရှိရုံးနှင့် MWRNအဖွဲ့တို့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၃)ရက် နေ့တွင် မြန်မာနိုင်ငံဘက်သို့ မြဝတီနယ်စပ်မှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပြီး ပွဲစားကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများကို ထိုင်းနိုင်ငံ စမုစခရိုင် ၊ မဟာချိုင်ရှိ ကော်ပစ္စည်းစက်ရုံတစ်ခုတွင် အလုပ်သွင်းပေးထားခြင်းဖြစ်ပြီး အလုပ်ဝင်ပြီးဒုတိယမြောက်နေ့တွင် ထိုင်းတာဝန်ရှိသူများက စက်ရုံအား ဝင်ရောက်စစ်ဆေးရာ ပွဲစားက အလုပ်သမားများကို တိမ်းရှောင်နေစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သားများက အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကူအညီတောင်းသဖြင့် အဆိုပါနယ်မြေရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် MWRN နှင့်အတူ သွားရောက်စုံစမ်းရာ မြန်မာလုပ်သား (၁၃)ဦးကို တွေ့ရှိရသဖြင့် ၎င်းတို့၏ နေထိုင်ခွင့်ဆိုင်ရာအထောက်အထားများကို စစ်ဆေးရာ ဗီဇာအတုများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၆၈)ဦးကို ပွဲစားက ဗီဇာလုပ်ဆောင်ပေးပြီး ထားဝယ်မှတစ်ဆင့် ထိုင်းနိုင်ငံ မောတောင် - ပကျွတ်မြို့မှတစ်ဆင့် မဟာချိုင်သို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှင့်အတူလာသူများလည်း ရှိကြောင်း မြန်မာလုပ်သားများ၏ပြောကြားချက်အရ ဆက်လက်ဆက်သွယ်ရာ နောက်ထပ် မြန်မာလုပ်သား (၂၁)ဦးကို ထပ်မံကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်သားများအား မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)သို့
ခေါ်ယူခဲ့ကာ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပွဲစားက အလုပ်သမားတစ်ဦးလျှင် မြန်မာငွေကျပ်ငွေ (၇)သိန်းခွဲ၊ ဘတ်(၂၀၀၀)စီတောင်းခံပြီး တရားမဝင်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရ စာရွက်စာတမ်းအတုပြုလုပ်သူများအား ထောင်ဒဏ်တစ်နှစ်အထက်၊ စာရွက်စာတမ်းအတုကိုင်ဆောင်ပါက ထောင်ဒဏ် (၆) လအထိကျခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိလာပြီး ဗီဇာ၊ ပတ်စပို့အတုဖြင့် အခက်အခဲရှိနေသူများရှိပါက ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~