လိြဳင္ေကာ္ၿမိဳ႕တြင္က်င္းပမည့္ ကယားျပည္နယ္တန္ေဆာင္တုိင္ပြဲတြင္ မီးပုံးပ်ံၿပိဳင္ပြဲ စတင္ထည့္သြင္းက်င္းပမည္

လိြဳင္ေကာ္ၿမိဳ႕တြင္က်င္းပမည့္ ကယားျပည္နယ္တန္ေဆာင္တုိင္ပြဲတြင္ မီးပုံးပ်ံၿပိဳင္ပြဲ စတင္ထည့္သြင္းက်င္းပမည္
နိုဝင်ဘာ 17, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္တြင္ မီးပုံးပ်ံၿပိဳင္ပြဲကို စတင္ထည့္သြင္းက်င္းပသြားမည္ ျဖစ္ၿပီး လက္ရိွတြင္ ၿမိဳ႕ေပၚ (၁၉)ရပ္ကြက္မွ ၿပိဳင္ပြဲဝင္ (၂၂)သင္းရိွေနေၾကာင္း မီးပုံးပ်ံ ပြဲေတာ္က်င္းပေရး ဦးစီးေကာ္မတီထံမွ သိရသည္။

ကယားျပည္နယ္လုံးဆိုင္ရာ တန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံၿပိဳင္ပြဲအား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၂) ရက္ေန႔မွ (၂၅) ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ၿပီး ၿပိဳင္ပြဲစည္းမ်ဥ္းစည္းကမ္းမ်ားအား ေတာင္ႀကီးမီးပုံးပ်ံပြဲ စည္းမ်ဥ္းမ်ားအတိုင္း အမွတ္ေပးေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ အရင္ႏွစ္ကေနစၿပီး ဗုဒၶဥယ်ာဥ္ေတာ္မွာ မီးပံုးပ်ံကြင္းေဖာ္ေဆာင္ဖို႔ ကိုယ့္ေငြနဲ႔ကိုယ္မတည္ၿပီး စလုပ္ခဲ့တယ္။ အေပ်ာ္လႊတ္တင္ ပူေဇာ္ၾကတာေပါ့။ လူငယ္ေတြက ေတာင္းဆိုတယ္။ ၿပိဳင္ပြဲလုပ္ေပးဖို႔ေပါ့။ အရင္ႏွစ္ကေတာ့ မလုပ္ေပးႏိုင္ လိုက္ဘူး။ ဆုေၾကးေငြအတြက္ မတတ္ႏိုင္ေတာ့တာရယ္၊ အစိုးရဖက္ကလည္း ဘာမွလုပ္ေပးတာမရွိေတာ့ ဒီႏွစ္မွာ လုပ္ေပးမယ္လို႔ေျပာထားတဲ့အတိုင္း ခုကစၿပီးပထမဆုံးၿပိဳင္ပြဲ လုပ္ေပးတာပါ။ လူႀကီးေတြက စိတ္မဝင္စားဘူး။ ဒီတိုင္းေနေနၾကေပမဲ့ ကေလးေတြက လုပ္ေနၾကၿပီဆိုေတာ့ မျဖစ္ေတာ့ဘူးဆိုၿပီး ဆက္လုပ္ျဖစ္သြားတာ။ လူငယ္ေတြကို ေပ်ာ္ေစခ်င္တယ္။ စည္းနဲ႔ကမ္းနဲ႔ ေနရာေလးတစ္ခုနဲ႔ေပါ့။လူငယ္ေလးေတြကို တိုးတက္ေစခ်င္တယ္။ လက္ဆင့္ကမ္း လုပ္သြားေစခ်င္တာေတြေၾကာင့္ အခုလို လုပ္ေပးျဖစ္သြားတာပါ “ ဟု မီးပုံးပ်ံပြဲေတာ္က်င္းပေရး ဦးစီးေကာ္မတီ ဥကၠဌ ဦးၾကည္စိုး တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 မီးပုံးပ်ံၿပိဳင္ပြဲတြင္ ပထဆုကို က်ပ္(၄) သိန္း၊ ဒုတိယဆုကို က်ပ္(၃) သိန္း၊ တတိယဆုကို က်ပ္(၂) သိန္းႏွင့္ႏွစ္သိမ့္ဆုမ်ားကို က်ပ္(၁) သိန္းစီ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္အစိုးရကို ဆုေၾကးေလးေတြေပးဖို႔တင္ျပေတာ့ ဘတ္ဂ်က္အရ ဆုေၾကးေငြကေတာ့ နည္းတာေပါ့။ ပထမဆုဆို ဆယ္သိန္းေလာက္ေပးေစခ်င္တာေပါ့။ ကေလးေတြကုန္တာက အနည္းဆုံး (၁၃)သိန္းေလ။ ဒီႏွစ္မွာအစဆိုေတာ့ ေၾကညာထားေပမဲ့ အျခားၿမိဳ႕နယ္ေတြကေတာ့ ပါမလာေသးဘူးေပါ့။ ေနာက္ႏွစ္ေတြက်ရင္ တစ္ျပည္နယ္လုံးက ၿမိဳ႕နယ္တိုင္းလူငယ္ေတြ ၿပိဳင္ဖို႔ ပါလာၾကမယ္ထင္ပါတယ္” ဟု  ဦးၾကည္ေအးက ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕တြင္ ႏွစ္စဥ္က်င္းပလွ်က္ရွိေသာ တန္ေဆာင္တိုင္ပြဲေတာ္တြင္ အေပ်ာ္တမ္းမီးပုံးပ်ံလႊတ္တင္ပူေဇာ္ျခင္းမ်ားသာရွိခဲ့ရာမွ ယခုႏွစ္တြင္ ျပည္နယ္တြင္းရွိ မီးပုံးပ်ံ ဝါသနာရွင္လူငယ္မ်ားအတြက္ မီးပုံးပ်ံၿပိဳင္ပြဲအား ပထမဆုံးအႀကိမ္ ထည့္သြင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

“ ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ျပည္နယ္မွာ မီးပုံးပ်ံဝါသနာရွင္လူငယ္ေလးေတြ အရမ္းမ်ားပါတယ္။ သူတို႔ရဲ႕ ပညာေလးေတြကို အသိမွတ္ျပဳရာလည္း ေရာက္တယ္။ ပိုၿပီးေကာင္းတဲ့ မီးပုံးပ်ံနဲ႔ပတ္သက္တဲ့ အရည္အခ်င္းေတြ  အေတြ႔ႀကံဳေတြ ရလာမယ္။ ေနာက္ဆို ဒီေတာင္ႀကီးအထိပါ ၿပိဳင္တဲ့သူေတြ မ်ားလာလိမ့္မယ္။ ၾကည့္ရတဲ့ သူေတြအတြက္လည္း ပိုစိတ္လႈပ္ရွားစရာ ေကာင္းတာေပါ့။ ပြဲခင္းကိုေတာ့ ေတာင္ကြဲမွာ၊ ၿပိဳင္ပြဲသြားလႊတ္ရမွာက ပန္ကန္းနားထိဆိုေတာ့ လူေတြပြဲလည္ရမလား မီးပုံးပ်ံသြားၾကည့္ရမလားဆိုၿပီးေတာ့ အခက္အခဲေတာ့ ျဖစ္သြားတာေပါ့ “ ဟု လိြဳင္ေကာ္ၿမိဳ႕ ေဒါဥခူရပ္ကြက္မွ ကိုဦးက ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကို ႏွစ္စဥ္က်င္းပေနက် ေတာင္ကြဲေစတီေတာ္ အေရွ႕ဖက္ မိုးေကာင္းဘုရားႀကီးတြင္ က်င္းပမည္ျဖစ္ၿပီး မီးပံုးပ်ံပြဲေတာ္ကို လိြဳင္ေကာ္ၿမိဳ႕ ပန္ကန္းေက်းရြာရွိ ဗုဒၶဥယ်ာဥ္ေတာ္ ကြင္းျပင္တြင္ က်င္းပသြားမည္ျဖစ္ကာ မီးပုံးပ်ံလႊတ္တင္မည့္အဖြဲ႕မ်ားက မိုးေကာင္းဘုရားႀကီးတြင္ မီးၾကာလွည့္ ပူေဇာ္ျခင္း၊ ဦးတိုက္ျခင္းမ်ားျပဳလုပ္၍ ဗုဒၶဥယ်ာဥ္ေတာ္သို႔ သြားေရာက္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕တြင္ က်င္းပမည့္ ကယားျပည္နယ္ တန္ေဆာင္တိုင္ပြဲေတာ္တြင္ မီးပုံပ်ံလႊတ္တင္ပူေဇာ္ျခင္း၊ရပ္ကြက္အလိုက္ မီးၾကာလွည့္လည္ျခင္း၊ မီးပုံးပ်ံ ၿပိဳင္ပြဲ ႏွင့္ မသိုးသကၤန္းယက္ၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းမည္ျဖစ္ကာ ပြဲေတာ္ကာလလံုၿခံဳေရးအတြက္ သက္ဆုိင္ရာဌာနမ်ားက တာဝန္ယူေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -Oo Reh Aung Aung

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့တွင်ကျင်းပမည့် ကယားပြည်နယ်တန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံပြိုင်ပွဲ စတင်ထည့်သွင်းကျင်းပမည်
**********

ကယားပြည်နယ်၊ လွိုင်ကော်မြို့ တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံပြိုင်ပွဲကို စတင်ထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး လက်ရှိတွင် မြို့ပေါ် (၁၉)ရပ်ကွက်မှ ပြိုင်ပွဲဝင် (၂၂)သင်းရှိနေကြောင်း မီးပုံးပျံ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

ကယားပြည်နယ်လုံးဆိုင်ရာ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား တောင်ကြီးမီးပုံးပျံပွဲ စည်းမျဉ်းများအတိုင်း အမှတ်ပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ အရင်နှစ်ကနေစပြီး ဗုဒ္ဓဥယျာဉ်တော်မှာ မီးပုံးပျံကွင်းဖော်ဆောင်ဖို့ ကိုယ့်ငွေနဲ့ကိုယ်မတည်ပြီး စလုပ်ခဲ့တယ်။ အပျော်လွှတ်တင် ပူဇော်ကြတာပေါ့။ လူငယ်တွေက တောင်းဆိုတယ်။ ပြိုင်ပွဲလုပ်ပေးဖို့ပေါ့။ အရင်နှစ်ကတော့ မလုပ်ပေးနိုင် လိုက်ဘူး။ ဆုကြေးငွေအတွက် မတတ်နိုင်တော့တာရယ်၊ အစိုးရဖက်ကလည်း ဘာမှလုပ်ပေးတာမရှိတော့ ဒီနှစ်မှာ လုပ်ပေးမယ်လို့ပြောထားတဲ့အတိုင်း ခုကစပြီးပထမဆုံးပြိုင်ပွဲ လုပ်ပေးတာပါ။ လူကြီးတွေက စိတ်မဝင်စားဘူး။ ဒီတိုင်းနေနေကြပေမဲ့ ကလေးတွေက လုပ်နေကြပြီဆိုတော့ မဖြစ်တော့ဘူးဆိုပြီး ဆက်လုပ်ဖြစ်သွားတာ။ လူငယ်တွေကို ပျော်စေချင်တယ်။ စည်းနဲ့ကမ်းနဲ့ နေရာလေးတစ်ခုနဲ့ပေါ့။လူငယ်လေးတွေကို တိုးတက်စေချင်တယ်။ လက်ဆင့်ကမ်း လုပ်သွားစေချင်တာတွေကြောင့် အခုလို လုပ်ပေးဖြစ်သွားတာပါ “ ဟု မီးပုံးပျံပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ ဦးကြည်စိုး တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 မီးပုံးပျံပြိုင်ပွဲတွင် ပထဆုကို ကျပ်(၄) သိန်း၊ ဒုတိယဆုကို ကျပ်(၃) သိန်း၊ တတိယဆုကို ကျပ်(၂) သိန်းနှင့်နှစ်သိမ့်ဆုများကို ကျပ်(၁) သိန်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

“ပြည်နယ်အစိုးရကို ဆုကြေးလေးတွေပေးဖို့တင်ပြတော့ ဘတ်ဂျက်အရ ဆုကြေးငွေကတော့ နည်းတာပေါ့။ ပထမဆုဆို ဆယ်သိန်းလောက်ပေးစေချင်တာပေါ့။ ကလေးတွေကုန်တာက အနည်းဆုံး (၁၃)သိန်းလေ။ ဒီနှစ်မှာအစဆိုတော့ ကြေညာထားပေမဲ့ အခြားမြို့နယ်တွေကတော့ ပါမလာသေးဘူးပေါ့။ နောက်နှစ်တွေကျရင် တစ်ပြည်နယ်လုံးက မြို့နယ်တိုင်းလူငယ်တွေ ပြိုင်ဖို့ ပါလာကြမယ်ထင်ပါတယ်” ဟု  ဦးကြည်အေးက ပြောသည်။

လွိုင်ကော်မြို့တွင် နှစ်စဉ်ကျင်းပလျှက်ရှိသော တန်ဆောင်တိုင်ပွဲတော်တွင် အပျော်တမ်းမီးပုံးပျံလွှတ်တင်ပူဇော်ခြင်းများသာရှိခဲ့ရာမှ ယခုနှစ်တွင် ပြည်နယ်တွင်းရှိ မီးပုံးပျံ ဝါသနာရှင်လူငယ်များအတွက် မီးပုံးပျံပြိုင်ပွဲအား ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“ ကောင်းပါတယ်။ ကျွန်တော်တို့ပြည်နယ်မှာ မီးပုံးပျံဝါသနာရှင်လူငယ်လေးတွေ အရမ်းများပါတယ်။ သူတို့ရဲ့ ပညာလေးတွေကို အသိမှတ်ပြုရာလည်း ရောက်တယ်။ ပိုပြီးကောင်းတဲ့ မီးပုံးပျံနဲ့ပတ်သက်တဲ့ အရည်အချင်းတွေ  အတွေ့ကြုံတွေ ရလာမယ်။ နောက်ဆို ဒီတောင်ကြီးအထိပါ ပြိုင်တဲ့သူတွေ များလာလိမ့်မယ်။ ကြည့်ရတဲ့ သူတွေအတွက်လည်း ပိုစိတ်လှုပ်ရှားစရာ ကောင်းတာပေါ့။ ပွဲခင်းကိုတော့ တောင်ကွဲမှာ၊ ပြိုင်ပွဲသွားလွှတ်ရမှာက ပန်ကန်းနားထိဆိုတော့ လူတွေပွဲလည်ရမလား မီးပုံးပျံသွားကြည့်ရမလားဆိုပြီးတော့ အခက်အခဲတော့ ဖြစ်သွားတာပေါ့ “ ဟု လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှ ကိုဦးက ပြောသည်။

လွိုင်ကော်မြို့ တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပနေကျ တောင်ကွဲစေတီတော် အရှေ့ဖက် မိုးကောင်းဘုရားကြီးတွင် ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံပွဲတော်ကို လွိုင်ကော်မြို့ ပန်ကန်းကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တော် ကွင်းပြင်တွင် ကျင်းပသွားမည်ဖြစ်ကာ မီးပုံးပျံလွှတ်တင်မည့်အဖွဲ့များက မိုးကောင်းဘုရားကြီးတွင် မီးကြာလှည့် ပူဇော်ခြင်း၊ ဦးတိုက်ခြင်းများပြုလုပ်၍ ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်ကြရမည်ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ကျင်းပမည့် ကယားပြည်နယ် တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံပျံလွှတ်တင်ပူဇော်ခြင်း၊ရပ်ကွက်အလိုက် မီးကြာလှည့်လည်ခြင်း၊ မီးပုံးပျံ ပြိုင်ပွဲ နှင့် မသိုးသင်္ကန်းယက်ပြိုင်ပွဲများ ထည့်သွင်းကျင်းမည်ဖြစ်ကာ ပွဲတော်ကာလလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ -Oo Reh Aung Aung

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~