ကယားျပည္နယ္ ေက်ာင္းသားမ်ားသမဂၢ ပထမအႀကိမ္ညီလာခံျဖင့္ ဗဟိုေကာ္မတီဝင္သစ္မ်ား ေရြးခ်ယ္

ကယားျပည္နယ္ ေက်ာင္းသားမ်ားသမဂၢ ပထမအႀကိမ္ညီလာခံျဖင့္ ဗဟိုေကာ္မတီဝင္သစ္မ်ား ေရြးခ်ယ္
နိုဝင်ဘာ 13, 2018
By 🌸
ကယားျပည္နယ္ေက်ာင္းသားမ်ားသမဂၢ၏ ပထမအႀကိမ္ညီလာခံအား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔မွ (၁၂) ရက္ေန႔အထိ လိြဳင္ေကာ္ၿမိဳ႕တြင္  ႏွစ္ရက္တာက်င္းပၿပီး ဗဟိုေကာ္မတီဝင္အသစ္မ်ား ျပန္လည္ ေရြးခ်ယ္လိုက္ေၾကာင္း သိရသည္။

“ ကၽြန္မတို႔ စနစ္သုံးခုရွိတယ္။ ဥကၠဌစနစ္ရယ္၊ အတြင္းေရးမွဴးစနစ္ရယ္၊ ဗဟိုေကာ္မတီစနစ္ရယ္ေပါ့။ ကၽြန္မတို႔ အခုအသစ္ျပန္ေရြးခ်ယ္လိုက္တဲ့ဗဟိုေကာ္မတီဝင္ေတြက ဗဟိုေကာ္မတီစနစ္နဲ႔ပဲသြားဖို႕ ဆုံးျဖတ္လိုက္တယ္။ နားသြားတဲ့သူေတြကေတာ့ အေနာက္ကေန အႀကံေတြေပးမယ္။ ကူေပးရအုံးမွာေပါ့။ ကၽြန္မတို႔ေကာ္မတီဝင္ေတြက အသစ္ျဖစ္ေနေတာ့ သူတို႔က လက္တြဲေခၚဖို႔ လိုေသးတယ္ေပါ့။ ပံ့ပိုးေပးဖို႔ လိုေသးတယ္ေပါ့ “ ဟု ကယားျပည္နယ္ေက်ာင္းသားမ်ားသမဂၢ ဗဟိုေကာ္မတီဝင္ မဇူဇန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွစ္ရက္တာ က်င္းပခဲ့ေသာညီလာခံတြင္ သမဂၢ၏ ဖြဲ႕စည္းပုံ ၊ ရည္မွန္းခ်က္မ်ား၊ မူဝါဒနွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားအား ျပန္လည္သုံးသပ္ေဆြးေႏြးခဲ့ၾကၿပီး ဗဟိုေကာ္မတီဝင္ (၇)ဦးႏွင့္ အရန္ဗဟိုေကာ္မတီဝင္ (၄)ဦး စုစုေပါင္း (၁၁)ဦးကို ေရြးခ်ယ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဗဟိုေကာ္မတီဝင္မ်ားေရြးခ်ယ္ရာတြင္ အမ်ိဳးသမီး (၃)ဦးႏွင့္ အမ်ိဳးသား(၄)ဦးတို႔ပါဝင္ၿပီး (၂)ႏွစ္သက္တမ္း တာဝန္ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ဗဟိုေကာ္မတီဝင္မ်ားအေနျဖင့္ သမဂၢအဖြဲ႕ဝင္မ်ား တိုးခ်ဲ႕ရန္၊ ျပည္နယ္တြင္းရွိ  ေက်ာင္းသားသမဂၢမ်ား ႏွင့္အတူ ပူးေပါင္း ေဆာင္ရြက္ရန္၊ ဖက္ဒရယ္ပညာေရး ေဆြးေႏြးပြဲက်င္းပရန္ ၊ ဗကသ မ်ားအဖြဲ႕ခ်ဳပ္  ညီလာခံ တက္ေရာက္ရန္၊ ႏိုင္ငံေရး စြမ္းရည္ျမင့္သင္တန္းမ်ားက်င္းပရန္၊ အရပ္ဘက္အဖြဲ႕မ်ားျဖစ္သည့္ ကယားျပည္နယ္တြင္းအေျခစိုက္ ကရင္နီျပည္လူငယ္မ်ားသမဂၢအင္အားစု၊ ျမန္မာႏုိင္ငံ ပြင့္လင္းျမင္သာမႈႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈဆုိင္ရာ အရပ္ဘက္မဟာမိတ္အဖြဲ႕တုိ႔ျဖင့္ ပူးေပါင္းေဆာင္ရြက္သြားရန္ ညီလာခံတြင္ ဆံုးျဖတ္ေၾကာင္း သိရသည္။

ပထမအႀကိမ္ ကယားျပည္နယ္ေက်ာင္းသားမ်ားသမဂၢ ညီလာခံအား လိြဳင္ေကာ္ၿမိဳ႕ ၊ေထးငွါးလ်ားရပ္ကြက္ရွိ ကရင္နီျပည္လူငယ္မ်ားသမဂၢရုံးတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -pkpf

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ ပထမအကြိမ်ညီလာခံဖြင့် ဗဟိုကော်မတီဝင်သစ်များ ရွေးချယ်
*************
ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ၏ ပထမအကြိမ်ညီလာခံအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၂) ရက်နေ့အထိ လွိုင်ကော်မြို့တွင်  နှစ်ရက်တာကျင်းပပြီး ဗဟိုကော်မတီဝင်အသစ်များ ပြန်လည် ရွေးချယ်လိုက်ကြောင်း သိရသည်။

“ ကျွန်မတို့ စနစ်သုံးခုရှိတယ်။ ဥက္ကဌစနစ်ရယ်၊ အတွင်းရေးမှူးစနစ်ရယ်၊ ဗဟိုကော်မတီစနစ်ရယ်ပေါ့။ ကျွန်မတို့ အခုအသစ်ပြန်ရွေးချယ်လိုက်တဲ့ဗဟိုကော်မတီဝင်တွေက ဗဟိုကော်မတီစနစ်နဲ့ပဲသွားဖို့ ဆုံးဖြတ်လိုက်တယ်။ နားသွားတဲ့သူတွေကတော့ အနောက်ကနေ အကြံတွေပေးမယ်။ ကူပေးရအုံးမှာပေါ့။ ကျွန်မတို့ကော်မတီဝင်တွေက အသစ်ဖြစ်နေတော့ သူတို့က လက်တွဲခေါ်ဖို့ လိုသေးတယ်ပေါ့။ ပံ့ပိုးပေးဖို့ လိုသေးတယ်ပေါ့ “ ဟု ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ ဗဟိုကော်မတီဝင် မဇူဇန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်ရက်တာ ကျင်းပခဲ့သောညီလာခံတွင် သမဂ္ဂ၏ ဖွဲ့စည်းပုံ ၊ ရည်မှန်းချက်များ၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအား ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီဝင် (၇)ဦးနှင့် အရန်ဗဟိုကော်မတီဝင် (၄)ဦး စုစုပေါင်း (၁၁)ဦးကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုကော်မတီဝင်များရွေးချယ်ရာတွင် အမျိုးသမီး (၃)ဦးနှင့် အမျိုးသား(၄)ဦးတို့ပါဝင်ပြီး (၂)နှစ်သက်တမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုကော်မတီဝင်များအနေဖြင့် သမဂ္ဂအဖွဲ့ဝင်များ တိုးချဲ့ရန်၊ ပြည်နယ်တွင်းရှိ  ကျောင်းသားသမဂ္ဂများ နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန်၊ ဖက်ဒရယ်ပညာရေး ဆွေးနွေးပွဲကျင်းပရန် ၊ ဗကသ များအဖွဲ့ချုပ်  ညီလာခံ တက်ရောက်ရန်၊ နိုင်ငံရေး စွမ်းရည်မြင့်သင်တန်းများကျင်းပရန်၊ အရပ်ဘက်အဖွဲ့များဖြစ်သည့် ကယားပြည်နယ်တွင်းအခြေစိုက် ကရင်နီပြည်လူငယ်များသမဂ္ဂအင်အားစု၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် ညီလာခံတွင် ဆုံးဖြတ်ကြောင်း သိရသည်။

ပထမအကြိမ် ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ ညီလာခံအား လွိုင်ကော်မြို့ ၊ထေးငှါးလျားရပ်ကွက်ရှိ ကရင်နီပြည်လူငယ်များသမဂ္ဂရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ -pkpf

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~