ကယားျပည္နယ္ရိွ ဟိုဂ်စ္ - ေတာင္လွေက်းရြာခ်င္းဆက္ေျမသားလမ္း(၅)မိုင္ကို က်ပ္ (၃၇၇)သန္းေက်ာ္ျဖင့္ တည္ေဆာက္ေန

ကယားျပည္နယ္ရိွ ဟိုဂ်စ္ - ေတာင္လွေက်းရြာခ်င္းဆက္ေျမသားလမ္း(၅)မိုင္ကို က်ပ္ (၃၇၇)သန္းေက်ာ္ျဖင့္ တည္ေဆာက္ေန
နိုဝင်ဘာ 24, 2018
By 🌸
ကယားျပည္နယ္၊ ေဘာလခဲခ႐ိုင္၊ မယ္စဲ့ၿမိဳ႕နယ္တြင္ ဟိုဂ်စ္-ေတာင္လွေက်း႐ြာခ်င္းဆက္လမ္းအရွည္ (၅)မိုင္ ေျမသားလမ္းႏွင့္ ကြန္ကရစ္တံတား၊ Box Culvert မ်ားတည္ေဆာက္ျခင္းကို ျပည္ေထာင္စုရန္ပံုေငြ က်ပ္ (၃၇၇) ဒသမ (၂၉၆) သန္းျဖင့္ ကယားဌာေနကုမၸဏီက ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလအတြင္း တည္ေဆာက္ေနေၾကာင္း သိရသည္။

နယ္စပ္ေရးရာဝန္ႀကီးဌာန နတလဦးစီးဌာန၏ ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ ျပည္ေထာင္စုခြင့္ျပဳရန္ပံုေငြျဖင့္ အ႐ွည္(၁၀/ ၄)မိုင္႐ွိသည့္အနက္ အ႐ွည္ (၅) မိုင္ေျမသားလမ္းေဖာက္လုပ္ျခင္း၊ လမ္းေပၚ႐ွိေပ (၃၀) အက်ယ္ ကြန္ကရစ္တံတား (၂) စင္းႏွင့္ Box Culvert (၉)စင္း တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို တင္ဒါေအာင္ ကုမၸဏီျဖစ္သည့္ ကယားဌာေနကုမၸဏီမွ တာဝန္ယူေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါလမ္းပိုင္းလုပ္ငန္းမ်ားအား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔က စတင္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္လွေက်း႐ြာကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာ(၂၀)ရက္ေန႔တြင္ ျပည္ထဲေရးဝန္ႀကီးဌာန၏ အမိန္႔ေၾကာ္ျငာစာ အမွတ္ (၁၇၉၈/ ၂၀၁၇) အရ ျပည္ထဲေရးအမည္ေပါက္ေက်း႐ြာအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ လမ္းမႀကီးႏွင့္ ဆက္သြယ္ႏုိင္ရန္ ေက်းရြာခ်င္းဆက္လမ္းအျဖစ္ ဟိုဂ်စ္ - ေတာင္လွေက်းရြာလမ္းကို ေဖါက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ယခင္က အဆိုပါေက်း႐ြာတြင္ ေရလမ္းတစ္ခုသာရိွၿပီး ဖားေဆာင္းၿမိဳ႕မွတစ္ဆင့္ သံလြင္ျမစ္အတိုင္း စက္ေလွျဖင့္ သံုးနာရီခန္႔သြားရေၾကာင္း သိရသည္။

အိမ္ေျခ (၁၅၈) လံုး၊ လူဦးေရ (၈၀၇) ဦးရိွၿပီး ဟိုဂ်စ္၊ ဟိုဖႏွင့္ လယ္ေတာေက်းရြာ (၃) ရြာပါဝင္သည့္ ဟိုဂ်စ္ေက်းရြာအုပ္စုတြင္ ေက်းရြာခ်င္းဆက္ ေျမသားလမ္းခင္းရန္အတြက္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္၊ ဒုတိယ (၁၂) လတြင္ ေငြက်ပ္ (၄၈၃.၉၉၀) သန္းျဖင့္ ေဆာင္ရြက္မည္ျဖစ္ေၾကာငး္ သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္နယ္အစိုးရအဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်ရှိ ဟိုဂျစ် - တောင်လှကျေးရွာချင်းဆက်မြေသားလမ်း(၅)မိုင်ကို ကျပ် (၃၇၇)သန်းကျော်ဖြင့် တည်ဆောက်နေ
*********
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဟိုဂျစ်-တောင်လှကျေးရွာချင်းဆက်လမ်းအရှည် (၅)မိုင် မြေသားလမ်းနှင့် ကွန်ကရစ်တံတား၊ Box Culvert များတည်ဆောက်ခြင်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ် (၃၇၇) ဒသမ (၂၉၆) သန်းဖြင့် ကယားဌာနေကုမ္ပဏီက ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း တည်ဆောက်နေကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန နတလဦးစီးဌာန၏ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အရှည်(၁၀/ ၄)မိုင်ရှိသည့်အနက် အရှည် (၅) မိုင်မြေသားလမ်းဖောက်လုပ်ခြင်း၊ လမ်းပေါ်ရှိပေ (၃၀) အကျယ် ကွန်ကရစ်တံတား (၂) စင်းနှင့် Box Culvert (၉)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင် ကုမ္ပဏီဖြစ်သည့် ကယားဌာနေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းပိုင်းလုပ်ငန်းများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့က စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တောင်လှကျေးရွာကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ(၂၀)ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၁၇၉၈/ ၂၀၁၇) အရ ပြည်ထဲရေးအမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လမ်းမကြီးနှင့် ဆက်သွယ်နိုင်ရန် ကျေးရွာချင်းဆက်လမ်းအဖြစ် ဟိုဂျစ် - တောင်လှကျေးရွာလမ်းကို ဖေါက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါကျေးရွာတွင် ရေလမ်းတစ်ခုသာရှိပြီး ဖားဆောင်းမြို့မှတစ်ဆင့် သံလွင်မြစ်အတိုင်း စက်လှေဖြင့် သုံးနာရီခန့်သွားရကြောင်း သိရသည်။

အိမ်ခြေ (၁၅၈) လုံး၊ လူဦးရေ (၈၀၇) ဦးရှိပြီး ဟိုဂျစ်၊ ဟိုဖနှင့် လယ်တောကျေးရွာ (၃) ရွာပါဝင်သည့် ဟိုဂျစ်ကျေးရွာအုပ်စုတွင် ကျေးရွာချင်းဆက် မြေသားလမ်းခင်းရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၁၂) လတွင် ငွေကျပ် (၄၈၃.၉၉၀) သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~