ကယားျပည္နယ္တြင္ ၂၀၁၉ ခုႏွစ္မွစ၍ တင္ဒါစည္းကမ္းမလိုက္နာေသာ ကုမၸဏီမ်ားအား ဥပေဒအတိုင္း အေရးယူသြားေတာ့မည္

ကယားျပည္နယ္တြင္ ၂၀၁၉ ခုႏွစ္မွစ၍ တင္ဒါစည္းကမ္းမလိုက္နာေသာ ကုမၸဏီမ်ားအား ဥပေဒအတိုင္း အေရးယူသြားေတာ့မည္
နိုဝင်ဘာ 30, 2018
By 🌸
ကယားျပည္နယ္တြင္း စီမံကိန္းတင္ဒါေအာင္လုပ္ငန္းေဆာင္ရြက္သည့္ ကုမၸဏီမ်ားကို တင္ဒါသတ္မွတ္ခ်က္ အတိုင္း တာဝန္ယူမႈမရိွပါက သတိေပးေနရာမွ ၂၀၁၉ ခုႏွစ္မွစ၍ အေရးယူျခင္းကို ေဆာင္ရြက္သြားေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

 “ ကၽြန္ေတာ္တို႔ ဒီႏွစ္ေတြကဟာေတြ တစ္ခါတည္း အၿပီးသတ္ေနတယ္။ လာမယ့္ ၂၀၁၉ စၿပီး အခုလို သတိေပးတာမ်ိဳးမဟုတ္ဘဲ စည္းကမ္းခ်ိဳးေဖာက္တဲ့ အရည္အေသြးမျပည့္မီဘူး၊ ကၽြန္ေတာ္တို႔ဆီတင္ထားတာနဲ႔ ေျမျပင္မွာလုပ္ေနတာ တစ္လြဲရွိတယ္ဆိုတဲ့ကုမၸဏီေတြ အေရးယူသြားဖို႔ ဆုံးျဖတ္ထားပါတယ္။ ေသခ်ာၾကပ္မတ္ စိစစ္သြားေတာ့မွာပါ “ ဟု ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီ ဥကၠဌ ဦးေအာင္ႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းလုပ္ငန္းမ်ား၊ တံတားလုပ္ငန္းမ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းတင္ဒါေအာင္ကုမၸဏီအခ်ိဳ႕ မွာ  စံခ်ိန္စံၫႊန္းမျပည့္မီျခင္း၊ သတ္မွတ္အရည္အေသြးမျပည့္မီျခင္း၊ တင္ဒါစည္းကမ္းေဖာက္ဖ်က္မႈမ်ားႏွင့္ ပုံစံလြဲမွားျခင္းမ်ားရွိေနၿပီး လက္ရွိတြင္ ျပည္နယ္လႊတ္ေတာ္အေနျဖင့္ အစိုးရသို႔စာေပးပို႔၍ အေရးယူေပးရန္ တင္ျပျခင္း၊ သတိေပးမႈမ်ား ျပဳလုပ္ျခင္းမ်ားသာ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး လာမည့္ႏွစ္မွစ၍ ဥပေဒ လုပ္ထံုးလုပ္နည္းမ်ားအရ ကုမၸဏီမ်ားအား ထိထိေရာက္ေရာက္ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ေကာင္းပါတယ္ လုပ္သင့္ပါတယ္။ အရည္အေသြးျပည့္မီဖို႔ စည္းကမ္းေတြလိုက္နာဖို႔ကို ၾကပ္မတ္ဖို႔ တကယ္လိုအပ္ေနေသးတယ္။ Black List စာရင္းေတြ ေသခ်ာလုပ္သင့္ပါတယ္။ စည္းကမ္းခ်ိဳးေဖာက္တာ အရည္အေသြးမျပည့္မီတာမ်ိဳးလုပ္တဲ့ကုမၸဏီေတြကို Black List ထဲတစ္ခါတည္း ထည့္သင့္တယ္။ တင္ဒါေတြ ဆက္မေပးေတာ့နဲ႔ေပါ့။ ဒါမွသာ နည္းနည္းခံသာမယ္ေပါ့ေလ။ ေသခ်ာလုံးဝ လုပ္သင့္ပါတယ္ “ ဟု လိြဳင္ေကာ္ၿမိဳ႕မွ ေဒသခံတစ္ဦးျဖစ္သည့္ ကိုသူရိန္က ေျပာသည္။

အစိုးရစီမံကိန္းမ်ား လုပ္ေဆာင္ေနသည့္ တင္ဒါေအာင္ကုမၸဏီမ်ားအား တင္ဒါစည္းကမ္းမ်ားအတုိင္း လိုက္နာမႈမရိွပါက အေရးယူျခင္းေဆာင္ရြက္ႏုိင္ေရးအတြက္ ျပည္သူ႔ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရး ေကာ္မတီက ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှစ၍ တင်ဒါစည်းကမ်းမလိုက်နာသော ကုမ္ပဏီများအား ဥပဒေအတိုင်း အရေးယူသွားတော့မည်
*************
ကယားပြည်နယ်တွင်း စီမံကိန်းတင်ဒါအောင်လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများကို တင်ဒါသတ်မှတ်ချက် အတိုင်း တာဝန်ယူမှုမရှိပါက သတိပေးနေရာမှ ၂၀၁၉ ခုနှစ်မှစ၍ အရေးယူခြင်းကို ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သိရသည်။

 “ ကျွန်တော်တို့ ဒီနှစ်တွေကဟာတွေ တစ်ခါတည်း အပြီးသတ်နေတယ်။ လာမယ့် ၂၀၁၉ စပြီး အခုလို သတိပေးတာမျိုးမဟုတ်ဘဲ စည်းကမ်းချိုးဖောက်တဲ့ အရည်အသွေးမပြည့်မီဘူး၊ ကျွန်တော်တို့ဆီတင်ထားတာနဲ့ မြေပြင်မှာလုပ်နေတာ တစ်လွဲရှိတယ်ဆိုတဲ့ကုမ္ပဏီတွေ အရေးယူသွားဖို့ ဆုံးဖြတ်ထားပါတယ်။ သေချာကြပ်မတ် စိစစ်သွားတော့မှာပါ “ ဟု ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ဥက္ကဌ ဦးအောင်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းလုပ်ငန်းများ၊ တံတားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းတင်ဒါအောင်ကုမ္ပဏီအချို့ မှာ  စံချိန်စံညွှန်းမပြည့်မီခြင်း၊ သတ်မှတ်အရည်အသွေးမပြည့်မီခြင်း၊ တင်ဒါစည်းကမ်းဖောက်ဖျက်မှုများနှင့် ပုံစံလွဲမှားခြင်းများရှိနေပြီး လက်ရှိတွင် ပြည်နယ်လွှတ်တော်အနေဖြင့် အစိုးရသို့စာပေးပို့၍ အရေးယူပေးရန် တင်ပြခြင်း၊ သတိပေးမှုများ ပြုလုပ်ခြင်းများသာ ဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့်နှစ်မှစ၍ ဥပဒေ လုပ်ထုံးလုပ်နည်းများအရ ကုမ္ပဏီများအား ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကောင်းပါတယ် လုပ်သင့်ပါတယ်။ အရည်အသွေးပြည့်မီဖို့ စည်းကမ်းတွေလိုက်နာဖို့ကို ကြပ်မတ်ဖို့ တကယ်လိုအပ်နေသေးတယ်။ Black List စာရင်းတွေ သေချာလုပ်သင့်ပါတယ်။ စည်းကမ်းချိုးဖောက်တာ အရည်အသွေးမပြည့်မီတာမျိုးလုပ်တဲ့ကုမ္ပဏီတွေကို Black List ထဲတစ်ခါတည်း ထည့်သင့်တယ်။ တင်ဒါတွေ ဆက်မပေးတော့နဲ့ပေါ့။ ဒါမှသာ နည်းနည်းခံသာမယ်ပေါ့လေ။ သေချာလုံးဝ လုပ်သင့်ပါတယ် “ ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးဖြစ်သည့် ကိုသူရိန်က ပြောသည်။

အစိုးရစီမံကိန်းများ လုပ်ဆောင်နေသည့် တင်ဒါအောင်ကုမ္ပဏီများအား တင်ဒါစည်းကမ်းများအတိုင်း လိုက်နာမှုမရှိပါက အရေးယူခြင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီက ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~