ေက်းသီးၿမိဳ႕နယ္ရိွ ဝမ္ဖြီးႏွင့္ လိြဳင္ေတာင္းသစ္ေတာႀကိဳးဝိုင္းေျမမ်ား ထပ္မံစြန္႔လႊတ္ရန္ အစီအစဥ္မရိွ

ေက်းသီးၿမိဳ႕နယ္ရိွ ဝမ္ဖြီးႏွင့္ လိြဳင္ေတာင္းသစ္ေတာႀကိဳးဝိုင္းေျမမ်ား ထပ္မံစြန္႔လႊတ္ရန္ အစီအစဥ္မရိွ
နိုဝင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေက်းသီးၿမိဳ႕နယ္ရိွ ဝမ္ဖြီးသစ္ေတာႀကိဳးဝိုင္းႏွင့္ လြိဳင္ေတာင္းသစ္ေတာႀကိဳးဝိုင္း နယ္နိမိတ္ဧရိယာအတြင္း က်ေရာက္ေနေသာ ရြာေျမ၊ သာသနာ့ေျမ၊ ယာေျမ၊ လယ္ေျမမ်ားကို မူလပိုင္ရွင္မ်ားထံသို႔ ထပ္မံစြန္႔လႊတ္ေပးရန္ အစီအစဥ္မရိွေသးေၾကာင္း  သိရသည္။

“ သစ္ေတာဦးစီးဌာနအေနျဖင့္ ၂၀၁၃ ခုႏွစ္တြင္ ေကာက္ယူခဲ့့ေသာ ႀကိဳးဝိုင္းက်ဴးေက်ာ္စာရင္းမ်ားအနက္မွ အိမ္ေျခ  (၅၀)ေအာက္စာရင္းမ်ားကို ပယ္ဖ်က္ေပးထားျခင္း၊ သစ္ေတာႀကိဳးဝို္င္းအတြင္း ဝင္ေရာက္လုပ္ကိုင္ေနေသာ ယာေျမႏွင့္ ဥယ်ဥ္ၿခံေျမ မ်ားကို သစ္ေတာေျမအျဖစ္မွ ပယ္ဖ်က္ျခင္း မျပဳေသာ္လည္း ဆက္လက္လုပ္ကိုင္ခြင့္ျပဳထားျခင္း၊ ယာေျမမ်ားကို ေဒသခံျပည္သူအစုအဖြဲ႕ပိုင္ သစ္ေတာလုပ္ငန္း တည္ေထာင္ျခင္းအား ႏွစ္(၃၀)လုပ္ကိုင္ခြင့္ျပဳထားျခင္းႏွင့္ ဥယ်ာဥ္ၿခံေျမမ်ားကို ႏွစ္ရွည္ေျမငွားရမ္း စနစ္ျဖင့္ ခြင့္ျပဳေပး ထားျခင္းျဖစ္ပါတယ္”ဟု သယံဇာတႏွင့္ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာရဲျမင့္ေဆြက လႊတ္ေတာ္တြင္ ျပန္လည္ေျဖၾကားသည္။

ဝမ္ဖြီးသစ္ေတာႀကိဳးဝိုင္းေတာအတြင္း မူလလုပ္ကိုင္သူ ေတာင္သူ (၂၂)ဦးအား လယ္(၁၅)ဧကႏွင့္ ယာ(၈၅)ဧကကို ဆိုင္ရာဆိုင္ခြင့္ေပးထားၿပီး ၂၀၁၃ခုႏွစ္ ႀကိဳးဝိုင္းက်ဴးေက်ာ္စာရင္းအနက္ ေက်းရြာ(၆)ရြာ၏ ရြာေျမ၊ လယ္ေျမ၊ သာသနာေျမ၊ အမ်ားပိုင္ေျမ စုစုေပါင္း (၅၇၀)ဧကႏွင့္ လြိဳင္ေတာင္းႀကိဳးဝိုင္းအတြင္းမွ ေက်းရြာ(၃)ရြာ၏ ရြာေျမ၊ လယ္ေျမ၊ သာသနာေျမ၊ အမ်ားပိုင္ေျမ စုစုေပါင္း (၅၀၉.၈၅)ဧကတို႔အား သစ္ေတာႀကိဳးဝိုင္းဧရိယာမွ ပယ္ဖ်က္ေပးထားၿပီးျဖစ္သျဖင့္ သစ္ေတာနယ္ေျမထဲမွ ထပ္မံစြန္႔လႊတ္ပယ္ဖ်က္ေပးရန္ မရိွေၾကာင္း သိရသည္။

ေက်းသီးၿမိဳ႕နယ္ရိွ ဝမ္ဖြီးသစ္ေတာႀကိဳးဝိုင္းႏွင့္ လြိဳင္ေတာင္းသစ္ေတာႀကိဳးဝိုင္းအတြင္း ပါဝင္သြားသည့္ ရြာေျမမ်ား၊ သာသနာ့့ေျမမ်ား၊ ယာေျမမ်ားႏွင့္ လယ္ေျမမ်ားကို မူလပိုင္ရွင္မ်ားထံ ျပန္လည္စြန္႕လြႊတ္ေပးရန္ အစီအစဥ္ ရိွ၊မရိွ ေမးခြန္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၂)ရက္ေန႔တြင္ က်င္းပေသာ ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္ေတာ္ ဒသမပံုမွန္အစည္းအေဝး ပထမေန႔တြင္ ေက်းသီးၿမိဳ႕ မဲဆႏၵနယ္မွ ဦးစိုင္းေအာင္ေက်ာ္က ေမးျမန္းျခင္းကို သယံဇာတႏွင့္ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာရဲျမင့္ေဆြက ျပန္လည္ေျဖၾကားေပးခဲ့ျခင္း ျဖစ္သည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - ျပည္သူ႔လႊတ္ေတာ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျေးသီးမြို့နယ်ရှိ ဝမ်ဖွီးနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်းမြေများ ထပ်မံစွန့်လွှတ်ရန် အစီအစဉ်မရှိ
******************
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်ရှိ ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်း နယ်နိမိတ်ဧရိယာအတွင်း ကျရောက်နေသော ရွာမြေ၊ သာသနာ့မြေ၊ ယာမြေ၊ လယ်မြေများကို မူလပိုင်ရှင်များထံသို့ ထပ်မံစွန့်လွှတ်ပေးရန် အစီအစဉ်မရှိသေးကြောင်း  သိရသည်။

“ သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ကောက်ယူခဲ့သော ကြိုးဝိုင်းကျူးကျော်စာရင်းများအနက်မှ အိမ်ခြေ  (၅၀)အောက်စာရင်းများကို ပယ်ဖျက်ပေးထားခြင်း၊ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်လုပ်ကိုင်နေသော ယာမြေနှင့် ဥယျဉ်ခြံမြေ များကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်း မပြုသော်လည်း ဆက်လက်လုပ်ကိုင်ခွင့်ပြုထားခြင်း၊ ယာမြေများကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းအား နှစ်(၃၀)လုပ်ကိုင်ခွင့်ပြုထားခြင်းနှင့် ဥယျာဉ်ခြံမြေများကို နှစ်ရှည်မြေငှားရမ်း စနစ်ဖြင့် ခွင့်ပြုပေး ထားခြင်းဖြစ်ပါတယ်”ဟု သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။

ဝမ်ဖွီးသစ်တောကြိုးဝိုင်းတောအတွင်း မူလလုပ်ကိုင်သူ တောင်သူ (၂၂)ဦးအား လယ်(၁၅)ဧကနှင့် ယာ(၈၅)ဧကကို ဆိုင်ရာဆိုင်ခွင့်ပေးထားပြီး ၂၀၁၃ခုနှစ် ကြိုးဝိုင်းကျူးကျော်စာရင်းအနက် ကျေးရွာ(၆)ရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေ စုစုပေါင်း (၅၇၀)ဧကနှင့် လွိုင်တောင်းကြိုးဝိုင်းအတွင်းမှ ကျေးရွာ(၃)ရွာ၏ ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများပိုင်မြေ စုစုပေါင်း (၅၀၉.၈၅)ဧကတို့အား သစ်တောကြိုးဝိုင်းဧရိယာမှ ပယ်ဖျက်ပေးထားပြီးဖြစ်သဖြင့် သစ်တောနယ်မြေထဲမှ ထပ်မံစွန့်လွှတ်ပယ်ဖျက်ပေးရန် မရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်ရှိ ဝမ်ဖွီးသစ်တောကြိုးဝိုင်းနှင့် လွိုင်တောင်းသစ်တောကြိုးဝိုင်းအတွင်း ပါဝင်သွားသည့် ရွာမြေများ၊ သာသနာ့မြေများ၊ ယာမြေများနှင့် လယ်မြေများကို မူလပိုင်ရှင်များထံ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့တွင် ကျေးသီးမြို့ မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်က မေးမြန်းခြင်းကို သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~