လူေပ်ာက္ေၾကာ္ျငာထားသည့္ လူငယ္အား လိြဳင္ေကာ္ၿမိဳ႕ရိွ KNPP ရံုးဝန္းအတြင္း ေရေျမာင္းတြင္ ေရနစ္ေသဆံုးေနသည္ကို ေတြ႔ရိွ

လူေပ်ာက္ေၾကာ္ျငာထားသည့္ လူငယ္အား လိြဳင္ေကာ္ၿမိဳ႕ရိွ KNPP ရံုးဝန္းအတြင္း ေရေျမာင္းတြင္ ေရနစ္ေသဆံုးေနသည္ကို ေတြ႔ရိွ
နိုဝင်ဘာ 14, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၉) ရက္ေန႔က လူေပ်ာက္ေၾကာ္ျငာထားသည့္ အသက္(၂၈)ႏွစ္အရြယ္ လူငယ္တစ္ဦးကို ႏိုဝင္ဘာလ (၁၄)ရက္ေန႔၌ KNPP ဆက္ဆံေရးရံုးဝန္းအတြင္း ေရနစ္ေသဆံုးေနသည္ကို ေတြ႔ရသျဖင့္ ေသမႈေသခင္းဖြင့္လွစ္ စစ္ေဆးေနေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ေနာင္ယားေစ်းအနီးရွိ KNPP ဆက္ဆံေရးရုံးဝန္းအတြင္းရိွ ေရေျမာင္းအနီး ၿခံဳမ်ားဝန္းက်င္တြင္ ႏိုဝင္ဘာလ (၁၄) ရက္ေန႔ ညေန(၄)နာရီဝန္းက်င္က အပုပ္နံ႔မ်ားရေနသျဖင့္ KNPP ရံုးဝန္ထမ္းမ်ားက ရွာေဖြရာ ေရေျမာင္းအတြင္း ေရနစ္ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္းကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႕က လာေရာက္စစ္ေဆးကာ အဆိုပါရုပ္အေလာင္းအား လိြဳင္ေကာ္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္စစ္ေဆးခဲ့ရာ ျပင္ပဒဏ္ရာရရိွထားျခင္းမရိွေၾကာင္း သိရသည္။
ကနဦးစစ္ေဆးခ်က္အရ ေသဆုံးသူမွာ ေပ်ာက္ဆုံးေနေသာ ေမာင္ေနမင္းဆိုသူျဖစ္ေၾကာင္း အတည္ျပဳထားေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု -ST

~~~~~~~~⊰❂ unicode ~~~~~~~~
လူပျောက်ကြော်ငြာထားသည့် လူငယ်အား လွိုင်ကော်မြို့ရှိ KNPP ရုံးဝန်းအတွင်း ရေမြောင်းတွင် ရေနစ်သေဆုံးနေသည်ကို တွေ့ရှိ
***************
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့က လူပျောက်ကြော်ငြာထားသည့် အသက်(၂၈)နှစ်အရွယ် လူငယ်တစ်ဦးကို နိုဝင်ဘာလ (၁၄)ရက်နေ့၌ KNPP ဆက်ဆံရေးရုံးဝန်းအတွင်း ရေနစ်သေဆုံးနေသည်ကို တွေ့ရသဖြင့် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

လွိုင်ကော်မြို့ နောင်ယားဈေးအနီးရှိ KNPP ဆက်ဆံရေးရုံးဝန်းအတွင်းရှိ ရေမြောင်းအနီး ခြုံများဝန်းကျင်တွင် နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က အပုပ်နံ့များရနေသဖြင့် KNPP ရုံးဝန်ထမ်းများက ရှာဖွေရာ ရေမြောင်းအတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်းကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးကာ အဆိုပါရုပ်အလောင်းအား လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာရရှိထားခြင်းမရှိကြောင်း သိရသည်။
ကနဦးစစ်ဆေးချက်အရ သေဆုံးသူမှာ ပျောက်ဆုံးနေသော မောင်နေမင်းဆိုသူဖြစ်ကြောင်း အတည်ပြုထားကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ -ST

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~