ေက်ာက္မဲၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးမႈ (၈)မႈျဖစ္ပြားၿပီး သံုးႏွစ္တာကာလအတြင္း အမ်ားဆံုးျဖစ္ေန

ေက်ာက္မဲၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးမႈ (၈)မႈျဖစ္ပြားၿပီး သံုးႏွစ္တာကာလအတြင္း အမ်ားဆံုးျဖစ္ေန
နိုဝင်ဘာ 8, 2018
By 🌸
ေက်ာက္မဲၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ႏိုဝင္ဘာလ(၈)ရက္ေန႔အထိ အမ်ိဳးသား(၆)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး စုစုေပါင္းႀကိဳးဆြဲခ်ေသဆံုးမႈ ( ၈ ) မႈျုဖစ္ပြားသျဖင့္ သံုးႏွစ္တာကာလအတြင္း  မိမိကုိယ္ကိုအဆံုးစီရင္မႈအမ်ားဆံုးျဖစ္ေနေၾကာင္း သိရသည္။

ယင္းကဲ့သို႔ မိမိကိုယ္ကို အဆံုးစီရင္မႈမ်ားသည္ ေန႔စဥ္ႀကံဳေတြ႔ေနရသည့္ စိတ္ဖိစီးမႈမ်ားကို မခံစားႏိုင္သည္ကို ထြက္ေပါက္မွားေနၾကျခင္းျဖစ္သည္ဟု စိတ္က်န္းမာေရးဆိုင္ရာ ေဝဒနာရွင္မ်ားအား စိတ္က်န္းမာေရး ေစာင့္ေရွာက္မႈမ်ားႏွင့္ စိတ္က်န္းမာေရးဆိုင္ရာ အသိပညာျဖန္႔ေဝမႈမ်ားျပဳလုပ္ေနသည့္ Heal The World အဖြဲ႔မွွ Executive Director ေဒၚသီရိေနဝင္းက ဆိုသည္။

" တစ္ခ်ဳိ႕သူေတြက ေန႔စဥ္ႀကံဳေတြ႔ေနရတဲ့ စိတ္ဖိစီးမႈေတြကို တြန္းလွန္ႏိုင္စြမ္းရွိၾကတယ္။ ဥပမာ ကားက်ပ္လို႔ ရံုးေနာက္က်တာမ်ိဳး၊ ေန႔လယ္စာစားဖို႔ ေနာက္က်တာမ်ိဳးေပါ့။ ဒါကိုတစ္ခ်ိဳ႕လူေတြက ရင္ဆိုင္ႏိုင္စြမ္းရွိေပမဲ့ တစ္ခ်ိဳ႕ စိတ္ခံစားမႈေတြက မတြန္းလွန္ႏိုင္ၾကဘူး။ ကိုယ့္ကိုယ္ကို အဆံုးစီရင္တာမ်ိဳးက အဲဒီလို မတြန္းလွန္ႏိုင္ျခင္းေတြ စုစည္းၿပီးေတာ့ ျဖစ္တာမ်ားတယ္”ဟု Heal The World အဖြဲ႔မွွ Executive Director ေဒၚသီရိေနဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိမိကိုယ္ကိုအဆံုးစီရင္မႈမ်ားကို အေသးစိတ္ေရးသားေဖၚျပျခင္းမ်ား၊ ရုပ္ရွင္၊ ဗီဒီယိုမ်ားတြင္ ေဖၚျပျခင္းမ်ားကလည္း အဆံုးစီရင္မႈမ်ားအတြက္ နည္းေပးလမ္းျပျဖစ္ေစေၾကာင္း ေလ့လာမႈမ်ားအရ သိရသည္ဟု ေဒၚသီရိေနဝင္းက ေထာက္ျပသည္။

“ အေသးစိတ္ တိတိက်က် ေရးသားေဖၚျပတဲ့ အဆံုးစီရင္မႈ သတင္းေတြ၊ ရုပ္ရွင္၊ ဗြီဒီယိုေတြမွာ ေဖၚျပေနၾကတဲ့ အဆံုးစီရင္မႈေတြကလည္း တကယ့္စိတ္ခံစားေနရသူေတြကို နည္းေပးလမ္းျပျဖစ္ေစတယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္" ဟု Heal The World အဖြဲ႔မွွ Executive Director ေဒၚသီရိေနဝင္းက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း (၈)ဦးေျမာက္ မိမိကိုယ္ကိုအဆံုးစီရင္မႈအျဖစ္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၈)ရက္ေန႔က ေက်ာက္မဲႀကီးေက်းရြာအုပ္စု၊ ကုန္းစံုေက်းရြာတြင္ အသက္ ( ၃၂ )ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားခဲ့ၿပီး အဆိုပါျဖစ္စဥ္မွာ ေက်ာက္မဲႀကီးေက်းရြာအုပ္စုတြင္ ၂၀၁၈ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ေျမာက္ ျဖစ္ပြားျခင္းျဖစ္သည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္အတြင္း ေဖေဖၚဝါရီ (၁၇ )ရက္ေန႔က ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရွိ  လြယ္ခြန္ေတာင္ေပၚတြင္ (၁၈)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦး၊ ေမလ (၉) ရက္ေန႔က ေက်ာက္မဲ၊ နားအိုက္ခန္႔၊ ေခ်ာင္းေခ်ာက္တို႔တြင္ တစ္ရက္အတြင္း အမ်ိဳးသမီး (၁)ဦးႏွင့္ အမ်ိဳးသား (၃) ဦး၊ ဇူလိုင္လ (၁၅) ရက္ေန႔က ေက်ာက္မဲၿမိဳ႕ တံခြန္တိုင္ေက်းရြာ၌ အသက္ (၂၁ )ႏွွစ္အရြယ္ အမ်ိဳးသားတစ္ဦးႏွင့္ ၾသဂုတ္လ(၄) ရက္ေန႔က မိုင္းတင္းေက်းရြာအနီး အမ်ိဳးသား (၁) ဦးတို႔ အဆံုးစီရင္မႈမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္တြင္ ၂၀၁၈ ခုႏွစ္အတြင္း မိမိကိုယ္ကိုအဆံုးစီရင္မႈမ်ားအျပင္ မူးယစ္ေဆးဝါးသံုးစြဲရင္း ေသဆံုးသူ၊ ေသနတ္မွန္၍ ေသဆံုးမႈလည္း မ်ားေနၿပီး ေသနတ္ျဖင့္ပစ္ခတ္ခံရသူမ်ားတြင္ ဆရာေတာ္တစ္ပါးလည္း ပါဝင္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ကြိုးဆွဲချသေဆုံးမှု (၈)မှုဖြစ်ပွားပြီး သုံးနှစ်တာကာလအတွင်း အများဆုံးဖြစ်နေ
***************
ကျောက်မဲမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ(၈)ရက်နေ့အထိ အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်းကြိုးဆွဲချသေဆုံးမှု ( ၈ ) မှုြုဖစ်ပွားသဖြင့် သုံးနှစ်တာကာလအတွင်း  မိမိကိုယ်ကိုအဆုံးစီရင်မှုအများဆုံးဖြစ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်မှုများသည် နေ့စဉ်ကြုံတွေ့နေရသည့် စိတ်ဖိစီးမှုများကို မခံစားနိုင်သည်ကို ထွက်ပေါက်မှားနေကြခြင်းဖြစ်သည်ဟု စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာရှင်များအား စိတ်ကျန်းမာရေး စောင့်ရှောက်မှုများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်ဝေမှုများပြုလုပ်နေသည့် Heal The World အဖွဲ့မှ Executive Director ဒေါ်သီရိနေဝင်းက ဆိုသည်။

" တစ်ချို့သူတွေက နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို တွန်းလှန်နိုင်စွမ်းရှိကြတယ်။ ဥပမာ ကားကျပ်လို့ ရုံးနောက်ကျတာမျိုး၊ နေ့လယ်စာစားဖို့ နောက်ကျတာမျိုးပေါ့။ ဒါကိုတစ်ချို့လူတွေက ရင်ဆိုင်နိုင်စွမ်းရှိပေမဲ့ တစ်ချို့ စိတ်ခံစားမှုတွေက မတွန်းလှန်နိုင်ကြဘူး။ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးက အဲဒီလို မတွန်းလှန်နိုင်ခြင်းတွေ စုစည်းပြီးတော့ ဖြစ်တာများတယ်”ဟု Heal The World အဖွဲ့မှ Executive Director ဒေါ်သီရိနေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိမိကိုယ်ကိုအဆုံးစီရင်မှုများကို အသေးစိတ်ရေးသားဖေါ်ပြခြင်းများ၊ ရုပ်ရှင်၊ ဗီဒီယိုများတွင် ဖေါ်ပြခြင်းများကလည်း အဆုံးစီရင်မှုများအတွက် နည်းပေးလမ်းပြဖြစ်စေကြောင်း လေ့လာမှုများအရ သိရသည်ဟု ဒေါ်သီရိနေဝင်းက ထောက်ပြသည်။

“ အသေးစိတ် တိတိကျကျ ရေးသားဖေါ်ပြတဲ့ အဆုံးစီရင်မှု သတင်းတွေ၊ ရုပ်ရှင်၊ ဗွီဒီယိုတွေမှာ ဖေါ်ပြနေကြတဲ့ အဆုံးစီရင်မှုတွေကလည်း တကယ့်စိတ်ခံစားနေရသူတွေကို နည်းပေးလမ်းပြဖြစ်စေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်" ဟု Heal The World အဖွဲ့မှ Executive Director ဒေါ်သီရိနေဝင်းက ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း (၈)ဦးမြောက် မိမိကိုယ်ကိုအဆုံးစီရင်မှုအဖြစ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့က ကျောက်မဲကြီးကျေးရွာအုပ်စု၊ ကုန်းစုံကျေးရွာတွင် အသက် ( ၃၂ )နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်မှာ ကျောက်မဲကြီးကျေးရွာအုပ်စုတွင် ၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ဖေဖေါ်ဝါရီ (၁၇ )ရက်နေ့က ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ  လွယ်ခွန်တောင်ပေါ်တွင် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ မေလ (၉) ရက်နေ့က ကျောက်မဲ၊ နားအိုက်ခန့်၊ ချောင်းချောက်တို့တွင် တစ်ရက်အတွင်း အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၃) ဦး၊ ဇူလိုင်လ (၁၅) ရက်နေ့က ကျောက်မဲမြို့ တံခွန်တိုင်ကျေးရွာ၌ အသက် (၂၁ )နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သြဂုတ်လ(၄) ရက်နေ့က မိုင်းတင်းကျေးရွာအနီး အမျိုးသား (၁) ဦးတို့ အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း မိမိကိုယ်ကိုအဆုံးစီရင်မှုများအပြင် မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံးသူ၊ သေနတ်မှန်၍ သေဆုံးမှုလည်း များနေပြီး သေနတ်ဖြင့်ပစ်ခတ်ခံရသူများတွင် ဆရာတော်တစ်ပါးလည်း ပါဝင်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~