ပိေတာက္သစ္ (၁၇)တန္ေက်ာ္အား တရားမဝင္သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းကို အေရးယူ

ပိေတာက္သစ္ (၁၇)တန္ေက်ာ္အား တရားမဝင္သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းကို အေရးယူ
နိုဝင်ဘာ 6, 2018
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၅) ရက္ေန႔ညက ဖမ္းဆီးရမိသည့္ ပိေတာက္သစ္လံုးႏွင့္ သစ္ခြဲသား (၁၇)တန္ေက်ာ္ကို သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းအား ႏိုဝင္ဘာလ(၆)ရက္ေန႔တြင္ ေက်ာက္မဲၿမိဳ႕မရဲစခန္း၌ အမႈဖြင့္လုိက္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနတာဝန္ရွိသူမ်ား၊ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕မွ တာဝန္ရိွသူမ်ားႏွင့္ သက္ဆုိင္ရာတာဝန္ရိွသူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာလ(၅)ရက္ေန႔ ညေန (၃)နာရီခြဲအခ်ိန္တြင္ သတင္းအရ မႏၱေလး- လားရႈိး ျပည္ေထာင္စုလမ္းႀကီး အိုရီယမ္တယ္တိုးဂိတ္တြင္ ေစာင့္ဆုိင္းစစ္ေဆးရာ ယာဥ္ေမာင္းညီညီေမာင္းႏွင္လာသည့္ တြဲကားတြင္ ပိေတာက္သစ္လံုးမ်ား၊ သစ္ခြဲသားမ်ား တင္ေဆာင္လာသည္ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါယာဥ္ေပၚတြင္ ပိေတာက္သစ္လုံး (၁၁)လုံး ၊ ပိေတာက္ သစ္ခြဲသား (၃၁)ေခ်ာင္း၊ ပိေတာက္ဓါးေရြတုံး (၇၈) တုံး စုစုေပါင္း (၁၇.၆၀၈၀) တန္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ၿပီး သစ္မ်ား တရားမဝင္သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းညီညီကို ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၄၄၁/၂၀၁၈၊ သစ္ေတာဥပေဒပုဒ္မ ၄၂(က)ျဖင့္ အမႈဖြင့္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ပိတောက်သစ် (၁၇)တန်ကျော်အား တရားမဝင်သယ်ဆောင်လာသည့် ယာဉ်မောင်းကို အရေးယူ
*************
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့ညက ဖမ်းဆီးရမိသည့် ပိတောက်သစ်လုံးနှင့် သစ်ခွဲသား (၁၇)တန်ကျော်ကို သယ်ဆောင်လာသည့် ယာဉ်မောင်းအား နိုဝင်ဘာလ(၆)ရက်နေ့တွင် ကျောက်မဲမြို့မရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနတာဝန်ရှိသူများ၊ ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ(၅)ရက်နေ့ ညနေ (၃)နာရီခွဲအချိန်တွင် သတင်းအရ မန္တလေး- လားရှိုး ပြည်ထောင်စုလမ်းကြီး အိုရီယမ်တယ်တိုးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးရာ ယာဉ်မောင်းညီညီမောင်းနှင်လာသည့် တွဲကားတွင် ပိတောက်သစ်လုံးများ၊ သစ်ခွဲသားများ တင်ဆောင်လာသည်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ပေါ်တွင် ပိတောက်သစ်လုံး (၁၁)လုံး ၊ ပိတောက် သစ်ခွဲသား (၃၁)ချောင်း၊ ပိတောက်ဓါးရွေတုံး (၇၈) တုံး စုစုပေါင်း (၁၇.၆၀၈၀) တန်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပြီး သစ်များ တရားမဝင်သယ်ဆောင်လာသည့် ယာဉ်မောင်းညီညီကို ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၄၁/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~