ေက်ာက္မဲႏွင့္ စခန္းသာေက်းရြာၾကားတြင္ ကၽြဲႏွစ္ေကာင္တင္လာသည့္ သံုးဘီးယာဥ္ကို ပစ္ခတ္သျဖင့္ ယာဥ္ေမာင္းေသဆံုး

ေက်ာက္မဲႏွင့္ စခန္းသာေက်းရြာၾကားတြင္ ကၽြဲႏွစ္ေကာင္တင္လာသည့္ သံုးဘီးယာဥ္ကို ပစ္ခတ္သျဖင့္ ယာဥ္ေမာင္းေသဆံုး
နိုဝင်ဘာ 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ႏွင့္ စခန္းသာေက်းရြာၾကား ျပည္ေထာင္စုလမ္းမႀကီးတြင္ ႏိုဝင္ဘာလ (၄)ရက္ေန႔ညပိုင္းက ကၽြဲႏွစ္ေကာင္တင္လာသည့္ သံုးဘီးယာဥ္ကို လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က        ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ အသက္(၂၅)ႏွစ္အရြယ္ သံုးဘီးယာဥ္ေမာင္း ေသဆံုးသြားေၾကာင္း သိရသည္။

သားသတ္လိုင္စင္ရထားသည့္လုပ္ငန္းတစ္ခုမွ ကၽြဲႏွစ္ေကာင္အား တင္ေဆာင္၍ စခန္းသာေက်းရြာမွ ေက်ာက္မဲၿမိဳ႕သို႔ ပို႔ေဆာင္ေပးစဥ္ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ ( ၁၀၃/၁) အနီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ထြက္ေျပးေမာင္းႏွင္လာရာ ယာဥ္ေမာင္းျပဳတ္က်ၿပီး ဦးေခါင္းဒဏ္ရာရရိွ ေသဆံုးသြားျခင္း         ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲခရိုင္ ျပည္သူ႔ေဆးရံုတြင္ ဦးေခါင္းေသြးထြက္ဒဏ္ရာျဖင့္ အမ်ိဳးသားတစ္ဦး ေရာက္ရွိလာၿပီး        ေသဆံုးသြားေၾကာင္း ႏိုဝင္ဘာလ (၅) ရက္ေန႔ နံနက္အေစာပိုင္းတြင္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ထံ သတင္းပို႔သျဖင့္ ရဲတပ္ဖြဲ႕က  ျဖစ္စဥ္အား စစ္ေဆးရာ ေသဆံုးသူမွာ ေက်ာက္မဲၿမိဳ႕မွ အသက္(၂၅)ႏွစ္အရြယ္ ညိဳလံုး(ခ) ထက္ျမတ္ျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့သည္ဟု သိရသည္။

အခင္းျဖစ္ေနရာအား ရဲတပ္ဖြဲ႔ကသြားေရာက္စစ္ေဆးရာတြင္ စခန္းသာမွ ေက်ာက္မဲဘက္သို႔အသြား       လမ္း၏ယာဘက္ျခမ္း ေပ(၄၀)ခန္႔အကြာရိွ ေညာင္ပင္ေအာက္၌ ပစ္ခတ္္ၿပီးေသနတ္က်ည္ဆန္ခြံ (၁၂)ခုအား စစ္ေဆးေတြ႔ရွိရၿပီး သံုးဘီးယာဥ္ႏွင့္ ကၽြဲႏွစ္ေကာင္တြင္လည္း ေသနတ္က်ည္ဆန္ရာမ်ားေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၄၃၇/၂၀၁၈၊ ပုဒ္မ ၃၀၇/ ၃၂၈/ ၄၂၉ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း#ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲနှင့် စခန်းသာကျေးရွာကြားတွင် ကျွဲနှစ်ကောင်တင်လာသည့် သုံးဘီးယာဉ်ကို ပစ်ခတ်သဖြင့် ယာဉ်မောင်းသေဆုံး
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် စခန်းသာကျေးရွာကြား ပြည်ထောင်စုလမ်းမကြီးတွင် နိုဝင်ဘာလ (၄)ရက်နေ့ညပိုင်းက ကျွဲနှစ်ကောင်တင်လာသည့် သုံးဘီးယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အသက်(၂၅)နှစ်အရွယ် သုံးဘီးယာဉ်မောင်း သေဆုံးသွားကြောင်း သိရသည်။

သားသတ်လိုင်စင်ရထားသည့်လုပ်ငန်းတစ်ခုမှ ကျွဲနှစ်ကောင်အား တင်ဆောင်၍ စခန်းသာကျေးရွာမှ ကျောက်မဲမြို့သို့ ပို့ဆောင်ပေးစဉ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ( ၁၀၃/၁) အနီးတွင် သေနတ်ဖြင့် ပစ်ခတ်သဖြင့် ထွက်ပြေးမောင်းနှင်လာရာ ယာဉ်မောင်းပြုတ်ကျပြီး ဦးခေါင်းဒဏ်ရာရရှိ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး သေဆုံးသွားကြောင်း နိုဝင်ဘာလ (၅) ရက်နေ့ နံနက်အစောပိုင်းတွင် ကျောက်မဲမြို့မရဲတပ်ဖွဲ့ထံ သတင်းပို့သဖြင့် ရဲတပ်ဖွဲ့က  ဖြစ်စဉ်အား စစ်ဆေးရာ သေဆုံးသူမှာ ကျောက်မဲမြို့မှ အသက်(၂၅)နှစ်အရွယ် ညိုလုံး(ခ) ထက်မြတ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာတွင် စခန်းသာမှ ကျောက်မဲဘက်သို့အသွား လမ်း၏ယာဘက်ခြမ်း ပေ(၄၀)ခန့်အကွာရှိ ညောင်ပင်အောက်၌ ပစ်ခတ်ပြီးသေနတ်ကျည်ဆန်ခွံ (၁၂)ခုအား စစ်ဆေးတွေ့ရှိရပြီး သုံးဘီးယာဉ်နှင့် ကျွဲနှစ်ကောင်တွင်လည်း သေနတ်ကျည်ဆန်ရာများတွေ့ရှိရကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၄၃၇/၂၀၁၈၊ ပုဒ်မ ၃၀၇/ ၃၂၈/ ၄၂၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~