ေက်ာက္မဲၿမိဳ႕တြင္ ဆိုင္ကယ္ခိုးခံရမႈ၊ ဆုိင္ကယ္စီးသူထံမွ လုယူခံရမႈမ်ားကို အမႈဖြင့္တုိင္ၾကားၾကရန္ ရဲတပ္ဖြဲ႕ တုိက္တြန္း

ေက်ာက္မဲၿမိဳ႕တြင္ ဆိုင္ကယ္ခိုးခံရမႈ၊ ဆုိင္ကယ္စီးသူထံမွ လုယူခံရမႈမ်ားကို အမႈဖြင့္တုိင္ၾကားၾကရန္ ရဲတပ္ဖြဲ႕ တုိက္တြန္း
နိုဝင်ဘာ 18, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ဆုိင္ကယ္ခိုးခံရမႈ၊ ဆိုင္ကယ္စီးနင္းလာသူထံမွ လုယက္ခံရမႈမ်ား ျဖစ္ပြားေနၿပီး ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ျဖစ္ပြားမႈမ်ားလာသည္ဟု ေဒသခံမ်ားကဆိုေသာ္လည္း (၂)ႏွစ္တာကာလအတြင္း လုယက္ခံရမႈ၊ ခိုးမႈမ်ား အမႈဖြင့္တုိင္ၾကားျခင္းမရိွေၾကာင္း ရဲတပ္ဖြဲ႕ထံ သိရသည္။

" ရဲတပ္ဖြဲ႔က ျပည္သူကိုဗဟိုျပဳတဲ့စနစ္နဲ႔ လုပ္ေဆာင္ေနရတာျဖစ္တဲ့အတြက္ ျပည္သူေတြက ပူးေပါင္းပါဝင္ဖို႔က  အဓိကက်ပါတယ္။ ဆိုင္ကယ္ေတြခိုးခံရတာ၊ လုခံရတာေတြျဖစ္လာရင္ ရဲတပ္ဖြဲ႔မွာလာၿပီး တိုင္ၾကား ေစခ်င္ပါတယ္။ မူးယစ္ေဆးဝါးနဲ႔ပတ္သက္တဲ့ သတင္းေတြလည္း တိုင္ၾကားလို႔ရပါတယ္။ တိုင္ၾကားသူကို ရဲတပ္ဖြဲ႔က ကာကြယ္ေပးထားမွာပါ" ဟု ေက်ာက္မဲၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး ဟန္ဝင္းလႈိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ၂၀၁၇ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ(၁၈)ရက္ေန႔အထိ လုယက္မႈ၊ ခိုးမႈႏွင့္ ပတ္သက္သည့္ တိုင္ၾကားမႈ တစ္ခုမွမရွိေၾကာင္း သိရသည္။

"ျပည္သူကလည္း ရဲတပ္ဖြဲ႔အေပၚ ယံုၾကည္မႈေလ်ာ့က်ေနသလို ျဖစ္ေနတယ္။ ဒါေၾကာင့္ အမႈအခင္းေတြ၊ ပစၥည္းေပ်ာက္တာေတြ၊ လုခံရတာေတြကို သြားၿပီးမတိုင္ၾကဘူး။ လာမတိုင္ၾကေတာ့ ရဲကလည္း သိသင့္သေလာက္ မသိဘူးျဖစ္ေနတယ္။ အဲဒီလိုအေျခအေနေၾကာင့္ ခိုးမႈေတြ၊ လုယက္မႈေတြ မ်ားလာတယ္လို႔ ေျပာရမွာပဲ။ အဓိကကေတာ့ ရဲတပ္ဖြဲ႔နဲ႔ ျပည္သူၾကားမွာ ယံုၾကည္မႈရွိေနၾကဖို႔လိုတယ္" ဟု ေက်ာက္မဲၿမိဳ႕မွ အျဖဴေရာင္ႏွလံုးသားလူမႈကူညီေရးအသင္း ဥကၠဌ ဦးျမဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ျပည္သူမ်ားအေနျဖင့္ ရဲတပ္ဖြဲ႕ထံ တိုင္ၾကားမႈမ်ားရိွပါက အေလးထားေဆာင္ရြက္သြားမည္ျဖစ္ၿပီး မူးယစ္မႈမ်ားႏွင့္ပတ္သက္၍ သတင္းေပးတုိင္ၾကားလာပါက တိုင္ၾကားသူႏွင့္ ပတ္သက္သည့္ အခ်က္္အလက္မ်ားကိုလည္း ကာကြယ္ေပးထားမည္ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕မစခန္းမွဴးက ဆုိသည္။

ျပည္သူမ်ားအေနျဖင့္ သတင္းေပးတုိင္ၾကားမႈမ်ားအတြက္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႕ ဖုန္း 082 40028 သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့တွင် ဆိုင်ကယ်ခိုးခံရမှု၊ ဆိုင်ကယ်စီးသူထံမှ လုယူခံရမှုများကို အမှုဖွင့်တိုင်ကြားကြရန် ရဲတပ်ဖွဲ့ တိုက်တွန်း
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဆိုင်ကယ်ခိုးခံရမှု၊ ဆိုင်ကယ်စီးနင်းလာသူထံမှ လုယက်ခံရမှုများ ဖြစ်ပွားနေပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားမှုများလာသည်ဟု ဒေသခံများကဆိုသော်လည်း (၂)နှစ်တာကာလအတွင်း လုယက်ခံရမှု၊ ခိုးမှုများ အမှုဖွင့်တိုင်ကြားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ထံ သိရသည်။

" ရဲတပ်ဖွဲ့က ပြည်သူကိုဗဟိုပြုတဲ့စနစ်နဲ့ လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ဖို့က  အဓိကကျပါတယ်။ ဆိုင်ကယ်တွေခိုးခံရတာ၊ လုခံရတာတွေဖြစ်လာရင် ရဲတပ်ဖွဲ့မှာလာပြီး တိုင်ကြား စေချင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သတင်းတွေလည်း တိုင်ကြားလို့ရပါတယ်။ တိုင်ကြားသူကို ရဲတပ်ဖွဲ့က ကာကွယ်ပေးထားမှာပါ" ဟု ကျောက်မဲမြို့မစခန်းမှူး ဒုရဲမှူး ဟန်ဝင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့မရဲစခန်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့အထိ လုယက်မှု၊ ခိုးမှုနှင့် ပတ်သက်သည့် တိုင်ကြားမှု တစ်ခုမှမရှိကြောင်း သိရသည်။

"ပြည်သူကလည်း ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုလျော့ကျနေသလို ဖြစ်နေတယ်။ ဒါကြောင့် အမှုအခင်းတွေ၊ ပစ္စည်းပျောက်တာတွေ၊ လုခံရတာတွေကို သွားပြီးမတိုင်ကြဘူး။ လာမတိုင်ကြတော့ ရဲကလည်း သိသင့်သလောက် မသိဘူးဖြစ်နေတယ်။ အဲဒီလိုအခြေအနေကြောင့် ခိုးမှုတွေ၊ လုယက်မှုတွေ များလာတယ်လို့ ပြောရမှာပဲ။ အဓိကကတော့ ရဲတပ်ဖွဲ့နဲ့ ပြည်သူကြားမှာ ယုံကြည်မှုရှိနေကြဖို့လိုတယ်" ဟု ကျောက်မဲမြို့မှ အဖြူရောင်နှလုံးသားလူမှုကူညီရေးအသင်း ဥက္ကဌ ဦးမြဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူများအနေဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများရှိပါက အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်မှုများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားလာပါက တိုင်ကြားသူနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ကာကွယ်ပေးထားမည်ဖြစ်ကြောင်း ကျောက်မဲမြို့မစခန်းမှူးက ဆိုသည်။

ပြည်သူများအနေဖြင့် သတင်းပေးတိုင်ကြားမှုများအတွက် ကျောက်မဲမြို့မရဲတပ်ဖွဲ့ ဖုန်း 082 40028 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~