အင္ဒိုနီးရွားႏုိင္ငံသား (၁၆)ဦးပါဝင္သည့္ ငါးခိုးဖမ္းစက္ေလွ(၁)စီးကို ေကာ့ေသာင္းၿမိဳ႕နယ္အတြင္းဖမ္းမိ

အင္ဒိုနီးရွားႏုိင္ငံသား (၁၆)ဦးပါဝင္သည့္ ငါးခိုးဖမ္းစက္ေလွ(၁)စီးကို ေကာ့ေသာင္းၿမိဳ႕နယ္အတြင္းဖမ္းမိ
နိုဝင်ဘာ 8, 2018
By 🌸
တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ဇာဒက္ႀကီးကြၽန္း ရခစ(၅၈)မွ တပ္မေတာ္သားမ်ားသည္ စစ္ေရယာဥ္အမွတ္ T-201 ျဖင့္ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္စဥ္ တရားမဝင္ ငါးခိုးဖမ္းေနသည့္ အင္ဒိုနီးရွားႏိုင္ငံသား (၁၆)ဦးႏွင့္ စက္ေလွကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါငါးဖမ္းစက္ေလွသည္ အင္ဒိုနီးရွားႏိုင္ငံ၊ ဆူမတ္ၾတားကြၽန္းမွ ျမန္မာႏိုင္ငံေရပိုင္နက္အတြင္းသို႔ ဝင္ေရာက္၍ ငါးခိုးဖမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္မေတာ္စစ္ေရယာဥ္သည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၆) ရက္ေန႔  ည (၁၁)နာရီ (၁၀)မိနစ္အခ်ိန္ခန္႔တြင္ သန္ကြၽန္းအေနာက္ေျမာက္ (၅၄) မိုင္ခန္႔အကြာ၌ အင္ဒိုနီးရွားႏိုင္ငံသား (၁၆) ဦး လိုက္ပါလာသည့္ BINTANG JASA အမည္ရွိ အင္ဒိုနီးရွားႏိုင္ငံမွ တရားမဝင္ငါးခိုးဖမ္းစက္ေလွ (၁) စီးအား ေတြ႕ရွိ၍ ဖမ္းဆီးစဥ္ ေရထဲသို႔ ခုန္ခ် ထြက္ေျပးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းတို႔အနက္ (၁၅) ဦးအား ျပန္လည္ဆယ္ယူရရွိခဲ့ေသာ္လည္း ႏူ႐ိုအင္ဆိုသူမွာ ေရနစ္ေသဆံုးသြားေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္စက္ေလွႏွင့္ အင္ဒိုနီးရွားႏိုင္ငံသားမ်ားအား ရခစ(၅၈)၌ ထိန္းသိမ္းထားရွိၿပီး ႏိုဝင္ဘာလ (၇) ရက္ေန႔တြင္ အင္ဒိုနီးရွားႏို္င္ငံသား (၁၅)ဦးကို  ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးဌာနသို႔ လႊဲေျပာင္းေပးလုိက္ၿပီး ေသဆုံးသူ ႏူ႐ိုအင္၏ အေလာင္းအား ေကာ့ေသာင္းၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အဆိုပါေသဆုံးမႈအား ေကာ့ေသာင္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၄၂/၂၀၁၈) ျဖင့္ စစ္ေဆးထားၿပီး ငါးခိုးဖမ္းသည့္ အင္ဒိုနီးရွားႏုိင္ငံသား (၁၅) ဦးအား ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၀၀၉/၂၀၁၈၊ ႏိုင္ငံျခားငါးဥပေဒပုဒ္မ ၃၈(က)(ခ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - MOHA

~~~~~~~~⊰❂ unicode ~~~~~~~~
အင်ဒိုနီးရှားနိုင်ငံသား (၁၆)ဦးပါဝင်သည့် ငါးခိုးဖမ်းစက်လှေ(၁)စီးကို ကော့သောင်းမြို့နယ်အတွင်းဖမ်းမိ
*************
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်း ရခစ(၅၈)မှ တပ်မတော်သားများသည် စစ်ရေယာဉ်အမှတ် T-201 ဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် တရားမဝင် ငါးခိုးဖမ်းနေသည့် အင်ဒိုနီးရှားနိုင်ငံသား (၁၆)ဦးနှင့် စက်လှေကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါငါးဖမ်းစက်လှေသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်းမှ မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ ဝင်ရောက်၍ ငါးခိုးဖမ်းခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်စစ်ရေယာဉ်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့  ည (၁၁)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် သန်ကျွန်းအနောက်မြောက် (၅၄) မိုင်ခန့်အကွာ၌ အင်ဒိုနီးရှားနိုင်ငံသား (၁၆) ဦး လိုက်ပါလာသည့် BINTANG JASA အမည်ရှိ အင်ဒိုနီးရှားနိုင်ငံမှ တရားမဝင်ငါးခိုးဖမ်းစက်လှေ (၁) စီးအား တွေ့ရှိ၍ ဖမ်းဆီးစဉ် ရေထဲသို့ ခုန်ချ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့အနက် (၁၅) ဦးအား ပြန်လည်ဆယ်ယူရရှိခဲ့သော်လည်း နူရိုအင်ဆိုသူမှာ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်စက်လှေနှင့် အင်ဒိုနီးရှားနိုင်ငံသားများအား ရခစ(၅၈)၌ ထိန်းသိမ်းထားရှိပြီး နိုဝင်ဘာလ (၇) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသား (၁၅)ဦးကို  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်ပြီး သေဆုံးသူ နူရိုအင်၏ အလောင်းအား ကော့သောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါသေဆုံးမှုအား ကော့သောင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၄၂/၂၀၁၈) ဖြင့် စစ်ဆေးထားပြီး ငါးခိုးဖမ်းသည့် အင်ဒိုနီးရှားနိုင်ငံသား (၁၅) ဦးအား ကော့သောင်း မြို့မရဲစခန်းတွင် (ပ)၂၀၀၉/၂၀၁၈၊ နိုင်ငံခြားငါးဥပဒေပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~