ျမန္မာ - တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕သို႔ တရားမဝင္သယ္လာသည့္ အင္ၾကင္းေက်ာက္မ်ားကို ဖမ္းဆီးရမိ

ျမန္မာ - တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕သို႔ တရားမဝင္သယ္လာသည့္ အင္ၾကင္းေက်ာက္မ်ားကို ဖမ္းဆီးရမိ
နိုဝင်ဘာ 18, 2018
By 🌸
အင္ၾကင္းေက်ာက္မ်ားကို ခရီးေဆာင္အိတ္မ်ားျဖင့္ထည့္၍ ျမန္မာ - တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕သို႔ သယ္ေဆာင္လာသည္ကို  ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္း၌ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၈)ရက္ေန႔ နံနက္ (၇)နာရီေက်ာ္တြင္ ဖမ္းဆီးရမိလုိက္ေၾကာင္းသိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ မူဆယ္ဘက္သုိ႔ အတက္ကားမ်ားအား စစ္ေဆးေနစဥ္ Hiace ယာဥ္တစ္စီးအား စစ္ေဆးရာ ခရီးေဆာင္အိတ္မ်ားျဖင့္ ထည့္ထားသည့္ အင္ၾကင္းေက်ာက္မ်ားအား ေတြ႔ရၿပီး အဆုိပါေက်ာက္မ်ား သယ္ေဆာင္ခြင့္အေထာက္အထားမပါရိွသျဖင့္ ဖမ္းဆီးထိန္းသိမ္းထားကာ အေရအတြက္စိစစ္ၿပီးပါက ဥပေဒအရ ဆက္လက္အေရးယူႏုိင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ပံုမွန္စစ္ေဆးေရးစခန္းမ်ားရိွေနၿပီး သိန္းနီၿမိဳ႕နယ္အတြင္း ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္း၌လည္း သက္ဆုိင္ရာဌာနေပါင္းစံုပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ျဖတ္သန္းသြားလာသည့္ေမာ္ေတာ္ယာဥ္မ်ားအား စစ္ေဆးမႈမ်ားလုပ္ေဆာင္ရာ တရုတ္နုိင္ငံသို႔ တရားမဝင္ တင္ပို႔မည့္ပစၥည္းမ်ား၊ တရုတ္ႏုိင္ငံမွ တရားမဝင္တင္သြင္းလာသည့္ ကုန္ပစၥည္းမ်ားကို ဖမ္းဆီးရမိေလ့ရိွေနျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု- အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့သို့ တရားမဝင်သယ်လာသည့် အင်ကြင်းကျောက်များကို  ဖမ်းဆီးရမိ
***********
အင်ကြင်းကျောက်များကို ခရီးဆောင်အိတ်များဖြင့်ထည့်၍ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့သို့ သယ်ဆောင်လာသည်ကို  ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက် (၇)နာရီကျော်တွင် ဖမ်းဆီးရမိလိုက်ကြောင်းသိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်သို့ အတက်ကားများအား စစ်ဆေးနေစဉ် Hiace ယာဉ်တစ်စီးအား စစ်ဆေးရာ ခရီးဆောင်အိတ်များဖြင့် ထည့်ထားသည့် အင်ကြင်းကျောက်များအား တွေ့ရပြီး အဆိုပါကျောက်များ သယ်ဆောင်ခွင့်အထောက်အထားမပါရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားကာ အရေအတွက်စိစစ်ပြီးပါက ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ပုံမှန်စစ်ဆေးရေးစခန်းများရှိနေပြီး သိန်းနီမြို့နယ်အတွင်း ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌လည်း သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာသည့်မော်တော်ယာဉ်များအား စစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့်ပစ္စည်းများ၊ တရုတ်နိုင်ငံမှ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရမိလေ့ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ- အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~