လားရိႈးၿမိဳ႕တြင္ တိုက္ပြဲေရွာင္ေနသည့္ အီႏိုင္းေက်းရြာႏွင့္ နမၼတူၿမိဳ႕နယ္မွ ေဒသခံ (၁၀၀၀)ေက်ာ္ ေနရပ္ျပန္

လားရိႈးၿမိဳ႕တြင္ တိုက္ပြဲေရွာင္ေနသည့္ အီႏိုင္းေက်းရြာႏွင့္ နမၼတူၿမိဳ႕နယ္မွ ေဒသခံ (၁၀၀၀)ေက်ာ္ ေနရပ္ျပန္
နိုဝင်ဘာ 2, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ တုိက္ပြဲေရွာင္ေနသည့္ အီႏိုင္းေက်းရြာႏွင့္ နမၼတူၿမိဳ႕နယ္တို႔မွ ေဒသခံမ်ားသည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂)ရက္ေန႔တြင္ ေနရပ္ျပန္ၾကၿပီျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ မန္ဆူရွမ္းေက်ာင္းတြင္ တိုက္ပဲြေရွာင္ေနသူမ်ားသည္ ေဒသအေျခအေနတည္ၿငိမ္လာသျဖင့္ ႏို၀င္ဘာလ (၁)ရက္ေန႔မွစ၍ ေနရပ္ျပန္ေနရာ ႏိုဝင္ဘာလ(၂)ရက္ေန႔တြင္ ေနာက္ဆံုးက်န္ခဲ့သည့္ ေဒသခံ (၃၀၀)ေက်ာ္ ျပန္သြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနရပ္ျပန္ စစ္ေဘးေရွာင္မ်ားအတြက္ စားနပ္ရိကၡာမ်ားကို ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဦးစီးဌာန၊ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ႏွင့္ လားရိႈးၿမိဳ႕ရွိ ပရဟိတအဖြဲ႔မ်ားက ကူညီေထာက္ပံ့ေပးထားၿပီး ေနရပ္ျပန္ရန္အတြက္ ႏိုဝင္ဘာလ(၁) ရက္ေန႔ ႏွင့္ (၂) ရက္ေန႔တို႔တြင္ လူမႈကူညီေရး အသင္းအဖြဲ႔မ်ား စုေပါင္းကာ ေမာ္ေတာ္ယာဥ္ (၂၇)စီးျဖင့္ လိုက္လံပို႔ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

နမၼတူၿမိဳ႕နယ္ နားဆိုင္းေက်းရြာအုပ္စုႏွင့္ လားရိႈးၿမိဳ႕နယ္အီႏိုင္းေက်းရြာအုပ္စုအတြင္း ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃) ရက္ေန႔မွစ၍ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ားျဖစ္သည့္ TNLA ၊ SSPP/SSA ႏွင့္ RCSS/SSA တို႔ၾကားတုိက္ပြဲမ်ားေၾကာင့္ ေဒသခံ (၁၀၀၀)ေက်ာ္မွာ  ေအာက္တိုဘာလ (၂၉)ရက္ေန႔တြင္ လားရႈိးၿမိဳ႕မန္ဆူရွမ္းေက်ာင္းသို႔ တိမ္းေရွာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ေပးေသာလက္လူမႈကူညီေရးအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့တွင် တိုက်ပွဲရှောင်နေသည့် အီနိုင်းကျေးရွာနှင့် နမ္မတူမြို့နယ်မှ ဒေသခံ (၁၀၀၀)ကျော် နေရပ်ပြန်
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တိုက်ပွဲရှောင်နေသည့် အီနိုင်းကျေးရွာနှင့် နမ္မတူမြို့နယ်တို့မှ ဒေသခံများသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင် နေရပ်ပြန်ကြပြီဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် တိုက်ပွဲရှောင်နေသူများသည် ဒေသအခြေအနေတည်ငြိမ်လာသဖြင့် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ နေရပ်ပြန်နေရာ နိုဝင်ဘာလ(၂)ရက်နေ့တွင် နောက်ဆုံးကျန်ခဲ့သည့် ဒေသခံ (၃၀၀)ကျော် ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရပ်ပြန် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် လားရှိုးမြို့ရှိ ပရဟိတအဖွဲ့များက ကူညီထောက်ပံ့ပေးထားပြီး နေရပ်ပြန်ရန်အတွက် နိုဝင်ဘာလ(၁) ရက်နေ့ နှင့် (၂) ရက်နေ့တို့တွင် လူမှုကူညီရေး အသင်းအဖွဲ့များ စုပေါင်းကာ မော်တော်ယာဉ် (၂၇)စီးဖြင့် လိုက်လံပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စုနှင့် လားရှိုးမြို့နယ်အီနိုင်းကျေးရွာအုပ်စုအတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA ၊ SSPP/SSA နှင့် RCSS/SSA တို့ကြားတိုက်ပွဲများကြောင့် ဒေသခံ (၁၀၀၀)ကျော်မှာ  အောက်တိုဘာလ (၂၉)ရက်နေ့တွင် လားရှိုးမြို့မန်ဆူရှမ်းကျောင်းသို့ တိမ်းရှောင်လာခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ပေးသောလက်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~