အေျခခံက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ဆရာဝန္မ်ားလက္စြဲမ်ားပါဝင္သည့္ Mobile Tablet မ်ားကို မေကြးတုိင္းေဒသႀကီးတြင္ ျဖန္႔ေဝ

အေျခခံက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ဆရာဝန္မ်ားလက္စြဲမ်ားပါဝင္သည့္ Mobile Tablet မ်ားကို မေကြးတုိင္းေဒသႀကီးတြင္ ျဖန္႔ေဝ
နိုဝင်ဘာ 5, 2018
By 🌸
အေျခခံက်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ဆရာဝန္မ်ားလက္စြဲ လုပ္ငန္းအေထာက္အကူျပဳ Mobile Tablet မ်ားကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက မေကြးတုိင္းေဒသႀကီးအတြင္း၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၅)ရက္ေန႔တြင္ ျဖန္႔ေဝေပးလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

အေျခခံက်န္းမာေရးဝန္ထမ္းမ်ားအတြက္ Mobile Tablet မ်ားတြင္ သက္ဆုိင္သည့္ စာအုပ္၊ စာတမ္းေပါင္း (၁၂၀)ေက်ာ္ ထည့္သြင္းထားၿပီး ဆရာဝန္မ်ားအတြက္ Mobile Tablet မ်ားတြင္ သက္ဆုိင္ရာ စာအုပ္၊စာတမ္းေပါင္း (၄၀၀)ေက်ာ္ ထည့္သြင္းေပးထားျခင္းျဖစ္ေၾကာင္း  သိရသည္။

တစ္နုိင္ငံလံုးရိွ က်န္းမာေရးဝန္ထမ္းမ်ား၊ ဆရာဝန္မ်ားကို ျဖန္႔ေဝေပးမည္ျဖစ္ကာ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ (၂၁)ရက္ေန႔က ကယားျပည္နယ္တြင္ စတင္ျဖန္႔ေဝလိုက္ျခင္းျဖစ္ၿပီး ႏိုဝင္ဘာလ(၅)ရက္ေန႔တြင္ မေကြးတိုင္းေဒသႀကီးအတြင္း Mobile Tablet အလံုးေရ(၂၇၄၅)လံုး ေပးအပ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

 “စာမ်က္ႏွာ(၃၃၀)ပါရိွတဲ့ စံျပဳအခ်က္အလက္မ်ားဆိုတဲ့ စာအုပ္ကို (၆) လအတြင္းမွာ ပထမဆံုး ထုတ္ေဝေပးခဲ့ပါတယ္။ ဒီစာအုပ္ကို အေျခခံက်န္းမာေရးဝန္ထမ္းေတြဟာ နယ္ေတြကိုသြားတဲ့အခါမွာ သယ္သြားၿပီးေတာ့ အသံုးခ်ေစဖို႔ရည္ရြယ္ခဲ့ေပမဲ့ စာအုပ္ကိုသယ္ယူဖို႔ အခက္အခဲျဖစ္ႏိုင္တာေၾကာင့္ ဒါေတြကို Tablet ထဲမွာ ထည့္ေပးလိုက္မယ္ဆိုရင္ဆိုတဲ့အေတြးနဲ႔ လုပ္ေပးရျခင္းျဖစ္ပါတယ္”ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက မေကြးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္ေသာ Mobile Tablet ေပးအပ္ ပဲြအခမ္းအနားတြင္ ေျပာၾကားသည္။

လာမည့္ႏွစ္မွစ၍ မြမ္းမံသင္တန္းမ်ား၊ သင္တန္းမ်ား၊ စဥ္ဆက္မျပတ္ကုသေရးအပိုင္းမ်ား၊ ျပည္သူ႔က်န္းမာေရး နည္းပညာအပိုင္းမ်ား၊ စာရင္းဇယားမ်ားစသည္တုိ႔ကို အဆိုပါ Mobile Tablet ကို အသံုးျပဳ၍ ေဆာင္ရြက္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များလက်စွဲများပါဝင်သည့် Mobile Tablet များကို မကွေးတိုင်းဒေသကြီးတွင် ဖြန့်ဝေ
***************
အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များလက်စွဲ လုပ်ငန်းအထောက်အကူပြု Mobile Tablet များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မကွေးတိုင်းဒေသကြီးအတွင်း၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့တွင် ဖြန့်ဝေပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် Mobile Tablet များတွင် သက်ဆိုင်သည့် စာအုပ်၊ စာတမ်းပေါင်း (၁၂၀)ကျော် ထည့်သွင်းထားပြီး ဆရာဝန်များအတွက် Mobile Tablet များတွင် သက်ဆိုင်ရာ စာအုပ်၊စာတမ်းပေါင်း (၄၀၀)ကျော် ထည့်သွင်းပေးထားခြင်းဖြစ်ကြောင်း  သိရသည်။

တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များကို ဖြန့်ဝေပေးမည်ဖြစ်ကာ ၂၀၁၈ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့က ကယားပြည်နယ်တွင် စတင်ဖြန့်ဝေလိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ(၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း Mobile Tablet အလုံးရေ(၂၇၄၅)လုံး ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 “စာမျက်နှာ(၃၃၀)ပါရှိတဲ့ စံပြုအချက်အလက်များဆိုတဲ့ စာအုပ်ကို (၆) လအတွင်းမှာ ပထမဆုံး ထုတ်ဝေပေးခဲ့ပါတယ်။ ဒီစာအုပ်ကို အခြေခံကျန်းမာရေးဝန်ထမ်းတွေဟာ နယ်တွေကိုသွားတဲ့အခါမှာ သယ်သွားပြီးတော့ အသုံးချစေဖို့ရည်ရွယ်ခဲ့ပေမဲ့ စာအုပ်ကိုသယ်ယူဖို့ အခက်အခဲဖြစ်နိုင်တာကြောင့် ဒါတွေကို Tablet ထဲမှာ ထည့်ပေးလိုက်မယ်ဆိုရင်ဆိုတဲ့အတွေးနဲ့ လုပ်ပေးရခြင်းဖြစ်ပါတယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မကွေးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော Mobile Tablet ပေးအပ် ပွဲအခမ်းအနားတွင် ပြောကြားသည်။

လာမည့်နှစ်မှစ၍ မွမ်းမံသင်တန်းများ၊ သင်တန်းများ၊ စဉ်ဆက်မပြတ်ကုသရေးအပိုင်းများ၊ ပြည်သူ့ကျန်းမာရေး နည်းပညာအပိုင်းများ၊ စာရင်းဇယားများစသည်တို့ကို အဆိုပါ Mobile Tablet ကို အသုံးပြု၍ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~