မိုင္းဆတ္ - တာခ်ီလိတ္ကားလမ္းအား ႏို၀င္ဘာလမကုန္မီ “ဝ”အထူးေဒသ(၂)ထံမွ လႊဲေျပာင္းလက္ခံမည္

မိုင္းဆတ္ - တာခ်ီလိတ္ကားလမ္းအား ႏို၀င္ဘာလမကုန္မီ “ဝ”အထူးေဒသ(၂)ထံမွ လႊဲေျပာင္းလက္ခံမည္
နိုဝင်ဘာ 19, 2018
By 🌸
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္ႏွင့္ တာခ်ီလိတ္ခ႐ိုင္ကို ဆက္သြယ္သည့္ မိုင္းဆတ္-တာခ်ီလိတ္ကားလမ္းကို  “၀” အထူးေဒသ(၂)က ႏိုင္ငံေတာ္အစိုးရသို႔ ႏို၀င္ဘာလမကုန္မီ လႊဲေျပာင္းေပးႏိုင္ရန္ ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာ ၁၉ ရက္ေန႔ နံနက္ (၉) နာရီခဲြက မိုင္းဆတ္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေ၀းခန္းမ၌ ႏွစ္ဖက္ေတြ႔ဆံုုံညိႇႏိႈင္းေဆြးေႏြးပြဲတြင္ သေဘာတူညီလိုက္ေၾကာင္း သိရသည္။

"မိုင္းဆတ္-တာခ်ီလိတ္ကားလမ္း လမ္းလႊဲေျပာင္းလက္ခံႏိုင္ေရးကို (၁၀)ရက္အတြင္းေဆာင္ရြက္ဖို႔ ႏွစ္ဖက္ သေဘာတူၿပီးျဖစ္ပါတယ္။ လမ္းလႊဲေျပာင္းလက္ခံေဆာင္ရြက္ၿပီးတာနဲ႔ ခရီးသြားျပည္သူေတြ သြားလာမႈအဆင္ေျပ ေအာင္ အျမန္ဆုံးျပဳျပင္ေဆာင္ရြက္ႏိုင္ဖို႔ ဆက္လက္တင္ျပေဆာင္ရြက္သြားပါမယ္"ဟု မိုင္းဆတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ိဳးေအာင္က ေျပာသည္။

တာခ်ီလိတ္ - မုိင္းဆတ္လမ္းပိုင္းမွာ စုစုေပါင္း (၆၀.၄)မုိင္ရွည္လ်ားၿပီး ၁၉၉၂ ခုႏွစ္တြင္ "ဝ"အထူးေဒသ(၂) ေတာင္ပိုင္းက ဟုန္ပန္းကုမၸဏီျဖင့္ ေဖါက္လုပ္ခဲ့ကာ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနျခင္း ျဖစ္ေသာ္လည္း လမ္းပို္င္း ပ်က္စီးမႈကို ျပဳျပင္ႏုိင္ျခင္း မရိွသျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးရန္ ၂၀၁၈ ခုႏွစ္အတြင္း ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

လက္ရိွအခ်ိန္တြင္ အဆိုပါ လမ္းပိုင္း၌ ခ်ိဳင့္လမ္းေဘးရွိ ၿခံဳႏြယ္မ်ားေၾကာင့္ ျမင္ကြင္းမရွင္း၍ ယာဥ္တိမ္းေမွာက္မႈႏွင့္ ယာဥ္တိုက္မႈအႏၱရာယ္ မျဖစ္ေစရန္ ဂ႐ုစိုက္၍ ေမာင္းႏွင္ေနရသျဖင့္ ယခင္က (၄) နာရီေက်ာ္သာ ေမာင္းႏွင္ရသည့္ခရီးကို ယခုအခါ (၇) နာရီခန္႔အထိ ေမာင္းႏွင္ေနရသည့္အတြက္ ေဒသခံျပည္သူမ်ားက အျမန္ဆုံးျပဳျပင္ ေဆာင္ရြက္ေပးရန္ ေမွ်ာ္လင့္ေနၾကျခင္းျဖစ္သည္။

" လမ္းလႊဲေျပာင္းေပးေတာ့မယ္ဆိုေတာ့ အရမ္း၀မ္းသာပါတယ္။ လမ္းက ဆိုးဆိုးရြားရြားပ်က္စီးေနတာဆိုေတာ့ အစိုးရအေနနဲ႔ လမ္းကို အျမန္္ဆုံး ျပဳျပင္ေဆာင္ရြက္ေပးေစခ်င္ပါတယ္" ဟု မိုင္းဆတ္ေတာင္တန္းယာဥ္လိုင္းမွ ယာဥ္ေမာင္းတစ္ဦးကေျပာသည္။

အဆိုပါ ေဆြးေႏြးပဲြသုိ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါ၀ိဒ္ႏွင့္ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္ ဦးေဆာင္ေသာဌာနဆိုင္ရာမ်ားႏွင့္ “၀”အထူးေဒသ(၂)မွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးဆမ္ေလာ၊ ဦးေလာမိန္းႏွင့္ မိုင္းဆတ္ဆက္ဆံေရးတာ၀န္ခံ ဦးက်ခမ္းတို႔ ဦးေဆာင္ေသာ အဖဲြ႔၀င္(၅)ဦးတို႔ တက္ေရာက္ခဲ့ ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ် - တာချီလိတ်ကားလမ်းအား နိုဝင်ဘာလမကုန်မီ “ဝ”အထူးဒေသ(၂)ထံမှ လွှဲပြောင်းလက်ခံမည်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်ကို ဆက်သွယ်သည့် မိုင်းဆတ်-တာချီလိတ်ကားလမ်းကို  “ဝ” အထူးဒေသ(၂)က နိုင်ငံတော်အစိုးရသို့ နိုဝင်ဘာလမကုန်မီ လွှဲပြောင်းပေးနိုင်ရန် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် (၉) နာရီခွဲက မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နှစ်ဖက်တွေ့ဆုံံညှိနှိုင်းဆွေးနွေးပွဲတွင် သဘောတူညီလိုက်ကြောင်း သိရသည်။

"မိုင်းဆတ်-တာချီလိတ်ကားလမ်း လမ်းလွှဲပြောင်းလက်ခံနိုင်ရေးကို (၁၀)ရက်အတွင်းဆောင်ရွက်ဖို့ နှစ်ဖက် သဘောတူပြီးဖြစ်ပါတယ်။ လမ်းလွှဲပြောင်းလက်ခံဆောင်ရွက်ပြီးတာနဲ့ ခရီးသွားပြည်သူတွေ သွားလာမှုအဆင်ပြေ အောင် အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ဖို့ ဆက်လက်တင်ပြဆောင်ရွက်သွားပါမယ်"ဟု မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ပြောသည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖေါက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံနေခြင်း ဖြစ်သော်လည်း လမ်းပိုင်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်း မရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ လမ်းပိုင်း၌ ချိုင့်လမ်းဘေးရှိ ခြုံနွယ်များကြောင့် မြင်ကွင်းမရှင်း၍ ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုအန္တရာယ် မဖြစ်စေရန် ဂရုစိုက်၍ မောင်းနှင်နေရသဖြင့် ယခင်က (၄) နာရီကျော်သာ မောင်းနှင်ရသည့်ခရီးကို ယခုအခါ (၇) နာရီခန့်အထိ မောင်းနှင်နေရသည့်အတွက် ဒေသခံပြည်သူများက အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန် မျှော်လင့်နေကြခြင်းဖြစ်သည်။
" လမ်းလွှဲပြောင်းပေးတော့မယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ လမ်းက ဆိုးဆိုးရွားရွားပျက်စီးနေတာဆိုတော့ အစိုးရအနေနဲ့ လမ်းကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးစေချင်ပါတယ်" ဟု မိုင်းဆတ်တောင်တန်းယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်နှင့် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ဦးဆောင်သောဌာနဆိုင်ရာများနှင့် “ဝ”အထူးဒေသ(၂)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးဆမ်လော၊ ဦးလောမိန်းနှင့် မိုင်းဆတ်ဆက်ဆံရေးတာဝန်ခံ ဦးကျခမ်းတို့ ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~