ကယားျပည္နယ္တြင္ ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈတိုးလာေနၿပီး ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ (၂)ခုရိွေန

ကယားျပည္နယ္တြင္ ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈတိုးလာေနၿပီး ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ (၂)ခုရိွေန
နိုဝင်ဘာ 8, 2018
By 🌸
ကယားျပည္နယ္တြင္ ရင္းႏွီးျမဳပ္ႏွံမႈဖိုရမ္အၿပီး၌  ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈ (၁၀)ခုနီးပါးအထိဝင္လာေသာ္လည္း ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ (၂)ခုသာရိွေသးေၾကာင္း ကယားျပည္နယ္ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီထံမွ သိရသည္။

" ရင္းႏွီးျမဳပ္ႏွံမႈဖိတ္ေခၚဖို႔ ျပည္နယ္အစိုးရကလည္း အဆင္သင့္ရွိတယ္။  ဌာနကလည္း အဆင္သင့္ရွိပါတယ္။  ဒီဖက္က ၿငိမ္းခ်မ္းေရးလည္း အျပည့္အဝမရေသးေတာ့ လာဖို႔ကို ေတာ့ လူေတြက မဝံ့မရဲျဖစ္ေနတယ္။ ရင္းႏွီးျမဳပ္ႏွံမႈေတြကေတာ့ ဝင္လာဖို႕ရွိပါတယ္။ ေလာေလာဆယ္ေတာ့ ကိုယ့္ႏိုင္ငံသားရင္းႏွီးျမဳပ္ႏွံမႈေတြ ပိုမ်ားတာေပါ့”ဟု ကယားျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚေမမ်ဳိးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္တြင္း  ျပည္ပရင္းႏွီးျမဳပ္ႏွံမႈ (၂)ခုမွာ ယခင္အစိုးရထက္လက္က ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္မွ ခြင့္ျပဳထားသည့္ သတၱဳလုပ္ငန္းတစ္ခုႏွင့္ ယခုအစိုးရလက္ထက္ ကယားျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီက ခြင့္ျပဳေပးထားသည့္ နယ္သာလန္ အေျခစိုက္ DeHeus Myanmar Limited ၏ အေမရိကန္ေဒၚလာ သုံးသန္းေက်ာ္ရင္းႏွီးျမဳပ္ႏွံမည့္ မ်ိဳးရင္းဝက္ေမြးျမဴထုတ္လုပ္ျခင္းလုပ္ငန္းတို႔ျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္တြင္း ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ားႏွင့္ ကုမၸဏီလုပ္ငန္းမ်ား အဆင္ေျပစြာ လုပ္ကိုင္ႏုိင္ရန္အတြက္ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန ျပည္နယ္ဦးစီးမွဴးရံုးကို လြဳိင္ေကာ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္၌ စတင္ဖြင့္လွစ္ခဲ့ရာ ယခင္က ျပည္နယ္တြင္းကုမၸဏီ(၁၀၀)ေက်ာ္ရွိခဲ့ရာမွ ျပည္နယ္ဦးစီးမွဴးရံုးဖြင့္ၿပီးေနာက္ တစ္ႏွစ္ေက်ာ္ကာလအတြင္း ကုမၸဏီ (၁၀၀) ေက်ာ္ထပ္မံ၍ မွတ္ပံုတင္ထားသျဖင့္ စုစုေပါင္းကုမၸဏီ (၂၀၀)ေက်ာ္ရိွေနေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ လုပ္ေဆာင္ေနေသာ  ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအေပၚ အမွတ္ေပးအကဲျဖတ္ေနရာ ၂၀၁၈ ခုႏွစ္ ဇူလိုင္လတြင္ ကယားျပည္နယ္သည္ အဆင့္ (၅) ေနရာတြင္ ရိွေနခဲ့ေၾကာင္း သိရသည္။

ကယားျပည္နယ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို လုပ္ငန္းစတင္သည့္ (၇)ႏွစ္အတြင္း အခြန္ကင္းလြတ္ခြင့္ ေပးထားၿပီး ျပည္နယ္တြင္း ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားအား လိုအပ္သည္မ်ား ပံ့ပိုးကူညီေရးႏွင့္ လုပ္ထံုးလုပ္နည္းႏွင့္အညီျဖစ္ေစေရးအတြက္ ျပည္နယ္၏ ရင္းႏွီး ျမႇဳပ္ႏွံမႈ အစည္းအေဝးအား လစဥ္က်င္းပေနေၾကာင္း သိရသည္။

ကယားျပည္နယ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈဖိုရမ္ကို ၂၀၁၈ ခုႏွစ္ ေမလအတြင္းကက်င္းပၿပီးေနာက္ ျပည္နယ္တြင္း ဟုိတယ္လုပ္ငန္း (၉) ခု၊ ႏုိင္ငံျခားသား ရာႏႈန္းျပည့္ ရင္းႏွီးျမဳပ္ႏွံသည့္ ၀က္ေမြးျမဴေရးလုပ္ငန္း (၁) ခု စုစုေပါင္း ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း (၁၀) ခုရိွလာၿပီး ျမန္မာႏိုင္ငံသား ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္း (၂)ခုႏွင့္ ႏိုင္ငံျခားသား ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္း (၁)ခုတို႔ကိုလည္း ရင္းႏွီးျမဳပ္ႏွံခြင့္ျပဳ အတည္ျပဳမိန္႔မ်ား ထုတ္ေပးထားၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - deheus

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် ပြည်တွင်းရင်းနှီးမြုပ်နှံမှုတိုးလာနေပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၂)ခုရှိနေ
***************
ကယားပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုဖိုရမ်အပြီး၌  ပြည်တွင်းရင်းနှီးမြုပ်နှံမှု (၁၀)ခုနီးပါးအထိဝင်လာသော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၂)ခုသာရှိသေးကြောင်း ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။
" ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်ဖို့ ပြည်နယ်အစိုးရကလည်း အဆင်သင့်ရှိတယ်။  ဌာနကလည်း အဆင်သင့်ရှိပါတယ်။  ဒီဖက်က ငြိမ်းချမ်းရေးလည်း အပြည့်အဝမရသေးတော့ လာဖို့ကို တော့ လူတွေက မဝံ့မရဲဖြစ်နေတယ်။ ရင်းနှီးမြုပ်နှံမှုတွေကတော့ ဝင်လာဖို့ရှိပါတယ်။ လောလောဆယ်တော့ ကိုယ့်နိုင်ငံသားရင်းနှီးမြုပ်နှံမှုတွေ ပိုများတာပေါ့”ဟု ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်တွင်း  ပြည်ပရင်းနှီးမြုပ်နှံမှု (၂)ခုမှာ ယခင်အစိုးရထက်လက်က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားသည့် သတ္တုလုပ်ငန်းတစ်ခုနှင့် ယခုအစိုးရလက်ထက် ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီက ခွင့်ပြုပေးထားသည့် နယ်သာလန် အခြေစိုက် DeHeus Myanmar Limited ၏ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ရင်းနှီးမြုပ်နှံမည့် မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။
ပြည်နယ်တွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ကုမ္ပဏီလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးကို လွိုင်ကော်မြို့တွင် ၂၀၁၇ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ရာ ယခင်က ပြည်နယ်တွင်းကုမ္ပဏီ(၁၀၀)ကျော်ရှိခဲ့ရာမှ ပြည်နယ်ဦးစီးမှူးရုံးဖွင့်ပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ကုမ္ပဏီ (၁၀၀) ကျော်ထပ်မံ၍ မှတ်ပုံတင်ထားသဖြင့် စုစုပေါင်းကုမ္ပဏီ (၂၀၀)ကျော်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ဆောင်နေသော  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် အမှတ်ပေးအကဲဖြတ်နေရာ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကယားပြည်နယ်သည် အဆင့် (၅) နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ငန်းစတင်သည့် (၇)နှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ပေးထားပြီး ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား လိုအပ်သည်များ ပံ့ပိုးကူညီရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေးအတွက် ပြည်နယ်၏ ရင်းနှီး မြှုပ်နှံမှု အစည်းအဝေးအား လစဉ်ကျင်းပနေကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၈ ခုနှစ် မေလအတွင်းကကျင်းပပြီးနောက် ပြည်နယ်တွင်း ဟိုတယ်လုပ်ငန်း (၉) ခု၊ နိုင်ငံခြားသား ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံသည့် ဝက်မွေးမြူရေးလုပ်ငန်း (၁) ခု စုစုပေါင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၁၀) ခုရှိလာပြီး မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု လုပ်ငန်း (၂)ခုနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကိုလည်း ရင်းနှီးမြုပ်နှံခွင့်ပြု အတည်ပြုမိန့်များ ထုတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - deheus
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~