ျမန္မာႏိုင္ငံမွ အိမ္တြင္းအလွဆင္၊ အိမ္တြင္း အထည္လိပ္ထုတ္ကုန္မ်ားအား EU (၂၈) ႏိုင္ငံသို႔ ေစ်းကြက္တင္ႏိုင္ေရး (၄)ႏွစ္တာစီမံကိန္းေဆာင္ရြက္မည္

ျမန္မာႏိုင္ငံမွ အိမ္တြင္းအလွဆင္၊ အိမ္တြင္း အထည္လိပ္ထုတ္ကုန္မ်ားအား EU (၂၈) ႏိုင္ငံသို႔ ေစ်းကြက္တင္ႏိုင္ေရး (၄)ႏွစ္တာစီမံကိန္းေဆာင္ရြက္မည္
နိုဝင်ဘာ 21, 2018
By Tachileik News Agency

ျမန္မာႏိုင္ငံမွ အိမ္တြင္းအလွဆင္ထုတ္ကုန္ႏွင့္ အိမ္တြင္းအထည္လိပ္တို႔ကို EU (၂၈) နုိင္ငံသို႔တင္ပို႔ႏုိင္ေရး အတြက္ ပို႔ကုန္အဆင့္ျမႇင့္တင္ျခင္းသင္တန္းပံ့ပိုးျခင္းႏွင့္ ခ်ိတ္ဆက္တင္ပို႔ႏုိင္ေရး ပံ့ပိုးေပးမည့္ (၄)ႏွစ္တာ စီမံကိန္းကို  နယ္သာလန္ႏိုင္ငံအေျခစိုက္ Center for the promotion of imports from Developing Countries(CBI) အဖြဲ႕အစည္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာတစ္ျပည္လံုးမွာရွိတဲ့ အိမ္တြင္းအလွဆင္၊ အိမ္တြင္းအထည္အလိပ္လုပ္ငန္းမ်ားနဲ႔ ပတ္သက္တဲ့ စီးပြားေရးက႑မွာရွိတဲ့ လုပ္ငန္းေတြကုိ (၄) နွစ္တာအစီအစဥ္နဲ႔ အီးယူ(၂၈)ႏိုင္ငံကို ပို႔ကုန္ တင္သြင္းလွ်က္ရိွတဲ့ လုပ္ငန္းရွင္ (သို႔မဟုတ္) ပုိ႔ကုန္ တင္သြင္းလုိတဲ့ လုပ္ငန္းမ်ားအတြက္ အီးယူနုိ္င္ငံမ်ားက ဝယ္ယူလုိသူမ်ားနဲ႔ တုိ္က္ရုိက္ ခ်ိတ္ဆက္ေပးႏိုင္ဖို႔ ကူညီပံ့ပုိးေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္”ဟု နယ္သာလန္ႏိုင္ငံအေျခစိုက္ Center for the promotion of imports from Developing Countries(CBI) အဖြဲ႕အစည္း၏ ျမန္မာနုိ္င္ငံဆုိင္ရာကၽြမ္းက်င္သူ ေဒၚသက္ဆုလိႈင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဧည့္ခန္းသံုး၊ စားေသာက္ခန္းမသံုး၊ မီးဖုိေခ်ာင္သံုး၊ ေရခ်ိဳးခန္းသံုး အသံုးအေဆာင္ပစၥည္းႏွင့္ အထည္ အလိပ္မ်ား ထုတ္လုပ္သည့္လုပ္ငန္းရွင္မ်ားအား ဥပေရာသမဂၢအဖြဲ႕ဝင္ႏုိင္ငံမ်ား၏ေစ်းကြက္လုိအပ္ခ်က္နွင့္ ကုိက္ညီေသာ ေစ်းကြက္ဝင္ပစၥည္းမ်ားအျဖစ္  ထုတ္လုပ္နုိင္ရန္ သင္တန္းပို႔ခ်သင္ၾကားျခင္း၊ ေစ်းကြက္တင္ရန္ အဆင္သင့္ျဖစ္ပါက ကမၻာ့အႀကီးဆံုး ကုန္စည္ျပပြဲမ်ားသို႔ (၃) ႀကိမ္ေခၚေဆာင္ၿပီး ဝယ္ယူသူမ်ားႏွင့္ တိုက္ရိုက္ေတြ႔ဆံုေပးျခင္းတုိ႔ကို ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“စီမံကိန္းအစပိုင္း အီးယူကုန္စည္ျပပြဲကို(၃)ႀကိမ္ ေခၚေဆာင္တဲ့အခါမွာ လုပ္ငန္းရွင္ကို ကုန္က်မႈရိွေစမွာ မဟုတ္ဘဲ ေလယာဥ္ခနဲ႔ ဟိုတယ္တည္းခို၊ စားေသာက္စရိတ္ေတြကို CBI က က်ခံေပးမွာျဖစ္ၿပီး ပရိုဂရမ္ ေနာက္ဆံုးပိုင္း ကမၻာ့အႀကီးဆံုးကုန္စည္ျပပြဲကို ေခၚေဆာင္တဲ့အခါမွာေတာ့  ခင္းက်င္းျပသဖို႔အတြက္ ကုန္က်စရိတ္ကို (CBI) နယ္သာလန္က အကုန္အက်ခံၿပီး လုပ္ငန္းရွင္မ်ားဘက္က ေလယာဥ္စရိတ္၊ တည္းခုိစားေသာက္စရိတ္ က်ခံရမွာျဖစ္ပါတယ္။ လုပ္ငန္းရွင္ေတြဆီက လုပ္ငန္းနဲ႔ကုိက္ညီတဲ့ ေလ်ာက္လႊာေတြ တင္လာၿပီဆုိရင္ CBI က သတ္မွတ္ထားတဲ့ စံနႈန္းေတြနဲ႔အညီ တစ္ျပည္လံုး အတုိင္းအတာနဲ႔ဆို လုပ္ငန္းရွင္(၂၀)ကေန(၃၀) အထိ ေရြးခ်ယ္သြားဖုိ႔ရွိပါတယ္”ဟု ေဒၚသက္ဆုလိႈင္က ေျပာသည္။

လက္ရိွတြင္ အဆိုပါ စီမံကိန္းအေၾကာင္း အသိေပး ရွင္းလင္းျခင္းမ်ားကို လိုက္လံေဆာင္ရြက္ေနျခင္းျဖစ္ရာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၉)ရက္ေန႔က မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ရံုး အစည္းအေဝးခန္းမတြင္ မေကြးတုိင္းအတြင္းမွ ဝါးလက္မႈလုပ္ငန္း၊ Home decoration၊ ခ်ည္ထည္လုပ္ငန္း၊ အိပ္ခန္းသံုးပစၥည္း လုပ္ငန္း၊ လက္ကိုင္အိတ္လုပ္ငန္း၊ အုန္း လက္မႈလုပ္ငန္းႏွင့္ ဖိနပ္လုပ္ငန္းရွင္ စုစုေပါင္း (၆၀)ဦးခန္႔ကို ေတြ႔ဆံုခဲ့ျခင္းျဖစ္သည္။

စီမံကိန္းအေၾကာင္း လုပ္ငန္းရွင္မ်ားအား အသိေပးရွင္းလင္းျခင္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာ(၁၂)ရက္ေန႔မွစတင္၍ လုပ္ေဆာင္ေနရာ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးႏွင့္ အင္းေလးတြင္လည္းေကာင္း၊ မႏၱေလးၿမိဳ႕တြင္လည္းေကာင္း ရွင္းလင္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံမှ အိမ်တွင်းအလှဆင်ထုတ်ကုန်နှင့် အိမ်တွင်းအထည်လိပ်တို့ကို EU (၂၈) နိုင်ငံသို့တင်ပို့နိုင်ရေး အတွက် ပို့ကုန်အဆင့်မြှင့်တင်ခြင်းသင်တန်းပံ့ပိုးခြင်းနှင့် ချိတ်ဆက်တင်ပို့နိုင်ရေး ပံ့ပိုးပေးမည့် (၄)နှစ်တာ စီမံကိန်းကို နယ်သာလန်နိုင်ငံအခြေစိုက် Center for the promotion of imports from Developing Countries(CBI) အဖွဲ့အစည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အိမ်တွင်းအလှဆင်၊ အိမ်တွင်းအထည်အလိပ်လုပ်ငန်းများနဲ့ ပတ်သက်တဲ့ စီးပွားရေးကဏ္ဍမှာရှိတဲ့ လုပ်ငန်းတွေကို (၄) နှစ်တာအစီအစဉ်နဲ့ အီးယူ(၂၈)နိုင်ငံကို ပို့ကုန် တင်သွင်းလျှက်ရှိတဲ့ လုပ်ငန်းရှင် (သို့မဟုတ်) ပို့ကုန် တင်သွင်းလိုတဲ့ လုပ်ငန်းများအတွက် အီးယူနို်င်ငံများက ဝယ်ယူလိုသူများနဲ့ တို်က်ရိုက် ချိတ်ဆက်ပေးနိုင်ဖို့ ကူညီပံ့ပိုးထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်”ဟု နယ်သာလန်နိုင်ငံအခြေစိုက် Center for the promotion of imports from Developing Countries(CBI) အဖွဲ့အစည်း၏ မြန်မာနို်င်ငံဆိုင်ရာကျွမ်းကျင်သူ ဒေါ်သက်ဆုလှိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဧည့်ခန်းသုံး၊ စားသောက်ခန်းမသုံး၊ မီးဖိုချောင်သုံး၊ ရေချိုးခန်းသုံး အသုံးအဆောင်ပစ္စည်းနှင့် အထည် အလိပ်များ ထုတ်လုပ်သည့်လုပ်ငန်းရှင်များအား ဥပရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ဈေးကွက်ဝင်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရန် သင်တန်းပို့ချသင်ကြားခြင်း၊ ဈေးကွက်တင်ရန် အဆင်သင့်ဖြစ်ပါက ကမ္ဘာ့အကြီးဆုံး ကုန်စည်ပြပွဲများသို့ (၃) ကြိမ်ခေါ်ဆောင်ပြီး ဝယ်ယူသူများနှင့် တိုက်ရိုက်တွေ့ဆုံပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းအစပိုင်း အီးယူကုန်စည်ပြပွဲကို(၃)ကြိမ် ခေါ်ဆောင်တဲ့အခါမှာ လုပ်ငန်းရှင်ကို ကုန်ကျမှုရှိစေမှာ မဟုတ်ဘဲ လေယာဉ်ခနဲ့ ဟိုတယ်တည်းခို၊ စားသောက်စရိတ်တွေကို CBI က ကျခံပေးမှာဖြစ်ပြီး ပရိုဂရမ် နောက်ဆုံးပိုင်း ကမ္ဘာ့အကြီးဆုံးကုန်စည်ပြပွဲကို ခေါ်ဆောင်တဲ့အခါမှာတော့ ခင်းကျင်းပြသဖို့အတွက် ကုန်ကျစရိတ်ကို (CBI) နယ်သာလန်က အကုန်အကျခံပြီး လုပ်ငန်းရှင်များဘက်က လေယာဉ်စရိတ်၊ တည်းခိုစားသောက်စရိတ် ကျခံရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေဆီက လုပ်ငန်းနဲ့ကိုက်ညီတဲ့ လျောက်လွှာတွေ တင်လာပြီဆိုရင် CBI က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့အညီ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆို လုပ်ငန်းရှင်(၂၀)ကနေ(၃၀) အထိ ရွေးချယ်သွားဖို့ရှိပါတယ်”ဟု ဒေါ်သက်ဆုလှိုင်က ပြောသည်။

လက်ရှိတွင် အဆိုပါ စီမံကိန်းအကြောင်း အသိပေး ရှင်းလင်းခြင်းများကို လိုက်လံဆောင်ရွက်နခြေင်းဖြစ်ရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မကွေးတိုင်းအတွင်းမှ ဝါးလက်မှုလုပ်ငန်း၊ Home decoration၊ ချည်ထည်လုပ်ငန်း၊ အိပ်ခန်းသုံးပစ္စည်း လုပ်ငန်း၊ လက်ကိုင်အိတ်လုပ်ငန်း၊ အုန်း လက်မှုလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းရှင် စုစုပေါင်း (၆၀)ဦးခန့်ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအကြောင်း လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ(၁၂)ရက်နေ့မှစတင်၍ လုပ်ဆောင်နေရာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနှင့် အင်းလေးတွင်လည်းကောင်း၊ မန္တလေးမြို့တွင်လည်းကောင်း ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~