
နိုဝငျဘာ 16, 2018
By 🌸
သတင်း #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ unicode ~~~~~~~~

ဒီးမော့ဆိုမြို့နယ် ပတိုငံကျေးရွာတွင် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား
************
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ နှင့် (၇)မိုင်ဝန်းကျင်အကွာရှိ ဆောင်ဒူလာကျေးရွာအုပ်စု၊ ပတိုငံကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က မီးကြွင်းမီးကျန်မှတစ်ဆင့်  မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ်တစ်လုံး ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့များနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ ရွာသားများ ပူးပေါင်းငြိမ်းသတ်ခဲ့ကြရာ မီးငြိမ်းသတ်ခဲ့ရာ နေ့လယ်(၁၂)နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးပျက်စီးဆုံးရှုံးသွားပြီး နေအိမ်ပိုင်ရှင် ဦးဖဲဘူးကို  ဒီးမော့ဆိုမြို့မ ရဲစခန်းတွင် (ပ) ၅၅ /၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~