ကယားျပည္နယ္ရိွ ကုမၸဏီ (၁၅၀)ေက်ာ္ မွတ္ပံုတင္စနစ္သစ္ျဖင့္ ျပန္လည္မွတ္ပံုတင္ရန္ က်န္ရိွေန

ကယားျပည္နယ္ရိွ ကုမၸဏီ (၁၅၀)ေက်ာ္ မွတ္ပံုတင္စနစ္သစ္ျဖင့္ ျပန္လည္မွတ္ပံုတင္ရန္ က်န္ရိွေန
နိုဝင်ဘာ 11, 2018
By 🌸
ကုမၸဏီမ်ားအေနျဖင့္ အီလက္ထေရာနစ္မွတ္ပုံတင္စနစ္ျဖင့္ ျပန္လည္မွတ္ပုံတင္ရန္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လမွစ၍ အသိေပးေၾကညာထားၿပီးေနာက္ ႏိုဝင္ဘာလ (၇)ရက္ေန႔အထိကာလအတြင္း ကယားျပည္နယ္တြင္းရွိ ကုမၸဏီ (၂၀၀)ေက်ာ္အနက္ ကုမၸဏီ(၅၅)ခုသာ ျပန္လည္မွတ္ပံုတင္ထားေၾကာင္း သိရသည္။

" ထပ္ၿပီးအသိေပး အေၾကာင္းၾကားပါအုံးမယ္။ အသစ္ေတြလည္း လာတင္ၾကတာရွိတယ္။ အရင္တင္ၿပီးထားတဲ့ ကုမၸဏီေတြလည္း အကုန္ဒီစနစ္နဲ႔ မွတ္ပုံျပန္တင္ရမွာေပါ့။ ဥပေဒအသစ္နဲ႔ မွတ္ပုံျပန္တင္ရတာဆိုေတာ့ အခက္အခဲရွိလည္း ကိုယ္တိုင္လာၿပီး ေျပာလို႔ရပါတယ္။ ဌာနအေနနဲ႔ ကူညီေပးဖို႔ အဆင္သင့္ပါ " ဟု ကယားျပည္နယ္ရင္းႏွီးျမဳပ္ႏွံမႈေကာ္မတီ အတြင္းေရးမွဴး၊ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာန၊ ညႊန္ၾကားေရးမွဴး ေဒၚေမမ်ိဳးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံကုမၸဏီမ်ားဥပေဒ ၂၀၁၇ အရ ၂၀၁၈ ၾသဂုတ္လမွစ၍ ကုမၸဏီဆိုင္ရာမွတ္ပုံတင္ျခင္းလုပ္မ်ားအား မွတ္ပုံတင္စနစ္သစ္ျဖစ္သည့္ အီလက္ထေရာနစ္မွတ္ပုံတင္စနစ္ (MyCo ) ျဖင့္ တည္ဆဲကုမၸဏီမ်ားႏွင့္ အသစ္မွတ္ပုတ္ပုံတင္မည့္သူမ်ား ျပန္လည္မွတ္ပုံတင္သြားၾကရမည္ျဖစ္သည္။

ျမန္မာႏုိင္ငံ ကုမၸဏီမ်ားအက္ဥပေဒ ၁၉၁၄ သို႔မဟုတ္ ၁၉၅၀ ျပည့္ႏွစ္အထူးကုမၸဏီအက္ဥပေဒျဖင့္ မွတ္ပုံတင္ထားသည့္ တည္ဆဲကုမၸဏီ၊ အသင္းအဖြဲ႔မ်ားအေနျဖင့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁) ရက္ကစတင္ၿပီး ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ (၃၁) ရက္အထိ (၆) လတာကာလအတြင္း ကုမၸဏီမွတ္ပံုတင္စနစ္သစ္ (MyCo) တြင္ ျပန္လည္မွတ္ပံုတင္ၾကရမည္ျဖစ္သည္။

တည္ဆဲကုမၸဏီ၊ အသင္းအဖြဲ႕မ်ားအေနျဖင့္ ယင္းကဲ့သို႔ျပန္လည္မွတ္ပံုတင္ရာတြင္ အခေၾကးေငြေပးသြင္းရန္ မလိုအပ္ဘဲ မွတ္ပုံတင္သက္တမ္း ပ်က္ၿပီးသားကုမၸဏီမ်ားအေနျဖင့္ ျပန္လည္မွတ္ပုံတင္ရာတြင္ ကုမၸဏီဥပေဒအရ မွတ္ပုံတင္ေၾကး က်ပ္ (၂၅၀၀၀၀) ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ယခင္က ကုမၸဏီမ်ားအေနျဖင့္ (၅)ႏွစ္တစ္ႀကိမ္ သက္တမ္းတိုးရန္လိုအပ္ေသာ္လည္း ဥပေဒသစ္အရ ကုမၸဏီသက္တမ္း တိုးစရာမလိုအပ္ေတာ့သည့္အျပင္ ျပန္လည္မွတ္ပံုတင္သည့္ကုမၸဏီ မွတ္ပံုတင္နံပါတ္ႏွင့္ အခြန္မွတ္ပံုတင္နံပါတ္တို႔မွာ တစ္ခုတည္းျဖစ္ၿပီး အခြန္မွတ္ပံုတင္တစ္ပါတည္းလုပ္ေဆာင္ၿပီး ျဖစ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်ရှိ ကုမ္ပဏီ (၁၅၀)ကျော် မှတ်ပုံတင်စနစ်သစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိနေ
****************
ကုမ္ပဏီများအနေဖြင့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှစ၍ အသိပေးကြေညာထားပြီးနောက် နိုဝင်ဘာလ (၇)ရက်နေ့အထိကာလအတွင်း ကယားပြည်နယ်တွင်းရှိ ကုမ္ပဏီ (၂၀၀)ကျော်အနက် ကုမ္ပဏီ(၅၅)ခုသာ ပြန်လည်မှတ်ပုံတင်ထားကြောင်း သိရသည်။

" ထပ်ပြီးအသိပေး အကြောင်းကြားပါအုံးမယ်။ အသစ်တွေလည်း လာတင်ကြတာရှိတယ်။ အရင်တင်ပြီးထားတဲ့ ကုမ္ပဏီတွေလည်း အကုန်ဒီစနစ်နဲ့ မှတ်ပုံပြန်တင်ရမှာပေါ့။ ဥပဒေအသစ်နဲ့ မှတ်ပုံပြန်တင်ရတာဆိုတော့ အခက်အခဲရှိလည်း ကိုယ်တိုင်လာပြီး ပြောလို့ရပါတယ်။ ဌာနအနေနဲ့ ကူညီပေးဖို့ အဆင်သင့်ပါ " ဟု ကယားပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ၂၀၁၈ သြဂုတ်လမှစ၍ ကုမ္ပဏီဆိုင်ရာမှတ်ပုံတင်ခြင်းလုပ်များအား မှတ်ပုံတင်စနစ်သစ်ဖြစ်သည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ် (MyCo ) ဖြင့် တည်ဆဲကုမ္ပဏီများနှင့် အသစ်မှတ်ပုတ်ပုံတင်မည့်သူများ ပြန်လည်မှတ်ပုံတင်သွားကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ်အထူးကုမ္ပဏီအက်ဥပဒေဖြင့် မှတ်ပုံတင်ထားသည့် တည်ဆဲကုမ္ပဏီ၊ အသင်းအဖွဲ့များအနေဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁) ရက်ကစတင်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၃၁) ရက်အထိ (၆) လတာကာလအတွင်း ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် (MyCo) တွင် ပြန်လည်မှတ်ပုံတင်ကြရမည်ဖြစ်သည်။

တည်ဆဲကုမ္ပဏီ၊ အသင်းအဖွဲ့များအနေဖြင့် ယင်းကဲ့သို့ပြန်လည်မှတ်ပုံတင်ရာတွင် အခကြေးငွေပေးသွင်းရန် မလိုအပ်ဘဲ မှတ်ပုံတင်သက်တမ်း ပျက်ပြီးသားကုမ္ပဏီများအနေဖြင့် ပြန်လည်မှတ်ပုံတင်ရာတွင် ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်ကြေး ကျပ် (၂၅၀၀၀၀) ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ကုမ္ပဏီများအနေဖြင့် (၅)နှစ်တစ်ကြိမ် သက်တမ်းတိုးရန်လိုအပ်သော်လည်း ဥပဒေသစ်အရ ကုမ္ပဏီသက်တမ်း တိုးစရာမလိုအပ်တော့သည့်အပြင် ပြန်လည်မှတ်ပုံတင်သည့်ကုမ္ပဏီ မှတ်ပုံတင်နံပါတ်နှင့် အခွန်မှတ်ပုံတင်နံပါတ်တို့မှာ တစ်ခုတည်းဖြစ်ပြီး အခွန်မှတ်ပုံတင်တစ်ပါတည်းလုပ်ဆောင်ပြီး ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~